07/05/2026
ကလေးလေးတွေ အတွက် 🐶💕
ရင်နှစ်သည်းချာ တိလေးတွေ ရှိတယ်ဆို Animal Tarot 🐾 ဖတ်ကြည့်ပေးခြင်းဖြင့် သူတို့ရဲ့ ကိုယ် စိတ် နှလုံး ကျန်းမာရေး၊ လိုအပ်ချက်တွေ၊ စကားမပြောတတ်တဲ့ သူတို့လေးတွေ ရင်ထဲက စကားတွေကို သူတို့ရဲ့ energy ကတဆင့် သိမြင်ခံစားနိင်ပါတယ်။ 🍃
ကိုယ်တိုင် healing တဝကြီးလုပ်နေတာရယ် သားပူးလေး ကျန်းမာရေးအချေအနေရယ်ကြောင့် tarot reading & spell လေးတွေ နားထားတာ အတော်ကြာပြီ.. ကြားထဲ အသိတွေနှင့် regular client reading လေးတွေပဲ ဖတ်ပေးဖြစ်ရာကနေ အခု တဖန် ပြန်စဖို့အတွက် အရင်ဆုံး မိတ်ဆက်ပေးချင်တဲ့ reading လေးတစ်ခုပါ။ 🍂
ကိုယ်တိုင်လဲ အိမ်က သားသားမီးမီးတို့ ကျန်းမာရေးလိုအပ်ချက်တွေရှိနေလား ၊ သူတို့ ခံစားနေရတာ ခုခုရှိလား သိချင်တဲ့အခါ ပုံမှန် ဖတ်ပေးဖြစ်တာလေးပါ၊ အသိမိတ်ဆွေတွေထဲမှာလဲ ဘဝတပါး ကူးပြောင်းသွားတဲ့ ကလေးတွေရှိတဲ့ ဖေဖေမေမေတို့အတွက် griefing journey မှာ ဆုံးသွားတဲ့ကလေးတွေရဲ့ energy နှင့် သူတို့ပေးချင်တဲ့ မက်စေ့ရှိရင် ဖတ်ပေးပါတယ်။ 🍀
(🌹အကြားအမြင်မဟုတ်ပါ ကတ်တွေက တဆင့် energy reading လုပ်ပေးခြင့်ဖြစ်ပါတယ်)
အသေးစိတ်သိလိုရင် အောက်ပါ comment မှာ Animal Tarot Reading အတွက် package (၃) မျိုးရှိပါမယ်…
ပညာကြေး သိလိုရင်တော့ စာဖတ်သူရဲ့ တိလေး နာမည်၊ အသက်၊ သိချင်သော အကြောင်းအရာ၊ ဓာတ်ပုံနဲ့ တကွ CB မှာလာရောက်မေးမြန်းနိင်ပါတယ်။
🐾🤎🐶🙏🏼🌀🌤️🍀