Dr.72 - Animal Health

Dr.72 - Animal Health အွန်လိုင်း တိရစ္ဆာန်ဆေးကုခန်း

ဖွင့်ချိန် မြန်မာစံတော်ချိန်
နံနက် ၉း၀၀ နာရီ မှ
ည နံနက် ၄း၀၀ နာရီထိ

အိမ်ကတိလေးတွေရဲ့ စားသောက်မှုပုံစံနဲ့ ပတ်သတ်ပြီး မေးခွန်းလေးတွေ ဖြေကြည့်ကြရအောင်  🐶🐱 အိမ်က တိလေးတွေကို - တစ်နေ့မှာ ဘယ်နှစ...
25/08/2026

အိမ်ကတိလေးတွေရဲ့ စားသောက်မှုပုံစံနဲ့
ပတ်သတ်ပြီး မေးခွန်းလေးတွေ
ဖြေကြည့်ကြရအောင် 🐶🐱

အိမ်က တိလေးတွေကို

- တစ်နေ့မှာ ဘယ်နှစ်ကြိမ်ကျွေးလဲ?

- အကြိုက်ဆုံးအစားအစာက ဘာလဲ?

- အိမ်မှာပဲ တိလေးတွေအတွက်
သီးသန့်လုပ်ကျွေးဖြစ်လား?



အသားများများကျွေးရုံနဲ့ တိလေးတွေအတွက် အာဟာရပြည့်စုံပြီလား? 🐶🐱“တိလေးဆို အသားစားရင် အားရှိတယ်၊ အသားများများကျွေးရင် အာဟာရပ...
23/08/2026

အသားများများကျွေးရုံနဲ့ တိလေးတွေအတွက် အာဟာရပြည့်စုံပြီလား? 🐶🐱

“တိလေးဆို အသားစားရင် အားရှိတယ်၊ အသားများများကျွေးရင် အာဟာရပြည့်စုံပြီ”

လို့ ထင်နေတယ်ဆိုရင် ဒီအချက်လေးကို သိထားဖို့လိုပါတယ်ဗျ

အသားက တိလေးတွေအတွက် Protein ရရှိစေတဲ့ အရေးကြီးတဲ့အစားအစာတစ်မျိုး ဖြစ်ပေမယ့်

အသားတစ်မျိုးတည်းနဲ့တော့ တိလေးလိုအပ်တဲ့ အာဟာရအားလုံးကို မဖြည့်ဆည်းနိုင်ပါဘူး။

တိလေးတွေရဲ့ နေ့စဉ်အစားအစာမှာ
• Protein
• Fat
• Carbohydrate
• Vitamins
• Minerals
• ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အခြား Nutrients တွေပါ သင့်တော်တဲ့အချိုးအစားနဲ့ ပါဝင်ဖို့လိုပါတယ်။

တိလေးတွေအတွက် အစားအစာရွေးတဲ့အခါ
“အသားများလား?” ဆိုတာထက်

“အာဟာရမျှတပြီး Complete & Balanced ဖြစ်ရဲ့လား?” ဆိုတာကို ပိုအရေးကြီးစွာ စဉ်းစားပေးဖို့လိုပါတယ်

အများကြီးကျွေးတာထက် လိုအပ်တာမှန်မှန်ကန်ကန်ကျွေးပေးနိုင်တာက သူတို့လေးတွေရဲ့ကျန်းမာရေးအတွက် ပိုအရေးကြီးပါတယ် 🐾🤍



အိမ်ကတိလေးတွေကို အာဟာရပြည့်တဲ့အစားအစာကျွေးချင်ပေမယ့်…“ဒီနေ့ ဘာချက်ရမလဲ?”“မနေ့က ဒါကျွေးပြီးပြီ… ဒီနေ့ရော?”“ဒီဟာကျွေးလို့ ...
22/08/2026

အိမ်ကတိလေးတွေကို အာဟာရပြည့်တဲ့
အစားအစာကျွေးချင်ပေမယ့်…

“ဒီနေ့ ဘာချက်ရမလဲ?”
“မနေ့က ဒါကျွေးပြီးပြီ… ဒီနေ့ရော?”
“ဒီဟာကျွေးလို့ ရလား?”
“အာဟာရလုံလောက်ရဲ့လား?”

ဆိုပြီး နေ့တိုင်း စဉ်းစားနေရတာမျိုး
ရှိတတ်ကြပါတယ်

အထူးသဖြင့် Homemade Food ကျွေးတဲ့
Pet Parents တွေအတွက်ဆိုရင်

အစားအစာရွေးတာ၊ ပြင်ဆင်တာ၊
တစ်ပတ်စာ Menu စဉ်းစားတာက
တော်တော်လေး အချိန်ယူရပါတယ်

တိလေးတွေအတွက် အစားအစာစီစဉ်တဲ့အခါ
ဘာတွေထည့်ရမလဲ၊ ဘာတွေရှောင်ရမလဲ၊

ဘယ်လိုမျိုး မျှတအောင်စီစဉ်ရမလဲဆိုတာ
သိထားဖို့လိုပါတယ်

ဒီအတွက် တစ်ပတ်စာလောက်ကို
ကြိုတင်စီစဉ်ထားနိုင်ရင်
နေ့တိုင်း “ဘာကျွေးရမလဲ?” ဆိုပြီး
စိတ်ရှုပ်နေရတာတွေ လျော့သွားနိုင်ပါတယ်

တိလေးတွေအတွက် အစားအသောက်နဲ့
ပတ်သတ်ပြီး ဘယ်လိုစီစဉ်ရမလဲ

ဘယ်လောက်ကျွေးရမလဲ
ဆိုတာလေးတွေ

ဖေဖေ၊ မေမေ‌တို့ရော
သေချာစီစဉ်ဖြစ်နေရဲ့လား

Comment မှာ ပြောခဲ့ကြပါဦးခင်ဗျား 🤝🏼



တိလေးတွေအတွက် Grooming ဆိုတာ အလှအပအတွက်ပဲ မဟုတ်ပါဘူး ✨တိလေးတွေရဲ့ အမွှေးကို ပုံမှန်စောင့်ရှောက်ပေးတာက အလှအပဆိုတာထက် အရေပ...
21/08/2026

တိလေးတွေအတွက် Grooming ဆိုတာ
အလှအပအတွက်ပဲ မဟုတ်ပါဘူး ✨

တိလေးတွေရဲ့ အမွှေးကို
ပုံမှန်စောင့်ရှောက်ပေးတာက
အလှအပဆိုတာထက်

အရေပြားနဲ့ ခန္ဓာကိုယ်အခြေအနေကို
စောစောသတိထားနိုင်ဖို့လည်း
ကူညီပေးပါတယ် ✅

Brush လုပ်ပေးတဲ့အခါ အမွှေးအောက်မှာ
အနာ၊ အဖု၊ အရေပြားနီတာတွေနဲ့

ကပ်ပါးပိုးမွှားတွေ ရှိ၊ မရှိ
သတိထားကြည့်နိုင်ပါတယ် ✅

ဒါပေမယ့် တိလေးတိုင်းရဲ့
အ‌မွှေးအမျိုးအစားနဲ့
Grooming လိုအပ်ချက်က မတူပါဘူး

အရမ်းတိုအောင် ရိတ်တာ၊ မသင့်တော်တဲ့
Shampoo သုံးတာမျိုးကို ကိုယ့်ဘာသာ
မလုပ်သင့်ပါဘူးခင်ဗျာ

အိမ်က က‌လေးတွေအတွက် ကျန်းမာရေးနဲ့
ပတ်သတ်ပြီး Online ဆေးခန်းပြကာ

အသေးစိတ်ဆွေးနွေးလိုပါက
Page Messenger တွင်
လာရောက် ပြသဆွေးနွေးနိုင်ပါတယ် 🤝🏼



အိမ်ကိုအခုမှ စရောက်တဲ့ တိလေးတွေကို “အချိန်” ပေးဖို့လိုပါတယ် 🐾🤍တိအသစ်လေးတစ်ကောင် အိမ်ထဲရောက်လာတဲ့အခါ ပတ်ဝန်းကျင်အသစ်၊ လူအ...
18/08/2026

အိမ်ကိုအခုမှ စရောက်တဲ့ တိလေးတွေကို “အချိန်” ပေးဖို့လိုပါတယ် 🐾🤍

တိအသစ်လေးတစ်ကောင် အိမ်ထဲရောက်လာတဲ့အခါ

ပတ်ဝန်းကျင်အသစ်၊ လူအသစ်တွေနဲ့ မရင်းနှီးသေးတာကြောင့် စိတ်ဖိစီးမှု ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ပထမရက်တွေမှာ အတင်းဖက်တာ၊ အတင်းဆော့တာထက်

သူ့ဘာသာ ပတ်ဝန်းကျင်ကို လေ့လာခွင့်ပေးပြီး လုံခြုံတဲ့နေရာလေးတစ်ခု စီစဉ်ပေးတာက ပိုကောင်းပါတယ် 🤍

သူ့အနားမှာ အေးအေးဆေးဆေးရှိပေးပြီး အတင်းမခေါ်ဘဲ သူ့ဘာသာကိုယ့်အနားလာတဲ့ အချိန်ကို စောင့်ပေးပါ

ယုံကြည်မှုဆိုတာ ချက်ချင်းတည်ဆောက်လို့မရပါဘူး

အချိန်နဲ့အမျှ လုံခြုံတယ်လို့ခံစားလာတဲ့အခါ တိလေးလည်း ပိုသက်တောင့်သက်သာဖြစ်လာပြီး

ကိုယ့်အပေါ် ယုံကြည်မှုလည်း တဖြည်းဖြည်းတိုးလာမှာပါ 🐶🐱🩵



တိလေးအတွက် “အိမ်” ဆိုတာ အိပ်စရာနေရာတစ်ခုဆိုတာထက်ကို ပိုပါတယ် 🩵တိလေးတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်တဲ့အခါ အစားအစာနဲ့ ဆေ...
17/08/2026

တိလေးအတွက် “အိမ်” ဆိုတာ အိပ်စရာနေရာတစ်ခုဆိုတာထက်ကို ပိုပါတယ် 🩵

တိလေးတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်တဲ့အခါ အစားအစာနဲ့ ဆေးဝါးတွေကိုပဲ အာရုံစိုက်တတ်ကြပါတယ်

ဒါပေမယ့် သူတို့ နေ့စဉ်နေထိုင်တဲ့ ပတ်ဝန်းကျင်ကလည်း ကျန်းမာရေးနဲ့ အပြုအမူအပေါ် သက်ရောက်ပါတယ်ဗျ

တိလေးအတွက် အနားယူနိုင်တဲ့ သန့်ရှင်းပြီး လုံခြုံတဲ့နေရာတစ်ခု ရှိသင့်ပါတယ်

ရေသန့်ကို အမြဲရရှိနိုင်အောင်ထားပေးပြီး အစားအစာနဲ့ ရေခွက်တွေကိုလည်း ပုံမှန်သန့်ရှင်းပေးပါ

အိမ်ထဲမှာ ကြိုးတွေ၊ လျှပ်စစ်ကြိုးတွေ၊ သန့်ရှင်းရေးသုံးပစ္စည်းတွေ၊ ဆေးဝါးတွေ၊ အန္တရာယ်ရှိနိုင်တဲ့ အရာဝတ္ထုတွေကို

တိလေး လက်လှမ်းမီတဲ့နေရာမှာ မထားသင့်ပါဘူး 🫵🏻

တိလေးအတွက် ကောင်းမွန်တဲ့အိမ်ဆိုတာ

လုံခြုံ၊ သန့်ရှင်း၊ သက်တောင့်သက်သာရှိပြီး သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ ပတ်ဝန်းကျင်တစ်ခုပဲ ဖြစ်ပါတယ်ဗျ 🐶🐱💙

တကယ်လို့ အိမ်က က‌လေးတွေအတွက် ကျန်းမာရေးနဲ့ ပတ်သတ်ပြီး Online ဆေးခန်းပြကာ

အသေးစိတ်ဆွေးနွေးလိုပါက Page Messenger တွင် လာရောက် ပြသဆွေးနွေးနိုင်ပါတယ် ✅



တိလေးတွေ ထိခိုက်ဒဏ်ရာရတဲ့အခါ မိဘတွေအနေနဲ့ ဘာကို အရင်လုပ်သင့်လဲ? တိလေးတွေမှာ ဆော့ရင်း၊ ပြေးရင်းနဲ့ ထိခိုက်ဒဏ်ရာရကြတဲ့အခါအ...
16/08/2026

တိလေးတွေ ထိခိုက်ဒဏ်ရာရတဲ့အခါ မိဘတွေအနေနဲ့ ဘာကို အရင်လုပ်သင့်လဲ?

တိလေးတွေမှာ ဆော့ရင်း၊ ပြေးရင်းနဲ့ ထိခိုက်ဒဏ်ရာရကြတဲ့အခါ

အပြင်ပိုင်းမှာ သွေးထွက်နေတယ်ဆိုရင် သန့်ရှင်းတဲ့ အဝတ်သန့်နဲ့ ဒဏ်ရာပေါ်ကို ညင်သာစွာ ဖိထားနိုင်ပါတယ်။

သွေးထွက်မှုက မရပ်ဘူး၊ အလွန်များတယ်၊ ဒဏ်ရာနက်တယ် ဒါမှမဟုတ်

တိလေးရဲ့ အခြေအနေက အဆင်မပြေဘူးဆိုရင် အိမ်မှာပဲ ဆက်ကုသဖို့ မကြိုးစားပါနဲ့

ဒဏ်ရာထဲကို ကိုယ့်ဘာသာ ဆေးအမျိုးမျိုး ထည့်တာမျိုးမလုပ်ပါနဲ့

Alcohol၊ လူသုံးဆေးနဲ့ Painkiller တွေကို တိကုဆရာ၀န် ရဲ့ အကြံပြုချက်မရှိဘဲ သုံးမပေးသင့်ပါဘူး။

မတော်တဆထိခိုက်မှုက အပြင်မှာ မြင်ရတဲ့ ဒဏ်ရာတစ်ခုတည်းနဲ့ မပြီးတာမျိုးတွေ ရှိပါတယ်

ကားတိုက်ခံရတာ၊ အမြင့်ကနေကျတာ၊ ပြင်းထန်စွာ ထိခိုက်တာမျိုးတွေမှာဆိုရင်

အတွင်းပိုင်းဒဏ်ရာတွေ ရှိနေနိုင်တာကြောင့် အပြင်ပန်းမှာ အနာသေးသေးလေးပဲ မြင်ရရင်တောင် အရေးကြီးပါတယ်။

အရေးပေါ်အခြေအနေမှာ အန္တရာယ်ပိုမဖြစ်အောင် ကာကွယ်ပြီး တိကုဆရာ၀န်နဲ့ အချိန်မီတိုင်ပင်တာ၊ ကုသတာကို အရင်လုပ်ပေးပါ 💙

တကယ်လို့ အိမ်က က‌လေးတွေအတွက် ကျန်းမာရေးနဲ့ ပတ်သတ်ပြီး Online ဆေးခန်းပြကာ

အသေးစိတ်ဆွေးနွေးလိုပါက Page Messenger တွင် လာရောက် ပြသဆွေးနွေးနိုင်ပါတယ် ✅



💧 တိလေး ဆီးခဏခဏသွားတာကို “ရေများများသောက်လို့ပါ” ဆိုပြီး မပေါ့ဆသင့်ပါဘူးရေသောက်တာ ပိုများလာခြင်း၊ ဆီးခဏခဏသွားခြင်း၊ ဆီးသ...
14/08/2026

💧 တိလေး ဆီးခဏခဏသွားတာကို “ရေများများသောက်လို့ပါ” ဆိုပြီး မပေါ့ဆသင့်ပါဘူး

ရေသောက်တာ ပိုများလာခြင်း၊
ဆီးခဏခဏသွားခြင်း၊
ဆီးသွားချိန် အားစိုက်ရခြင်း၊
မသက်မသာဖြစ်ခြင်း၊
ဆီးအရောင်ပြောင်းခြင်း ဒါမှမဟုတ်
သွေးပါလာခြင်းတွေက ကျန်းမာရေးပြဿနာရဲ့
လက္ခဏာတွေ ဖြစ်နိုင်ပါတယ်

ဒါကြောင့် ပေါ့ပေါ့လေးသဘောမထား၊ အချိန်မဆွဲဘဲ တိကုဆရာ၀န်နဲ့ သေချာတိုင်ပင်သင့်ပါတယ်။

အိမ်မှာလည်း ရေသန့်အမြဲရရှိအောင်ထားပေးပြီး ရေသောက်ပုံနဲ့ ဆီးသွားပုံ အပြောင်းအလဲတွေကို ပုံမှန်စောင့်ကြည့်ပေးဖို့ မမေ့ပါနဲ့ဗျ 🩵



တိဆေးခန်းပြတာပဲဖြစ်ဖြစ်၊ တိကုဆရာ၀န်နဲ့ တိုင်ပင်ဖို့ပဲဖြစ်ဖြစ်ပိုပြီးထိရောက်တဲ့ကုသမှုကို ပေးနိုင်ဖို့ ဒါတွေကို ပြောပြပေးန...
13/08/2026

တိဆေးခန်းပြတာပဲဖြစ်ဖြစ်၊
တိကုဆရာ၀န်နဲ့ တိုင်ပင်ဖို့ပဲဖြစ်ဖြစ်

ပိုပြီးထိရောက်တဲ့ကုသမှုကို ပေးနိုင်ဖို့
ဒါတွေကို ပြောပြပေးနိုင်အောင်
စောင့်ကြည့်ထားပါ ✅

➡️ လက္ခဏာစတင်တဲ့အချိန်၊
➡️ ဘယ်နှစ်ကြိမ်ဖြစ်ခဲ့လဲ၊
➡️ အစားအသောက်၊
➡️ ရေသောက်ပမာဏ၊
➡️ ဝမ်းနဲ့ဆီးအခြေအနေ၊
➡️ သောက်ထားတဲ့ဆေး၊
➡️ မတော်တဆတစ်ခုခုစားမိနိုင်ခြေ စတဲ့
အချက်တွေကို ပြောပြပေးနိုင်ရင်

တိကုဆရာ၀န်အတွက် အခြေအနေကို
ပိုကောင်းကောင်း သုံးသပ်နိုင်ပြီး

ထိရောက်တဲ့ ကုသမှုပေးနိုင်ဖို့
အထောက်အကူဖြစ်ပါတယ်ဗျ

အိမ်က က‌လေးတွေအတွက် ကျန်းမာရေးနဲ့
ပတ်သတ်ပြီး Online ဆေးခန်းပြကာ

အသေးစိတ်ဆွေးနွေးလိုပါက
Page Messenger တွင်
လာရောက် ပြသဆွေးနွေးနိုင်ပါတယ် ✅



🐾 တိကျန်းမာရေးစစ်ဆေးမှုကို ပုံမှန်လုပ်ပေးဖို့ အခါအခွင့် သင့်ရင်သင့်သလို မမေ့ပါနဲ့ဦးဗျသားသားမီးမီးလေးတွေက နာကျင်နေရင်တောင...
24/07/2026

🐾 တိကျန်းမာရေးစစ်ဆေးမှုကို ပုံမှန်လုပ်ပေးဖို့ အခါအခွင့် သင့်ရင်သင့်သလို မမေ့ပါနဲ့ဦးဗျ

သားသားမီးမီးလေးတွေက နာကျင်နေရင်တောင် မပြတတ်၊ မပြောတတ်တဲ့ သတ္တဝါလေးတွေပါ။

အပြင်ပန်းကြည့်ပြီး ကျန်းမာတယ်လို့ ထင်ရပေမယ့် အတွင်းမှာ ကျန်းမာရေးပြဿနာ စတင်နေပြီး ဖြစ်နိုင်ပါတယ်

ပုံမှန် ကျန်းမာရေးစစ်ဆေးပေးခြင်းက...

✅ ရောဂါကို စောစောတွေ့နိုင်တယ်
✅ ကုသရလွယ်ကူပြီး ကုန်ကျစရိတ်လည်း လျော့နည်းနိုင်တယ်
✅ ကလေးလေးတွေကို ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုကြာကြာ ပေးနိုင်တယ်

ရောဂါဖြစ်မှ ကုတာထက်... မဖြစ်ခင် ကာကွယ်တာက အကောင်းဆုံး ဂရုစိုက်မှုပါပဲဗျ 🐶🐱

တကယ်လို့ အိမ်က က‌လေးတွေအတွက် ကျန်းမာရေးနဲ့ ပတ်သတ်ပြီး Online ဆေးခန်းပြကာ

အသေးစိတ်ဆွေးနွေးလိုပါက Page Messenger တွင် လာရောက် ပြသဆွေးနွေးနိုင်ပါတယ် ✅



ที่อยู่

Bangkok
973

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dr.72 - Animal Healthผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Dr.72 - Animal Health:

ทางลัด

แชร์

ประเภท