29/07/2026
မိခင်ကြီး ဒေါ်သန်းစိန် ကွယ်လွန်ခြင်း 14နှစ်ပြည့်အတွက်
အောက်မေ့ရည်စူး၍ရ သမီးဖြစ်သူ ဒေါ်ဌေးဌေး
ဒေါ်မိုးမိုး မိသားစု မှ ခြံမှာနေရတဲ့ လေလွင့်မျက်နှာမွဲကလေးများအတွက်အလှူငွေ 1သိန်း အာရုဏ်ဆွမ်းအလှုငွေ 1သိန်း နှင့်ရွာကအဖွားမိသားစုအတွက်အလှုငွေ 1သိန်းကျပ်
စုစုပေါင်း 3သိန်းတိတိလှူဒါန်းပေးသွားပါတယ်ခင်ဗျာ🌷🌷🌷
ပြုပေးသမျှကုသိုလ်အစုစုအား
ကွယ်လွန်သူ ဒေါ်သန်းစိန် မြင့်မြတ်ရာဘုံဘဝကနေ ဝမ်းမြောက်စွာသာဓုခေါ်ဆိုင်နိုင်ပြီးဆိုင်ရာဘဝသစ်မှာအေးချမ်းပါစေ ☘️
ဘေးဘယာဝေး၍သံသရာတလျှောက်လုံးအေးချမ်းကြပါစေ နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြောင်းအထောက်အပံ့ကောင်းများရရှိပါစေခင်ဗျာ 🙏
အလှုရှင်မိသားစုဝင်များအားလုံး ကျန်းမာချမ်းသာဘေးရန်ကင်းကွာ၍ကြီးပွါးတိုးတက်ကြပါစေ စိတ်ရှိသလောက်တပါးသူကိုပေးလှူဖေးကူနိုင်သူများဖြစ်ကြပါစေခင်ဗျာ စီးပွါးလာဘ်လာဘပေါကြွယ်ဝ၍ လိုအပ်နေသူတိုင်းကို ဖေးကူနိုင်ပါစေ ဘယ်ဘက်တဆုပ်လှူရင် ညာဘက်တလှည်းဝင်ပါစေ သွားလမ်းသာလာလမ်းဖြောင့်၍ မေတ္တာတရားဖြင့်အေးချမ်းကြပါစေခင်ဗျာ🙏🌈🐾