𝓥𝓪𝓷𝓼 𝓗𝓸𝓶𝓶𝓲𝓮

โทร เส้นทาง ติดต่อ ธุรกิจของเรา

𝓥𝓪𝓷𝓼 𝓗𝓸𝓶𝓶𝓲𝓮 Hello My Dears

30/08/2025

အဖွဲ့အမည် - Prime In Modern
ကျောင်းအမည် - CDC

အားလုံးပဲမင်္ဂလာပါရှင် လက်ရှိကျွန်မတို့နေထိုင်တဲ့ကမ္ဘာပေါ်မှာ အများဆုံးမြင်တွေ့နေရပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့အမှိုက်ကဘာလဲလို့မေးခွန်းထုတ်လိုက်ရင် plastic လို့ပြန်ဖြေကြမယ့်သူတွေကတော့ရာခိုင်နှုန်းပိုများမှာဖြစ်ပါတယ်။ plastic ဆိုတာက Chemical တွေအများဆုံးအသုံးပြုထားတဲ့အတွက် နှစ်ပေါင်းများစွာကြာတဲ့အထိဆွေးမြေ့ဖို့ခက်ခဲပါတယ်။ ကျွန်မတို့လက်လွတ်စပယ်စွန့်ပစ်လိုက်တယ်အမှိုက်တွေကသဘာဝပတ်ဝန်းကျင်ရဲ့လေထု၊‌ ရေထုနဲ့ မြေထုကိုအင်မတန်မှအကျည်းတန်စေပါတယ်။ ဒါတင်မကပဲထိုနေရာမှာရှိတဲ့သတ္တဝါတွေကိုလည်း အန္တရာယ်ပြုထိခိုက်စေနိုင်ပါသေးတယ်ရှင် ။ ကဲ ဒါဆိုရင်ကျွန်မတို့ကဒီလို အန္တရာယ်ရှိပြီးထိခိုက်စေနိုင်တဲ့အမှိုက်တွေကို ဘယ်လိုဖြေရှင်းကြမလဲ ? ။ အခုပြောမယ့်အကြောင်းအရာကိုကမ္ဘာပေါ်မှာရှိတဲ့တစ်ဦးတစ်ယောက်စီတိုင်းရဲ့အမြင်ထဲ ၊နားထဲကိုရောက်စေချင်မိပါတယ်ရှင်။ ကျွန်မတို့တွေကမလိုတော့ဘဲစွန့်ပစ်မယ်ဆိုရင်လည်းစနစ်တကျစွန့်ပစ်ဖို့အနေနဲ့တိုက်တွန်းချင်ပါတယ်။ နောက်ပြီးပြန်လည်အသုံးပြုနိုင်တဲ့အမှိုက်များကိုလည်းလူသားတွေအတွက်အသုံးဝင်တဲ့ပစ္စည်းတွေအဖြစ်ဖန်တီးနိုင်တာကြောင့် ကျမကတော့ plastic တွေနဲ့ပြန်လည်ဖန်တီးနိုင်ကြောင်းကို ဒီနည်းလမ်းလေးနဲ့ချပြချင်ပါတယ်ရှင်။ ဒီရက်တွေမှာကျွန်မတို့လူငယ်တွေစုပြီး "ပလက်စတစ်ဆိုဝေး" ကနေပြုလုပ်ပေးတဲ့ ပြိုင်ပွဲအတွက် plastic အမှိုက်ကနေ ပြန်လည်အသုံးဝင်နိုင်မယ့်ဝတ်စုံတစ်ထည်ကိုဖန်တီးခဲ့ကြပါတယ် ။ ဖန်တီးရတဲ့ရည်ရွယ်ချက်ကတော့ ပြိုင်ပွဲမှာဆုရခြင်းထက် ကျမတို့ဝတ်စုံမှာအသုံးပြုထားတဲ့ Plastic အမှိုက်တွေဟာ စွန့်ပစ်အသုံးမလိုတော့ခြင်းမှပြန်လည်တီထွင်ဖန်တီးပြီးအသုံးချနိုင်ကြောင်းကိုသိရှိစေချင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ကျမတို့တွေဟာသုံးစွဲလို့သုံးစွဲနေမှန်းမသိလိုက်ရတဲ့ Plastic တွေကိုလွန်စွာအသုံးပြုမိနေကြပါတယ်။ ဒါ့အပြင်အမှိုက်များကိုစည်းကမ်းမဲ့စွာစွန့်ပစ်လိုက်ခြင်းကြောင့် ရေနေသတ္တဝါများ ၊ ကုန်းနေသတ္တဝါများ စသဖြင့်ထိခိုက်သေကြေပျက်စီးခြင်းများလည်းနေ့စဉ်နှင့်အမျှရင်ဆိုင်နေကြရပါတယ်။ ဒါ့ကြောင့် ပလက်စတစ်အသုံးပြုခြင်းတွေကို အတတ်နိုင်ဆုံးလျှော့ချပြီးသဘာဝပတ်ဝန်းကျင်ကိုညစ်ညမ်းမှုနည်းပါးအောင်လုပ်ဆောင်စေချင်ပါတယ်ရှင်။ ကျမ‌တို့ဖန်တီးထားတဲ့ Recycle ဝတ်စုံဟာ ကမ္ဘာကြီးပေါ်တွင် Plastic သုံးစွဲမှုများပြားခြင်းကိုလျှော့ချဖို့အတွက်ရည်ရွယ်ခြင်းပဲဖြစ်ပါတယ်ရှင်။ ကျမတို့ပတ်ဝန်းကျင်မှာလူတိုင်းလိုလို Plastic အမှိုက်များကိုနေ့စဉ်သုံးစွဲစွန့်ပစ်နေကြပါတယ်။ ဒါကြောင့်ပဲကမ္ဘာကြီးပူနွေးလာတာနဲ့အမျှ Plastic များမှထွက်တဲ့ဓာတုဓါတ်ငွေ့တွေဟာ လေထုကိုညစ်ညမ်းလာပြီးလူသားတွေအတွက်အန္တရာယ်ရှိနိုင်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့အလှတရားများမှာလည်းအချိန်နဲ့အမျှထိခိုက်လာနေတဲ့အတွက်ကြောင့်ကျမတို့က ကမ္ဘာပေါ်ရှိအလှတရားအားလုံးကို ပန်းရောင်အဖြစ်ကိုယ်စားပြုပြီး Plastic မှထွက်သောဓါတုဓါတ်ငွေ့များကိုခဲရောင်အဖြစ်ကိုယ်စားပြုထားကာ ကမ္ဘာကြီးပူနွေးလာကြောင်းကို ရွှေရောင်သွေးကြောများနဲ့အတူအရောင်ရောစပ်ထားပါတယ်။ နောက်ပြီး Plastic ရေသန့်ဗူးခွံများကိုမိခင်ကမ္ဘာလုံးသဏ္ဍာန်စက်ဝိုင်းပုံစံလေများညှပ်ပြီးဖော်ပြထားပါတယ်ရှင်။ ဝတ်စုံရဲ့ဖန်တီးမှုကို ကျမတို့လူငယ် (၅) ယောက်ရဲ့အတွေးများနဲ့အတူအတူတကွဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ပြီးဖန်တီးထားကြပါတယ်။ ဝတ်စုံဖန်တီးလိုက်ခြင်းအားဖြင့် Plastic အမှိုက်တွေကလည်းလူသားတို့အတွက်အသုံးဝင်ပြီး သင့်တင့်လှပတဲ့ Recycle ပစ္စည်းအဖြစ်အသုံးပြုနိုင်ကြောင်း ကမ္ဘာပေါ်ရှိလူသားများကိုပြန်လည်ချပြလိုက်ပါတယ်ရှင်။

*****************************************************

ပြန်လည်အသုံးပြု ဆန်းသစ်ဖန်တီးမှု ပြိုင်ပွဲ “Say No to Plastic (ပလပ်စတစ်ဆိုဝေး!) Online Voting!!!

အွန်လိုင်း Voting ကို ယနေ့မှစ၍ စက်တင်ဘာလ ၅ရက်၊ 2025 ခုနှစ် (ညနေ ၅ နာရီထိ) နောက်ဆုံးထားပြီး မိမိကြိုက်နှစ်သက်ရာ ပုံကို Like & Share ပြုလုပ်ပေးခြင်းအားဖြင့် Voting ပေးနိုင်ပါသည်။
အွန်လိုင်း Voting အမှတ်။ ။ Like (1 mark) Share (2 marks)
အွန်လိုင်းမှ ရရှိသော စုစုပေါင်းရမှတ်၏ 50% နှင့် ဒိုင်များ၏အကဲဖြတ်ရလဒ် 50% ပေါင်း၍ ဆုများကို အကဲဖြတ်သွားမည်ဖြစ်သည်။

မှတ်ချက်။ ။ ပြိုင်ပွဲဝင်များထဲမှ အမှတ်အများဆုံးရရှိသော အဖွဲ့ (၂၀) ကိုသာရွေးချယ်၍ လာမည့် 15ရက်နေ့ Rays of Youth လူငယ်များနေ့ပွဲတော် ဖက်ရှင်ရှိုးပြိုင်ပွဲတွင် ပါဝင်တက်ရောကက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ပါသည်။

မေမေ့ သားချောလေး Van Vans 👀🫶💜
02/02/2023

မေမေ့ သားချောလေး Van Vans 👀🫶💜



02/02/2023

မေမေတို့ အ၀တ်စဉ်ကို ၀င်ကိုက်တာ ထိန်းမရဗျာ သားVans တယောက်ကိုလဲ 🥹🫶❣️



02/02/2023

သားသား Vans ကော်‌ဇောတေ ကိုက်ဖြဲလို့ မေမေက တုတ်တချောင်းနဲ့ ဆူနေတာကို ပြန်ပြောနေပါလေရဲ့ဗျာ 🥹🫶❣️



29/01/2023

သားသား လေး နဲ့ မေမေCath နဲ့ အိတ်ထုတ်လေး လုတိုင်းဆော့ 😆💜
သားသား အိတ်လေး ပြန်ပေးပါတဲ့ တောင်းနေရှာတာ🤗💜



သားသား က မေမေတို့ အ၀တ်ဗီဒိုအောက်ထဲ၀င်ဆော့ရတာသိပ်ကြိုက်တာပါ ဗျာ 🥹😆💜
29/01/2023

သားသား က မေမေတို့ အ၀တ်ဗီဒိုအောက်ထဲ၀င်ဆော့ရတာသိပ်ကြိုက်တာပါ ဗျာ 🥹😆💜



သားသားလေး ကိုမေ့နေကြပီလား ရှင့် ကိုကိုမမ ဦးဦး ဒေါ်ဒေါ်တို့ရေ ခင်ဗျ 🤗💜သားသား မေမေတို့ အလုပ်မအားတာနဲ့ သားပုံလေးတေ လာမတင်ဖစ...
29/01/2023

သားသားလေး ကိုမေ့နေကြပီလား ရှင့် ကိုကိုမမ ဦးဦး ဒေါ်ဒေါ်တို့ရေ ခင်ဗျ 🤗💜
သားသား မေမေတို့ အလုပ်မအားတာနဲ့ သားပုံလေးတေ လာမတင်ဖစ်တာပါလို့ ခုပြန်လာပါပီဗျ 🤗💜



20/01/2023

အမောင် vans တို့နဲ့အိမ်မှာအတူနေရတာများလွတ်လပ်နေရောဘဲခြေမချရဲလက်မချရဲ 🥹🥺

အပြင်သွားလို့သူ့မ​ခေါ်ရင်ပြန်ရောက်တာနဲ့လိုက်မဲပီဘဲ 🤧


19/01/2023

သားသားကို တတိယ အကြိမ်မြောက်ရေချိုးပေးခါနီးလေးကပါ 🤗
သားလေးက အမွှေးလေးတေ ရှည်လာတော့ ကြာတော့ လုံးလာ‌ ရော ကြမ်းလဲကြမ်းလာမှာဆိုးတာကြောင့် တယောကင်းပွန်းနဲ့ အမွှေးလေးတေကို သေချာ လိမ်းပီးမှ ဆေးချပီး ချိုးပေးဖစ်ပါတယ်ရယ် 🥹💞


19/01/2023

သားသားလေးကို Snack food လေးတေလဲ ကောင်းကောင်းလေးတေ သေချာ မှာကျွေးဖစ်တယ် သူတို့လေးတေ ရဲ့Snack လေးတေ ကလဲ ပုံလေးတေက အစ တကယ် စိတ်၀င်စားစရာ စားးချင်စရာပါပဲရယ် 🥹🤣💞



ที่อยู่

Bangkok
63120

เบอร์โทรศัพท์

+66992272503

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ 𝓥𝓪𝓷𝓼 𝓗𝓸𝓶𝓶𝓲𝓮 โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง 𝓥𝓪𝓷𝓼 𝓗𝓸𝓶𝓶𝓲𝓮:

ทางลัด

แชร์