11/08/2026
မင်္ဂလာပါရှင်... [Gu Gu Ygn Pet Food Store] ရဲ့ ချစ်ရပါသော ကာကာတို့ရေ 💌
မင်မင် မကြာမီ ရုံးအလုပ် ပြန်လည်ဝင်ရောက်ရတော့မှာဖြစ်လို့ Page စာပြန်ချိန်များ၊ Deli ပို့ဆောင်မှုများနဲ့ ပစ္စည်းလာရောက်ယူဆောင်နိုင်မယ့် အချိန်လေးတွေကို အနည်းငယ် ပြောင်းလဲသတ်မှတ်လိုက်ရပါတယ်ရှင့်။
⏰ Page စာပြန်ပေးမည့်အချိန်များ
မနက်ပိုင်း - မနက် ၈:၃၀ နောက်ဆုံးထား၍ စာပြန်ပေးပါမည်။
ညနေပိုင်း - ညနေ ၆:၃၀ မှစတင်၍ စာများကို အစဉ်လိုက် ပြန်လည်ဖြေကြားပေးပါမည်။
🚫(နံနက် ၈:၃၀ မှ ညနေ ၆:၃၀ အတွင်း ဖုန်းဖြေဆိုခြင်းနှင့် စာပြန်ခြင်းများ ခေတ္တနားထားပါမည်။)
🚚 Deli ပို့ဆောင်ပေးမည့်အချိန်
(ရန်ကုန်) မြို့တွင်း- Deli အပ်နှံပြီး ၂ ရက် မှ ၃ ရက်အတွင်း ပို့ဆောင်ပေးပါမည်။
နယ်မြို့များ - Deli အပ်နှံပြီး ၃ ရက် မှ ၁ ပတ်အတွင်း ပို့ဆောင်ပေးပါမည်။
📌(အရေးကြီး အစာနှင့် ပစ္စည်း လိုအပ်ပါက အနည်းဆုံး ၂ ရက်လောက် ကြိုတင် မှာယူပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။)
🛍 အိမ်လာယူမည့် Customer များအတွက်
လူကိုယ်တိုင် အိမ်မှာလာယူချင်ပါက Chat Box မှတစ်ဆင့် Order ကြိုတင်ထားပေးရမည် ဖြစ်ပြီး တနင်္ဂနွေ (Sunday) တစ်ရက်တည်းသာ လာရောက်ယူဆောင်နိုင်တော့မည် ဖြစ်ပါတယ်ရှင့်
💡 Auto Reply စနစ်
Page မက်ဆေ့ဂျ်မှာ In-stock ရှိသော အစာခြောက်၊ Creamy Treat များ နှင့် ကြောင်သဲ တို့၏ Update စျေးနှုန်းများကို Auto Reply ဖြင့် ထည့်သွင်းပေးထားပါသဖြင့် လွယ်ကူစွာ ကြည့်ရှုနိုင်ပါတယ်။
🛒 Order မှာယူလိုပါက
လိုချင်သော ပစ္စည်းပုံ
အရေအတွက်
ဖုန်းနံပါတ် နှင့်လိပ်စာအပြည့်အစုံ
တို့အား Chat Box တွင် တစ်ခါတည်း ချန်ထားပေးခဲ့ပါနော်။ ညနေ ရုံးဆင်းသည်နှင့် စာများကို အမြန်ဆုံး အကြောင်းပြန်ပေးသွားပါမည်။
💢အမြဲတမ်း၀ယ်ယူအားပေးကြသော ကာကာတို့အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။အဆင်မပြေမှုများရှိပါက နားလည်ခွင့်လွှတ်ပေးပါရန် ခင်မင်လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။
please