Naypyitaw Zoological Garden

Naypyitaw Zoological Garden Ninety species of animals and numerically 420 are exhibited in Zoological Garden (Nay Pyi Taw). are exhibited in zoo.

There were more valuable and rare animals like white tiger, white Lion, penguin, sea otter, etc.

🌍ကမ္ဘာ့ဆင်များနေ့ ဩဂုတ်လ (၁၂)ရက်🐘 ဆင်များသည် ကမ္ဘာပေါ်တွင် အကြီးဆုံးကုန်းနေနို့တိုက်သတ္တဝါဖြစ်ပြီး ကြီးမားလှသည့် ခန္ဓာကိ...
11/08/2026

🌍ကမ္ဘာ့ဆင်များနေ့ ဩဂုတ်လ (၁၂)ရက်🐘

ဆင်များသည် ကမ္ဘာပေါ်တွင် အကြီးဆုံးကုန်းနေနို့တိုက်သတ္တဝါဖြစ်ပြီး ကြီးမားလှသည့် ခန္ဓာကိုယ်၊ ကြီးမားကျယ်ပျံ့သည့် နားရွက်များနှင့် ရှည်လျှားသွယ်တန်းသော နှာမောင်းပါရှိသည်။ ကြီးမားလှသည့် နှာမောင်းများသည် အစာများကို ဆွဲယူစားသောက်နိုင်ခြင်း၊ ရေကိုစုပ်ယူ၍သောက်နိုင်ခြင်းနှင့် ပက်ဖြန်းနိုင်ခြင်းတို့တွင် အသုံးပြုပြီး အစွယ်များသည် အပေါ်ရှေ့အံသွားများမှ ရှည်ထွက်လာခြင်း ဖြစ်ကာ အရာဝတ္ထုများ ရွေ့ရန်နှင့် တူးဆွရန်အတွက် အသုံးပြုလေ့ရှိကြပါသည်။
🌳☘️ဆင်များသည် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်အတွက် အလွန်အရေးပါသည့် သတ္တဝါများလည်း ဖြစ်ပါသည်။ ဆင်သွားလျှင်လမ်းဖြစ်သည် ဆိုသည့်စကားအတိုင်း အခြားသောတိရစ္ဆာန်များ လွယ်ကူစွာသွားလာနိုင်ရန်အတွက် လမ်းကြောင်းများဖြစ်ပေါ်စေခြင်း၊ ကြီးမားသည့် ခြေရာခွက်များသည် ရေနေသတ္တဝါများနှင့် အခြား သောသတ္တဝါငယ်များ နေထိုင်နိုင်ရန် အိမ်နေရာကဲ့သို့ ဖန်းတီးပေးနိုင်ခြင်း၊ မိုးခေါင်ရေရှားသည့် ကာလများတွင် ယင်းတို့၏နှာမောင်းများဖြင့် မြေအောက်ရေရရှိနိုင်သည့် နေရာများကို အနံခံရှာ ဖွေပြီး အစွယ်များကိုအသုံးပြုကာ ရေရရှိနိုင်စေရန် တူးဖော်ပေးနိုင်သောကြောင့် အခြားသောဇီဝမျိုးစုံမျိုးကွဲများ အသက်ရှင်သန်နိုင်ရေးအတွက် သောက်သုံးရေကို ရရှိစေခြင်းဖြင့် ဇီဝမျိုးစုံမျိုးကွဲများကိုလည်း ကူညီထိန်းသိမ်းစောင့်ရှောက် ပေးရာရောက်ပါသည်။ဆင်များသည် ထိန်းသိမ်းရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် အခြေပြု ထိန်းသိမ်းရမည့် အဓိကကျသည့် (Keystone Species) မျိုးစိတ်တစ်မျိုးလည်းဖြစ်ပါသည်။🩶
🍎🥕ဆင်များသည် အသီးအရွက်စားသတ္တဝါများဖြစ်ပြီး စားသုံးသည့်အစာ၏ (၄၀) ရာခိုင်နှုန်းခန့်သာ ချေဖျတ်နိုင်ပြီး အချို့သောအစေ့အဆံများသည် ယင်းတို့၏ အူလမ်းကြောင်းမှတဆင့် မပျက်စီးပဲ မစင်မှစွန့်ထုတ်သည့်အခါတွင် မျိုးစေ့များ ဖြန့်ကျဲသကဲ့သို့ (Seed dispersal) အဖြစ် သဘာဝ သစ်တောများ ဖန်တီးပေးနိုင်သည့်အတွက် “သဘာဝ ဥယျာဉ်မှူးများ” ဟုလည်း တင်စားခေါ်ဝေါ်လေ့ ရှိကြပါသည်။ 🌱
🌴သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များအတွက် အဓိကကျသည့် သဘာဝဥယျာဉ်မှူးများဖြစ်သည့် ဆင်များ သတ်ဖြတ်ခံရခြင်းနှင့် ၎င်းတို့နေရင်း ဒေသများ ပျောက်ဆုံးလာခြင်း၊ ဆင်နှင့် ယင်းတို့၏ အစိတ်အပိုင်းများအား တရားမဝင်ရောင်းဝယ်ဖောက်ကားခြင်း ၊ စိုက်ပျိုးမြေများ ချဲ့ထွင်လာခြင်း တို့ကြောင့် နေရင်းဒေသများဆုံးရှုံးလာရသည့် အခြေအနေများကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။ Zoos and Aquariums အဖွဲ့အစည်း၏ အချက် အလက်များအရ လွန်ခဲ့သော ၂၅ နှစ်အတွင်း အာဖရိကဆင်များသည် ၁.၆ သန်းမှ (၅၀၀၀၀၀) သိန်းအထိကျဆင်းသွားပြီး အာရှဆင်များသည် သဘာဝတောထဲတွင် (၄၀၀၀၀−၅၀၀၀၀) ခန့်သာ ကျန်ရှိတော့သည်ဟု ခန့်မှန်းကြသည့်အတွက် တောဆင်ကောင်ရေမှာ သိသာစွာ လျော့နည်းကျ ဆင်းလာ လျက်ရှိနေပါသည်။
🍀သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ်နှင့် လူသားတို့အတွက် အရေးပါလှသည့် ဆင်များအား ထိန်းသိမ်းကာကွယ်စောင့်ကြရန်၊ ဆင်များ၏ နေရင်းဒေသများအား ထိန်းသိမ်းရန်၊ ယင်းတို့အား အလွန်အကျွံအမဲလိုက်သတ်ဖြတ်ဖမ်းဆီးနေခြင်း၊ အရိုး၊ အသား၊ အရေခွံတို့နှင့် တရားမဝင် ဆင်စွယ်ရောင်းဝယ်ခြင်း၊ ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ နှစ်စဉ် ဩဂုတ်လ (၁၂) ရက်နေ့ ကို ဆင်များအား ထိန်းသိမ်းကာကွယ်ရေး အသိအမြင်များ ပွင့်လင်း လာစေရန် မြှင့်တင်ပေးသည့်အနေဖြင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆင်များနေ့ကို "ဘေးကင်းသော ဂေဟစနစ်နှင့် လိုက်လျှော ညီထွေဖြစ်သော ဆင်သွားစင်္ကြန်လမ်းများကို ဖော်ဆောင်ပြီး ဆင်များကို ကာကွယ်စောင့်ရှောက်ပါ” "Safe Eco-Friendly Corridors, Safe Elephants" highlighting the critical need to preserve migratory pathways and reduce human-wildlife conflict. ဟူသည့် ဆောင်ပုဒ်ဖြင့် ကမ္ဘာနှင့်တစ်ဝှမ်း ကျင်းပပြုလုပ်ကြခြင်းဖြစ်ပါသည်။



🌍 World Elephant Day 12 August 🐘

Elephants are the largest land mammals on Earth, distinguished by their enormous bodies, large ears, and long, versatile trunks. Their trunks are highly adapted for feeding, drinking, smelling, communicating, and spraying water. Their tusks, which are elongated upper incisor teeth, are used for digging, moving objects, stripping bark, and accessing food and water.
🌳☘️As the saying goes, “Where elephants go, paths are made.” By moving through dense forests, elephants create trails and pathways that can later be used by many other animals. Their large footprints can collect rainwater and create small habitats that provide shelter and breeding sites for aquatic organisms and other small wildlife.
During periods of drought, elephants can use their highly sensitive trunks to detect underground water sources and use their tusks and feet to dig for water. These water sources can become vital for many other species, helping wildlife survive during dry seasons.
🌿 Because of their significant role in shaping and maintaining ecosystems, elephants are often considered a keystone species—a species whose conservation can have a major positive impact on many other species and the wider ecosystem.
Elephants are herbivores and consume large quantities of vegetation. Although only a portion of what they eat is fully digested, some seeds pass through their digestive systems intact and are later deposited in their dung. This process, known as seed dispersal, helps regenerate forests and expand plant populations.For this reason, elephants are often described as “Nature’s Gardeners,” because they play an important role in creating and maintaining healthy forests.☘️🌿
⚠️ However, elephants are facing serious threats.These important ecosystem are increasingly threatened by: Habitat loss and fragmentation, Expansion of agricultural land,Human–elephant conflict,Illegal hunting and killing,Illegal trade in elephants and their body parts,Illegal ivory trade and Loss and disruption of traditional migration routes.According to information from the zoo and aquarium conservation community, African elephant populations have declined dramatically over recent decades, while only an estimated 40,000–50,000 Asian elephants remain in the wild. These declines highlight the urgent need for stronger elephant conservation and habitat protection.
🌴Elephants are not only magnificent animals; they are essential to healthy forests, biodiversity, and functioning ecosystems. Protecting elephants also means protecting the many species and communities that depend on the ecosystems shaped by them.
📆Every year on 12 August, World Elephant Day raises global awareness about the importance of elephant conservation and encourages collective action to protect elephants, their habitats, and their future.
For World Elephant Day 2026, the theme is:
🐘 “Safe Eco-Friendly Corridors, Safe Elephants”
The theme highlights the critical importance of protecting and restoring safe, environmentally friendly elephant corridors—the natural pathways elephants use to move between habitats—and reducing human–elephant conflict.
💚 Let us protect elephant habitats, preserve their migration corridors, stop illegal killing and wildlife trafficking, and work together to ensure that elephants can continue to thrive in the wild.
🐘 Protect Elephants. Protect Their Corridors. Protect Our Ecosystems.

🐅အပြည်ပြည်ဆိုင်ရာကျားများနေ့ International Tiger Day July-29 🐅    🐅အပြည်ပြည်ဆိုင်ရာကျားများနေ့ကို ၂၀၁၀ ခုနှစ် ရုရှားနိုင...
29/07/2026

🐅အပြည်ပြည်ဆိုင်ရာကျားများနေ့ International Tiger Day July-29 🐅

🐅အပြည်ပြည်ဆိုင်ရာကျားများနေ့ကို ၂၀၁၀ ခုနှစ် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကျားထိန်းသိမ်းရေး ထိပ်သီးညီလာခံမှ ကမ္ဘာပေါ်ရှိကျားများအား မျိုးတုံးပျောက်ကွယ်မှုမှ ကာကွယ်ရန်၊၎င်းတို့၏ နေရင်းဒေသများကိုထိန်းသိမ်းစောင့်ရှောက်ရန်နှင့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများ မြှင့်တင်ရန် ရည်ရွယ်၍ နှစ်စဉ် ဇူလိုင်လ(၂၉) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာကျားများနေ့အဖြစ် သတ်မှတ်ခဲ့ကြပါသည်။
⚠️တစ်ချိန်က အာရှတစ်ဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ကျက်စားခဲ့သော ကျားများသည် လွန်ခဲ့သော နှစ်ပေါင်း (၁၀၀) အတွင်း တောရိုင်းကျားအရေအတွက် ၉၇% ခန့် လျော့နည်းသွားခဲ့ပြီး ယနေ့အချိန်တွင်လည်း နေရင်းဒေသပျက်စီးမှု၊ တရားမဝင် အမဲလိုက်မှုနှင့် တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှု များကြောင့် မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်ကို ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။
ယခင်က ကမ္ဘာပေါ်တွင် ကျားမျိုးစိတ် (၉) မျိုး ရှင်သန်ပေါက်ပွားနေထိုင်ခဲ့ကြသော်လည်း ယခုအခါ ကျားမျိုးစိတ် (၆) မျိုးသာ ကျန်ရှိတော့ပြီး ကက်စပီယန်ကျား (Caspian tiger) ၊ ဂျားဗား (Javan tiger)၊ ဘာလီ ကျား(Bali tiger ) (၃) မျိုးမှာ ကမ္ဘာပေါ်မှ ဝမ်းနည်းဖွယ် မျိုးသုဉ်းပျောက်ကွယ် သွားခဲ့ပြီဖြစ်ပါသည်။မြန်မာနိုင်ငံတွင်မူ မြန်မာနိုင်ငံအနောက်မြောက်ပိုင်း၊ မြန်မာ-အိန္ဒိယ နယ်စပ်၊ ဟူးကောင်းချိုင့်ဝှမ်းလွင်ပြင်နှင့် ချင်းတွင်းမြစ်အထက်ပိုင်း ရေဝေရေလဲဒေသတို့တွင် ဘင်္ဂလားကျား မျိုးစိတ်ကို တွေ့ရှိရပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီတောင်တန်းနှင့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တို့တွင် အင်ဒိုချိုင်းနားကျားတို့ ရှင်သန်ပေါက်ပွားနေထိုင်ကြပါသည်။
ကျားများသည် ကမ္ဘာလုံးဆိုင်ရာမြင်တွေ့ရခဲသော အမြင့်ဆုံးနှင့် တော်ဝင်မျိုးစိတ်တစ်ခုဖြစ်သည့်အပြင် အစာကွင်းဆက်၏ ထိပ်ဆုံးတွင်ရှိသော အလွန်အရေးပါသည့် အသားစားသတ္တဝါများဖြစ်ပြီး ဂေဟဗေဒစနစ်တွင်လည်း ယင်းမျိုးစိတ်ကို ထိန်းသိမ်းခြင်းအားဖြင့် အခြားသောမျိုးစိတ် အများအပြားကိုပါ ထိန်းသိမ်းပြီးဖြစ်သည့်အတွက် ထီးနှင့်တူသောမျိုးစိတ် (Umbrella Species) ဟု တင်စားခေါ်ဝေါ်ဂုဏ်ပြုခြင်းခံရသည့် ကိုယ်စားလှယ်(သို့မဟုတ်)အခြေပြုထိန်းသိမ်းသင့်သည့် မျိုးစိတ်တစ်မျိုးလည်း ဖြစ်ပါသည်။
🌿ကျားများသည် ဂေဟစနစ်၏ ထိပ်တန်းသားရဲ (Apex Predator) များဖြစ်ပြီး သားကောင်အရေအတွက်ကို သဘာဝအတိုင်း ထိန်းညှိပေးကာ ဂေဟစနစ်၏ မျှတမှုကို ထိန်းသိမ်းပေးပါသည်။ ကျားများ ရှင်သန်နိုင်သော သစ်တောသည် ကျန်းမာသော သစ်တောဖြစ်ပြီး သစ်တောများ၏ ကျန်းမာမှုသည် ဇီဝမျိုးစုံမျိုးကွဲများသာမက လူသားများ၏ ရေ၊ လေ၊ ရာသီဥတုနှင့် သဘာဝအရင်းအမြစ်များကိုပါ အကျိုးပြုလျက်ရှိပါသည်။ကျားများကို ကာကွယ်ခြင်းသည် သစ်တောဂေဟစနစ်တစ်ခုလုံးကို ထိန်းသိမ်း ကာကွယ်ခြင်းနှင့် အတူတူပင် ဖြစ်ပါသည်။
ယခုအခါ ကျားများ၏နေရင်းဒေသများပျက်စီးဆုံးရှုံးခြင်း၊ တရားမဝင် ဖမ်းဆီးအမဲလိုက်သတ်ဖြတ်ခံရခြင်း၊ စိုက်ပျိုးမြေဧရိယာများ ချဲ့ထွင်လာခြင်းနှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို တရားမဝင် ကူးသန်းရောင်းဝယ်ဖောက်ကားနေခြင်းများကြောင့် မျိုးသုဉ်းမှုအန္တရာယ်နဲ့ ရင်ဆိုင်နေရပါသည်။
🌏 အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အစည်း (IUCN) ၏ သတ်မှတ်ချက်အရ ကျား မျိုးစိတ်များသည် မျိုးသုဉ်းရန် အန္တရာယ်ရှိသောမျိုးစိတ် အဖြစ် သတ်မှတ်ထားပါသည်။ 🌏💚
သို့ဖြစ်ပါ၍ကျားများသည် ထိန်းသိမ်း​​စောင့်​ရှောက်သင့်သည့် မျိုးစိတ် တစ်ခုဖြစ်သည့်အတွက် လူသားတိုင်း တောရိုင်းတိရစ္ဆာန်များကို တန်ဖိုးထားကာ အတူတကွ ကာကွယ်စောင့်ရှောက်ကြရန် ရည်ရွယ်၍ ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာ ကျားထိန်းသိမ်းရေးနေ့ကို ​ရေးသား​ဖော်ပြလိုက်ရပါသည်။ 🐾🌳✨




🐅 International Tiger Day | July 29 🌿

International Tiger Day is celebrated every year on 29 July. It was established in 2010 during the Saint Petersburg Tiger Summit in Russia with the goal of preventing the extinction of wild tigers, protecting their natural habitats, and raising global awareness about wildlife conservation.
⚠️ Once widely distributed across Asia, wild tiger populations have declined by approximately 97% over the past 100 years. Today, they continue to face serious threats from habitat loss, illegal poaching, and the illegal wildlife trade.
In the past, there were nine tiger subspecies in the world. However, only six subspecies remain today, while the Caspian Tiger, Javan Tiger, and Bali Tiger have become extinct.
Myanmar is home two tiger subspecies: Bengal Tigers inhabit the country's northwestern forests, including the Hukaung Valley, the upper Chindwin River watershed, and areas along the Myanmar–India border. Indochinese Tigers are found in the Tanintharyi Region, the Tanintharyi Mountain Range, and forests along the Myanmar–Thailand border.
Tigers are not only one of the world's most magnificent and iconic species, tigers are apex predators that play a vital role in maintaining healthy ecosystems. Because protecting tigers also safeguards countless other plants and animals that share their habitat, they are recognised as an Umbrella Species.
🌿 Healthy tiger populations are a sign of healthy forests. By regulating prey populations, tigers help maintain ecological balance. Conserving tiger habitats also protects biodiversity and supports the forests that provide clean water, fresh air, climate regulation, and natural resources essential for human well-being.Protecting tigers means protecting entire forest ecosystems.
Today, tigers continue to face the risk of extinction due to habitat destruction, illegal hunting and poaching, agricultural expansion, and the illegal trade of their body parts.
🌏 According to the International Union for Conservation of Nature (IUCN), tigers are listed as an Endangered species.
💚 On this International Tiger Day, let us all value and protect wildlife together. Every effort we make today helps ensure that future generations will continue to share our planet with these magnificent big cats.🐾 🌳✨


🙏✨🎍ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊(၂၉.၇.၂၀၂၆)ရက်​နေ့မှာကျ​ရောက်တဲ့ ဒုတိယဝါဆိုလပြည့်(ဓမ္မစကြာအခါ​တော်နေ့)အခါသမယတွင် မြန်...
29/07/2026

🙏✨🎍ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊(၂၉.၇.၂၀၂၆)ရက်​နေ့မှာကျ​ရောက်တဲ့ ဒုတိယဝါဆိုလပြည့်(ဓမ္မစကြာအခါ​တော်နေ့)အခါသမယတွင် မြန်မာပြည်သူပြည်သားများအားလုံး စိတ်၏ ကျန်းမာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံ၍ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း တိရစ္ဆာန်ဥယျာဥ်(​နေပြည်​တော်) မိသားစုမှဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်🙏✨🕯️
#ဒုတိယဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့

(၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် 🇲🇲နိုင်ငံနှင့် ပြည်သူတို့အတွက် အသက်ပေးစွန့်လွှတ် အနစ်နာခံခဲ့ကြသော အာဇာနည်ခေါင်းဆေ...
19/07/2026

(၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် 🇲🇲

နိုင်ငံနှင့် ပြည်သူတို့အတွက် အသက်ပေးစွန့်လွှတ် အနစ်နာခံခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးနှင့် စွန့်လွှတ်အနစ်နာခံမှုများကို လေးစားဂုဏ်ပြု အောက်မေ့အပ်ပါသည်။

79th Martyrs' Day 🇲🇲

On this Martyrs' Day, we pay our deepest respect and heartfelt tribute to the national leaders and martyrs who made the ultimate sacrifice for our nation and its people. May their courage, dedication, and selfless sacrifices always be remembered and honored.


#အာဇာနည်​နေ့

🙏Htoo Group of Companies ဥက္ကဋ္ဌ ဦးတေဇ၏ (၆၂) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် (၁၈.၇.၂၀၂၆) ရက်နေ့တွင် တိရစ္ဆာန်ဥယျာဉ် (...
18/07/2026

🙏Htoo Group of Companies ဥက္ကဋ္ဌ ဦးတေဇ၏ (၆၂) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် (၁၈.၇.၂၀၂၆) ရက်နေ့တွင် တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) တွင် ဝန်ထမ်းများ စုပေါင်း သစ်ပင်စိုက်ပျိုးခြင်း၊ ဥယျာဉ်ရှင်းလင်းဆောင်ခန်းမ၌ ဓမ္မသုခတောရကျောင်းတိုက်၊ သာယာစုကျေးရွာ၊ ဇေယျာသီရိမြို့နယ်၊ ပြည်ထောင်စုနယ်မြေ၊နေပြည်တော်မှ သံဃာတော်ငါးပါးအား ဝါဆိုသင်္ကန်းနှင့်အာရုံဆွမ်းဆက်ကပ်လှူဒါန်းခြင်း နှင့် တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)မှ ဝန်ထမ်းများသည် အမျိုးသားသွေးလှူဘဏ်သို့ စုပေါင်းသွားရောက်ကာ မွန်မြတ်လှသော သွေးလှူဒါန်းမှုများပြုလုပ်ခဲ့ပါသည်။
ထို့အပြင်မွေးနေ့အထိမ်းအမှတ်အဖြစ် ဝန်ထမ်းများအားဒံပေါက်နှင့်အအေး ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ဤကဲ့သို့ မွန်မြတ်လှသော ကုသိုလ်အလှူမှ ရရှိသော အကျိုးကျေးဇူးအပေါင်းတို့ဖြင့် ဦးတေဇနှင့် မိသားစုဝင်များ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ အသက်ရှည်အနာမဲ့ကာ လိုအင်ဆန္ဒများ ပြည့်ဝပြီး Htoo Group of Companies ၏ လုပ်ငန်းများလည်း ယခုထက်ပိုမို အောင်မြင်တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။




🙆🙆‍♂️

🐍🌿 ကမ္ဘာ့မြွေနေ့ (World Snake Day)📅 ဇူလိုင်လ (၁၆) ရက်နှစ်စဉ် ဇူလိုင်လ (၁၆) ရက်နေ့အား ကမ္ဘာ့မြွေနေ့အဖြစ် ကမ္ဘာတစ်ဝန်းလုံး...
16/07/2026

🐍🌿 ကမ္ဘာ့မြွေနေ့ (World Snake Day)
📅 ဇူလိုင်လ (၁၆) ရက်

နှစ်စဉ် ဇူလိုင်လ (၁၆) ရက်နေ့အား ကမ္ဘာ့မြွေနေ့အဖြစ် ကမ္ဘာတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်လေ့ရှိကြပါသည်။ လူအများစုသည် မြွေများကို ကြောက်ရွံ့ကြသော်လည်း ၎င်းတို့သည် ကျန်းမာသော ဂေဟစနစ်၏ မရှိမဖြစ်လိုအပ်သော မျိုးစိတ်တစ်ခုဖြစ်ပြီး သဘာဝတရား၏ မျှခြေကို ထိန်းသိမ်းရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်ကို သိရှိနားလည်စေရန် ရည်ရွယ်၍ ကျင်းပကြခြင်း ဖြစ်ပါသည်။

🌏 ကမ္ဘာပေါ်တွင် မြွေမျိုးစိတ်ပေါင်း (၃,၅၀၀) ကျော်ရှိပြီး သစ်တောများ၊ မြက်ခင်းပြင်များ၊ ရေဝပ်ဒေသများ၊ သဲကန္တာရများနှင့် ပင်လယ်ရေပြင်ပတ်ဝန်းကျင်များတွင်ပင် ကျင်လည်ကျက်စားကြသည်။ အချို့သော မျိုးစိတ်များတွင် အဆိပ်ရှိသော်လည်း အများစုမှာ လူသားတို့အတွက် အန္တရာယ်မရှိပါ။

🌾 မြွေများသည် စိုက်ပျိုးရေးသီးနှံများကို ဖျက်ဆီးတတ်ပြီး ရောဂါဘယများ သယ်ဆောင်လာတတ်သည့် ကြွက်နှင့် အခြားပိုးမွှားကောင်များကို အဓိကဖမ်းယူစားသောက်သဖြင့် လယ်သမားများနှင့် သဘာဝပတ်ဝန်းကျင်အတွက် အလွန်အကျိုးပြုလျက်ရှိပါသည်။

🇲🇲 ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် စပါးကြီး၊ စပါးအုန်း၊ လင်းမြွေ၊ မြွေပွေး၊ ငန်းတော်ကျား အပါအဝင် အခြားစိတ်ဝင်စားဖွယ် ကုန်းနေရေနေ တွားသွားသတ္တဝါမျိုးစိတ်များ ကြွယ်ဝစွာ တည်ရှိရာ အရပ်ဖြစ်ပါသည်။ ဤမျိုးစိတ်များသည် နိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲများအတွက် များစွာ အထောက်အကူပြုလျက်ရှိပါသည်။

💚 ဤနေ့ကို သတ်မှတ်ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ လူသားများအကြား မြွေများနှင့်ပတ်သက်၍ လွဲမှားစွာ နားလည်ထားသည့် အယူအဆများကို ပယ်ဖျက်ရန်၊ မြွေများ၏ ဂေဟစနစ်အတွင်း အရေးပါပုံကို သဘောပေါက်နားလည်စေရန်နှင့် မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေသော မြွေမျိုးစိတ်များကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်ပါသည်။

🐍✨ လူအများစုမှာ မြွေများကို ကြောက်စရာကောင်းပြီး အဆိပ်ပြင်းသော သတ္တဝါများအဖြစ်သာ ထင်မြင်လေ့ရှိသော်လည်း အမှန်တကယ်တွင် မြွေများသည် ကမ္ဘာမြေ၏ ဂေဟစနစ်အတွက် မရှိမဖြစ်လိုအပ်သော သတ္တဝါများဖြစ်ကြောင်း ကမ္ဘာ့မြွေနေ့တွင် ရေးသားဝေမျှလိုက်ရပါသည်။

#ကမ္ဘာ့မြွေနေ့
🐍🌿 World Snake Day
📅 July 16

Every year on July 16, World Snake Day is celebrated around the globe to raise awareness about the important role snakes play in maintaining healthy ecosystems. Although many people fear snakes, they are an essential part of nature and help maintain ecological balance.

🌏 There are more than 3,500 species of snakes worldwide, inhabiting forests, grasslands, wetlands, deserts, and even marine environments. While some species are venomous, the majority pose little or no threat to humans.

🌾 Snakes play a vital role in agriculture and the environment by controlling populations of rodents and other pests that damage crops and spread diseases. This makes them valuable allies for farmers and an important part of a balanced ecosystem.

🇲🇲 Myanmar is home to a rich diversity of reptiles, including well-known snake species such as pythons, cobras, kraits, vipers, and many other fascinating reptiles. These species contribute significantly to the country's rich biodiversity.

💚 The main purpose of World Snake Day is to correct common misconceptions about snakes, promote understanding of their ecological importance, and encourage the conservation of snake species that are threatened by habitat loss and human activities.

🐍✨ While snakes are often viewed only as dangerous and venomous animals, they are, in reality, indispensable members of our planet's ecosystems. On this World Snake Day, let's appreciate their role in nature and work together to protect wildlife and biodiversity.

🌸  Happy Myanmar Women's Day🌸🩷ယနေ့ ဇူလိုင်လ (၃) ရက်နေ့သည် မြန်မာအမျိုးသမီးနေ့ ဖြစ်ပါသည်။ အမျိုးသမီးများသည် မိသားစု၊ လူမှ...
03/07/2026

🌸 Happy Myanmar Women's Day🌸
🩷ယနေ့ ဇူလိုင်လ (၃) ရက်နေ့သည် မြန်မာအမျိုးသမီးနေ့ ဖြစ်ပါသည်။ အမျိုးသမီးများသည် မိသားစု၊ လူမှုအသိုင်းအဝိုင်းနှင့် နိုင်ငံတိုးတက်ရေးအတွက် အရေးပါသော အင်အားတစ်ရပ်ဖြစ်ပါသည်။ အမျိုးသမီးတိုင်းတွင် ကိုယ်ပိုင်အရည်အချင်းများ၊ အိပ်မက်များနှင့် စွမ်းဆောင်နိုင်မှုများ ရှိကြပြီး မိမိတို့၏ ကြိုးစားအားထုတ်မှုများဖြင့် လူ့အဖွဲ့အစည်းကို အကျိုးပြုလျက်ရှိပါသည်။
🌿 အမျိုးသမီးတစ်ဦး၏ တန်ဖိုးသည် သူမ၏ ရုပ်ရည်၊ အသက်အရွယ် သို့မဟုတ် လူမှုအဆင့်အတန်းပေါ်တွင် မူတည်ခြင်းမရှိပါ။ မိမိကိုယ်ကို ယုံကြည်မှု၊ ကြိုးစားမှု၊ စိတ်ဓာတ်ခိုင်မာမှုနှင့် အခြားသူများအပေါ် ကောင်းမွန်သော သဘောထားတို့သည် အမျိုးသမီးတစ်ဦး၏ အမှန်တကယ်တန်ဖိုးကို ဖော်ပြပေးပါသည်။
💐 ယနေ့ခေတ်တွင် အမျိုးသမီးများသည် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့် နည်းပညာ၊ အုပ်ချုပ်ရေးနှင့် လူမှုဖွံ့ဖြိုးရေးကဏ္ဍများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိကြပါသည်။ ထိုကဲ့သို့သော ပါဝင်မှုများသည် မိသားစုများသာမက နိုင်ငံတစ်ခုလုံး၏ တိုးတက်မှုအတွက် အရေးပါသော အင်အားတစ်ရပ်ဖြစ်ပါသည်။
🌸မြန်မာအမျိုးသမီးများနေ့တွင် ထိုအရည်အချင်းများပိုင်ဆိုင်ထားသည့် မြန်မာအမျိုးသမီးတရပ်လုံးအား ဂုဏ်ပြုသကဲ့သို့ Htoo Zoos & Gardens Business Unit ရှိ ဥယျာဉ်သီးသီး၌ နယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေသော မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်မှု၊ ခွန်အားနှင့် တန်ဖိုးများကို လေးစားဂုဏ်ပြုအပ်ပြုအပ်ပါသည်။

......................................................
🌸 Happy Myanmar Women's Day 🌸

🩷 Today, 3 July, we celebrate Myanmar Women's Day.Women are a vital driving force behind the development of families, communities, and the nation. Every woman possesses unique talents, dreams, and the ability to make meaningful contributions to society through her dedication and hard work.

🌿 A woman's true value is not defined by her appearance, age, or social status. Instead, it is reflected in her self-confidence, determination, resilience, and kindness toward others.

💐 Today, women are actively contributing across various fields, including education, business, healthcare, science and technology, administration, and community development. Their dedication and achievements play an essential role in strengthening not only their families but also the nation's progress.

🌸 On this Myanmar Women's Day, we proudly celebrate and honor all Myanmar women for their strength, resilience, and achievements. We also extend our sincere appreciation to all the women serving across the various parks of the Htoo Zoos & Gardens Business Unit, whose commitment, hard work, and valuable contributions continue to make a positive impact every day.

Htoo Zoos & Gardens Business Unit လက်အောက်ရှိ "၂၀၂၅–၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ကြသော ဝန်ထမ်း...
01/07/2026

Htoo Zoos & Gardens Business Unit လက်အောက်ရှိ "၂၀၂၅–၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ကြသော ဝန်ထမ်းနှင့် ဝန်ထမ်းသား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနား" ကျင်းပခြင်း

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့တွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ရှင်းလင်းဆောင်ခန်းမ၌ Htoo Zoos & Gardens Business Unit လက်အောက်ရှိ ၂၀၂၅–၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသော ဝန်ထမ်းနှင့် ဝန်ထမ်းသား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် အမှုဆောင်အရာရှိချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိဘများနှင့် ဂုဏ်ပြုဆုချီးမြှင့်ခံရသော ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

Htoo Zoos & Gardens Business Unit အနေဖြင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ ပညာရေးဆိုင်ရာ အောင်မြင်မှုများကို အစဉ်တစိုက် အားပေးဂုဏ်ပြုလျက်ရှိပြီး ယနေ့အခမ်းအနားကိုလည်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသော ဝန်ထမ်းနှင့် ဝန်ထမ်းသား/သမီးများ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု ဂုဏ်ပြုရန်နှင့် ရှေ့ဆက်ပညာရေးခရီးလမ်းတွင် ပိုမိုထူးချွန်အောင်မြင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
အခမ်းအနားတွင် Htoo Zoos & Gardens Business Unit လက်အောက်ရှိ ၂၀၂၅–၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသော ဝန်ထမ်း(၂)ဦးနှင့် ဝန်ထမ်းသား/သမီး (၇)ဦး စုစုပေါင်း (၉) ဦး အား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

Htoo Zoos & Gardens Business Unit အနေဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်အမြဲ အလေးထားဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ ပညာရေး၊ လူမှုဘဝနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်ပံ့ပိုးအားပေးသွားမည်ဖြစ်ပါသည်။ ယနေ့ ဂုဏ်ပြုဆုချီးမြှင့်ခံရသော ဝန်ထမ်းနှင့် ဝန်ထမ်းသား/သမီးများအားလုံးအနေဖြင့် မိမိတို့၏ အောင်မြင်မှုကို အခြေခံ၍ ပိုမိုမြင့်မားသော ရည်မှန်းချက်များ ထားရှိကာ ပညာရေးလမ်းကြောင်းတွင် ဆက်လက်ကြိုးစားပြီး အဖွဲ့အစည်း၊ လူမှုအသိုက်အဝန်းနှင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုရသော အရည်အချင်းပြည့်ဝသည့် လူငယ်များ ဖြစ်လာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။








..........................................................
Htoo Zoos & Gardens Business Unit Holds Recognition Ceremony for Employees and Employees' Children Who Successfully Passed the 2025–2026 Matriculation Examination

On 1 July 2026, Htoo Zoos & Gardens Business Unit held a Recognition Ceremony for Employees and Employees' Children Who Successfully Passed the 2025–2026 Matriculation Examination at the Assembly Hall of Yangon Zoological Gardens.

The ceremony commenced with opening remarks delivered by the Chief Executive Officer and was attended by management representatives, employees, parents, and the award recipients.

As part of its ongoing commitment to employee welfare and human resource development, Htoo Zoos & Gardens Business Unit continuously recognizes and encourages the educational achievements of employees and their families. This ceremony was organized to honor the dedication and hard work of employees and employees' children who successfully passed the matriculation examination, while inspiring them to pursue greater academic excellence in their future educational journeys.

During the ceremony, a total of nine award recipients—comprising two employees and seven employees' children who successfully passed the 2025–2026 Matriculation Examination—were presented with certificates of recognition and cash awards in appreciation of their outstanding achievement.

Htoo Zoos & Gardens Business Unit remains committed to investing in human capital and will continue supporting the education, well-being, and future development of its employees and their families. We extend our heartfelt congratulations to all award recipients and wish them continued success as they pursue higher education and grow into capable individuals who will contribute positively to their organizations, communities, and the nation.








🐪🌍 ကမ္ဘာ့ကုလားအုတ်များနေ့ (World Camel Day) 🌍🐪June 22ကမ္ဘာ့ကုလားအုတ်နေ့ကို နှစ်စဉ် ဇွန်လ (၂၂) ရက်နေ့တွင် ကျင်းပကြပါသည်။ ...
22/06/2026

🐪🌍 ကမ္ဘာ့ကုလားအုတ်များနေ့ (World Camel Day) 🌍🐪
June 22

ကမ္ဘာ့ကုလားအုတ်နေ့ကို နှစ်စဉ် ဇွန်လ (၂၂) ရက်နေ့တွင် ကျင်းပကြပါသည်။ အိန္ဒိယ အပါအဝင် ကမ္ဘာ့လူဦးရေအများအပြား၏ အသက်မွေးဝမ်းကျောင်းမှုအတွက် ကုလားအုတ်များ သည် မရှိမဖြစ်အရေးကြီးသော တိရစ္ဆာန်များ ဖြစ်ကြပါသည်။ ကုလားအုတ်နို့သည် ပုံမှန် နို့ထွက်နို့ထက် အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သော နို့အစားထိုးနို့ဖြစ်ပါသည်။ 🥛✨

🌡️🌍 ကမ္ဘာကြီး ပူနွေးလာသည်နှင့်အမျှ ရာသီဥတုစိန်ခေါ်မှုများကို လိုက်လျောညီထွေဖြစ်စေ သည့် တစ်ခုတည်းသော အရင်းအမြစ်မှာ အပင်များနှင့် တိရစ္ဆာန်များ၏ မျိုးရိုးဗီဇအရင်းအမြစ် များပင်ဖြစ်ပါသည်။ ကုလားအုတ်များသည် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအတွက် လိုက်လျောညီ ထွေရှိသော တိရစ္ဆာန်မျိုးရိုးဗီဇအရင်းအမြစ် များအားလုံးထဲတွင် ထူးခြားသည့် နို့တိုက်သတ္တဝါ တစ်မျိုးဖြစ်ပါသည်။

🏜️🐪 ကုလားအုတ်များသည် သဲကန္တာရတွင်နေထိုင်သူများအတွက် ထူးခြားသော သဘာဝကပေးသည့် လက်ဆောင်တစ်ခုဟု ပြောနိုင်ပါသည်။ ကုလားအုတ်များသည် အလွန် ခံနိုင်ရည်ရှိပြီး သဘာဝတွင်လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်သည့်အပြင် ကမ္ဘာ့မိုးနည်းရေရှားဒေသများတွင် စားနပ်ရိက္ခာဖူလုံမှုအတွက် အာမခံချက်ကိုလည်းပေးနိုင်ပါသည်။ 🌿💧

🚢🏜️ ကုလားအုတ်များကို အပူပိုင်းသဲကန္တာရအတွင်း ခရီးသွားရာတွင် ဝန်စည်စလှယ်များ သယ်ဆောင်ရန် အသုံးပြုကြသည့်အတွက် “ကန္တာရသင်္ဘောများ” ဟုလည်း တင်စားခေါ်ဝေါ် ကြပါသည်။

🥛🤍 အိမ်မွေးကုလားအုပ်များသည် လူတို့အတွက် နို့နှင့်အသားကို ထောက်ပံ့ပေးသော နို့တိုက်သတ္တဝါများ ဖြစ်ကြပြီး ကုလားအုတ်နို့ကို “သဘာဝကပေးသော လက်ဆောင်” (သို့မဟုတ်) “ကန္တာရရွှေဖြူ” ဟု ပင်တင်စားခေါ်ဝေါ်ကြပါသည်။

💚🐪 ကန္တာရသင်္ဘော၊ ကန္တာရရွှေဖြူ ဟု တင်စားခေါ်ဝေါ် ဂုဏ်ပြုခြင်းခံရသည့် ကုလားအုတ်များအား လူသားတို့မှ ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်စေရန် ကမ္ဘာ့ကုလားအုတ်များနေ့တွင် ကုလားအုတ်များ၏ အကျိုးကျေးဇူးများကို ဂုဏ်ပြုမှတ်တမ်းတင်လိုက်ရအောင်။

....................................................
🐪🌍 World Camel Day 🌍🐪
June 22

World Camel Day is celebrated every year on June 22 to recognize the importance of camels and their contribution to human livelihoods around the world. 🌍✨

🐪💚 Camels play a vital role in supporting the lives of millions of people, especially in arid and desert regions. They provide milk, meat, transportation, and income for many communities.

🥛✨ Camel milk is highly nutritious and is considered a healthy alternative to conventional dairy products. It is often referred to as one of nature’s valuable gifts.

🌡️🏜️ As climate change continues to impact our planet, camels have become increasingly important due to their remarkable ability to adapt to harsh environments. Their resilience makes them a valuable resource for food security in dry and water-scarce regions.

🚢🐪 Known as the “Ships of the Desert,” camels have been used for centuries to transport people and goods across vast deserts. Their ability to survive long periods without water makes them one of the most unique mammals on Earth.

🤍🥛 Camel milk is often called “White Gold of the Desert” because of its nutritional value and importance to desert communities.

🌿🐪 On World Camel Day, let us celebrate these extraordinary animals and raise awareness about the need to protect and conserve them for future generations.

🦒🌍 ကမ္ဘာ့သစ်ကုလားအုတ်များနေ့ (World Giraffe Day) - ဇွန်လ ၂၁ ရက် 🌍🦒🌞 ကမ္ဘာ့သစ်ကုလားအုတ်များနေ့ကို ကမ္ဘာပေါ်တွင် အရှည်လျား...
21/06/2026

🦒🌍 ကမ္ဘာ့သစ်ကုလားအုတ်များနေ့ (World Giraffe Day) - ဇွန်လ ၂၁ ရက် 🌍🦒

🌞 ကမ္ဘာ့သစ်ကုလားအုတ်များနေ့ကို ကမ္ဘာပေါ်တွင် အရှည်လျားဆုံးနေ့ (သို့မဟုတ်) ည ကျရောက်သည့် ဇွန်လ (၂၁) ရက်နေ့တွင် နှစ်စဉ်ကျင်းပပါသည်။ ဤနေ့ကို ၂၀၁၄ ခုနှစ်မှစတင်၍ နမ်မီးဘီးယားနိုင်ငံအခြေစိုက် Giraffe Conservation Foundation (GCF) မှ ကမ္ဘာတစ်ဝန်းရှိ သစ်ကုလားအုတ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ရည်ရွယ်ကာ စတင်လှုံ့ဆော်ခဲ့ခြင်းဖြစ်ပါသည်။

🦒✨ ၂၀၂၆ ခုနှစ် World Giraffe Day ၏ ဆောင်ပုဒ်မှာ “Giraffe Behavior” (သစ်ကုလားအုတ်များ၏ အပြုအမူများ) ဖြစ်ပါသည်။

🌿 သစ်ကုလားအုတ်များသည် ၎င်းတို့၏ မြင့်မားသောအရပ်နှင့် ထူးခြားသည့် လည်ပင်းရှည်များကြောင့် လူသိများသော အာဖရိက ဆာဗားနား (Savanna) ဒေသ၏ အထင်ကရ တိရစ္ဆာန်များဖြစ်ပြီး ကမ္ဘာပေါ်တွင် အရပ်အရှည်ဆုံး နို့တိုက်သတ္တဝါများလည်း ဖြစ်ကြပါသည်။

🌳 သစ်ကုလားအုတ်များသည် ဂေဟစနစ်အတွင်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး အပင်များ၏ မျိုးပွားမှုနှင့် သဘာဝပတ်ဝန်းကျင် ဟန်ချက်ညီစေရန် ကူညီပေးကြပါသည်။ မြင့်မားသော သစ်ပင်များ၏ အရွက်များကို စားသုံးခြင်းဖြင့် အခြားသော တိရစ္ဆာန်မျိုးစိတ်များ ရှင်သန်နိုင်သည့် မျှတသော သဘာဝပတ်ဝန်းကျင်ကို ဖန်တီးပေးလျက်ရှိပါသည်။

📉 သို့သော် သစ်ကုလားအုတ်များသည် မကြာသေးမီ ဆယ်စုနှစ်များအတွင်း စိုးရိမ်ဖွယ် အကောင်ရေကျဆင်းမှုကို ရင်ဆိုင်နေရပါသည်။ ၁၉၈၀ ပြည့်နှစ်များတွင် သစ်ကုလားအုတ်ကောင်ရေ ၁၅၅,၀၀၀ ခန့်ရှိခဲ့သော်လည်း ယနေ့တွင် အာဖရိကတစ်တိုက်လုံး၌ ၁၁၇,၀၀၀ ခန့်သာ ကျန်ရှိတော့ပါသည်။ နှစ်ပေါင်း (၃၀) အတွင်း အကောင်ရေ ၃၀% ခန့် လျော့နည်းသွားခဲ့ပြီး ဖြစ်ပါသည်။

⚠️ အဓိက ခြိမ်းခြောက်မှုများမှာ -
🏞️ နေရင်းဒေသများ ဆုံးရှုံးလာခြင်း
🎯 တရားမဝင် အမဲလိုက်ခြင်း
👥🦒 လူနှင့် တောရိုင်းတိရစ္ဆာန်များအကြား ပဋိပက္ခများ ဖြစ်ပေါ်လာခြင်းတို့ ဖြစ်ပါသည်။

📚 IUCN Red List တွင် သစ်ကုလားအုတ် မျိုးစိတ်ခွဲအချို့ကို မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သော (Vulnerable - VU) နှင့် မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော (Critically Endangered - CR) မျိုးစိတ်များအဖြစ် သတ်မှတ်ထားပြီး အရေးတကြီး ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေကြောင်း ဖော်ပြထားပါသည်။

🌍💚 သစ်ကုလားအုတ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် အာဖရိကတိုက်၏ ဇီဝမျိုးစုံမျိုးကွဲများ၊ သဘာဝဂေဟစနစ်များနှင့် သဘာဝရှုခင်းများကို ဟန်ချက်ညီစေရန် များစွာအထောက်အကူပြုပါသည်။

🦒✨ အာဖရိက ဆာဗားနားမြက်ခင်းပြင်များ၏ အထင်ကရ သတ္တဝါများဖြစ်သည့် သစ်ကုလားအုတ်များကို အနာဂတ်မျိုးဆက်များအတွက် ဆက်လက်ရှင်သန်နိုင်စေရန် အားလုံးဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ကြပါစို့။ 💚🌿
🦒🌿..................................................
🦒🌍 World Giraffe Day – June 21 🌍🦒

🌞 World Giraffe Day is celebrated annually on June 21, the longest day (or night, depending on where you live) of the year. The day was established in 2014 by the Giraffe Conservation Foundation (GCF), based in Namibia, to raise awareness and support the conservation of giraffes worldwide.

🦒✨ The theme for World Giraffe Day 2026 is “Giraffe Behavior.”

🌿 Giraffes are the tallest land mammals on Earth and are among the most iconic animals of the African savanna. Known for their remarkable height and long necks, giraffes play an important role in maintaining healthy ecosystems.

🌳 By feeding on the leaves of tall trees, giraffes help shape vegetation and create balanced habitats that support many other species. They also contribute to the health and diversity of their natural environment.

📉 However, giraffe populations have declined significantly over recent decades. In the 1980s, there were approximately 155,000 giraffes across Africa. Today, only about 117,000 remain, representing a decline of nearly 30% over the past three decades.

⚠️ Major threats to giraffes include:
🏞️ Habitat loss
🎯 Illegal hunting and poaching
👥🦒 Human-wildlife conflict

📚 According to the IUCN Red List, several giraffe subspecies are classified as Vulnerable (VU) or Critically Endangered (CR), highlighting the urgent need for conservation efforts.

🌍💚 Protecting giraffes helps preserve Africa’s rich biodiversity, healthy ecosystems, and beautiful natural landscapes.

🦒✨ Let us work together to protect these magnificent animals and ensure that future generations can continue to admire the iconic giants of the African savanna. 💚🌿

🦒🌿

Address

Between Yangon-Mandalay Old Highway Between 256/2 And 257/0 Miles Near Ye Sein Dam
Naypyidaw

Alerts

Be the first to know and let us send you an email when Naypyitaw Zoological Garden posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Naypyitaw Zoological Garden:

Shortcuts

Share

Category