𝙼𝙴𝙾𝚆𝙸𝙽𝙶

𝙼𝙴𝙾𝚆𝙸𝙽𝙶 Cat Rescue And Care Shelter😻

📝 အလှူမှတ်တမ်းနှင့် ကျေးဇူးတင်လွှာ 📝(၃၁) ရက် ဩဂုတ်လမှာ ကျရောက်မယ့်တီတီ ဒေါ်မာမာဌေး (Daw Mar Mar Htay) ရဲ့ မွေးနေ့အမှတ်တရ...
12/08/2026

📝 အလှူမှတ်တမ်းနှင့် ကျေးဇူးတင်လွှာ 📝
(၃၁) ရက် ဩဂုတ်လမှာ ကျရောက်မယ့်
တီတီ ဒေါ်မာမာဌေး (Daw Mar Mar Htay) ရဲ့ မွေးနေ့အမှတ်တရအဖြစ်...

Bo Lay + Joanna ဇနီးမောင်နှံမှ Meowing ဂေဟာရှိ ကလေးများ၏ အစာအာဟာရနှင့် ဆေးဝါးကုသစရိတ်များအတွက် အလှူငွေ (၅၀,၀၀၀) ကျပ် (ငါးသောင်းကျပ်တိတိ) ကို မေတ္တာထား၍ လှူဒါန်းပေးခဲ့ပါတယ်ရှင့်။

မွေးနေ့ရှင် အန်တီဒေါ်မာမာဌေး
(Daw Mar Mar Htay) တစ်ယောက်
ကျရောက်မည့် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများစွာနဲ့ အမြဲအေးချမ်းပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။

မွေးနေ့အမှတ်တရအဖြစ် အကူအညီမဲ့နေတဲ့ ခွေး/ကြောင် ကလေးတွေရဲ့ ဗိုက်ဝရေးအတွက် မေတ္တာရှေ့ထား ပါဝင်လှူဒါန်းပေးခဲ့ကြတဲ့ မွေးနေ့ရှင် ဒေါ်မာမာဌေး နှင့်တကွ Bo Lay + Joanna ဇနီးမောင်နှံ မိသားစုဝင်များအားလုံး...

ဘဝမှာ လိုအင်ဆန္ဒမှန်သမျှ အကုန်ပြည့်ဝပြီး၊ ဘေးရန်အန္တရာယ်၊ ရောဂါဘယာအပေါင်းမှ ကင်းဝေးကြပါစေ။ စီးပွားလာဘ်လာဘများစွာလည်း ဒီရေအလား တိုးတက်အောင်မြင်ကာ ချစ်ရတဲ့ မိသားစုဝင်များနှင့်အတူ ပျော်ရွှင်ချမ်းမြေ့စွာ အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေကြောင်း Meowing ဂေဟာမှ လှိုက်လှိုက်လဲလဲ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်။ 🙏✨

ကလေးတွေ အခက်အခဲဖြစ်နေချိန်မှာ ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့အတွက် ကလေးတွေကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။ ❤️🐾

📍 ဂေဟာလိပ်စာ - မှော်ဘီမြို့နယ်၊ မြောင်းတကာ၊ အေးချမ်းမှတ်တိုင်အနီး၊ Meowing ဂေဟာ။

💳 Kpay / Wave / Aya Pay - 09 9677 67662 (Nay Lin Mg)
🏦 Aya Bank - 20026338286 (U Nay Lin Maung)
📞 ဆက်သွယ်ရန်ဖုန်း - 09 9677 67662 / 09 9750 76066

ကိုဇော်လွန်းနောင် (AKA Adam) ၏ ၂၆ နှစ်ပြည့် မွေးနေ့အလှူလေးပါရှင့်ကိုဇော်လွန်းနောင် (AKA Adam) မှ Meowing ဂေဟာရှိ ကလေးမျာ...
12/08/2026

ကိုဇော်လွန်းနောင် (AKA Adam) ၏ ၂၆ နှစ်ပြည့် မွေးနေ့အလှူလေးပါရှင့်

ကိုဇော်လွန်းနောင် (AKA Adam) မှ Meowing ဂေဟာရှိ ကလေးများ၏ အစာအာဟာရနှင့် ဆေးဝါးကုသစရိတ်များအတွက် အလှူငွေ (၁၀၀,၀၀၀) ကျပ် (တစ်သိန်းကျပ်တိတိ) ကို ရက်ရက်ရောရော လှူဒါန်းပေးခဲ့ပါတယ်ရှင့်။

အခုလို မွေးနေ့အလှူအဖြစ် ကလေးတွေအတွက် မေတ္တာထား လှူဒါန်းပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ မွေးနေ့ရှင် ကိုဇော်လွန်းနောင် (AKA Adam) တစ်ယောက် ဒီကနေ့ကစပြီး နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကာ ဘေးရန်အပေါင်းမှ ကင်းဝေးပြီး လိုအင်ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။ 🙏✨

ကလေးတွေ အခက်အခဲဖြစ်နေချိန်မှာ မေတ္တာထားပြီး ပါဝင်လှူဒါန်းပေးတဲ့အတွက် ဂေဟာက ကလေးတွေကိုယ်စား လှိုက်လှိုက်လဲလဲ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ ❤️🐾

📍 ဂေဟာလိပ်စာ - မှော်ဘီမြို့နယ်၊ မြောင်းတကာ၊ အေးချမ်းမှတ်တိုင်အနီး၊ Meowing ဂေဟာ။
💳 Kpay / Wave / Aya Pay - 09 9677 67662 (Nay Lin Mg)
🏦 Aya Bank - 20026338286 (U Nay Lin Maung)
📞 ဆက်သွယ်ရန်ဖုန်း - 09 9677 67662 / 09 9750 76066

ဝမ်းသာစရာ‌သတင်း‌ေလးပါဝင်ကီလေးမျက်လုံးကို နေ့တိုင်းသန့်ရှင်းရေးလုပ်ပေးမျက်စဉ်းခပ်ပေးလုပ်ပေးရင်းနဲ့  မျက်လုံးလေးသက်သာသွားပ...
05/08/2026

ဝမ်းသာစရာ‌သတင်း‌ေလးပါ
ဝင်ကီလေးမျက်လုံးကို နေ့တိုင်းသန့်ရှင်းရေးလုပ်ပေး
မျက်စဉ်းခပ်ပေးလုပ်ပေးရင်းနဲ့ မျက်လုံးလေးသက်သာသွားပြီ ခွဲစိတ်စရာမလိုတော့ဘူးကွယ်
သူ့အရွယ်လေးနဲ့ မေ့ဆေးဒဏ်နဲ့ ခွဲကြောင်း နဲ့ဆို သူသက်သာမှာ မဟုတ်ဘူး အားလုံးရဲ့ ဆုတောင်းနဲ့ မေတ္တာတွေကြောင့် ကလေးလေး နေကောင်းကျန်းမာလာပါပြီ🥰

(14 Sept 2022) ရက်နေ့တွင် ကွယ်လွန်သွားသော ချစ်လှစွာသော ကြောင်သမီးလေး ပုကြိ အား ရည်စူး၍...​ကြောင်လေး ပုကြိ ရဲ့ မိသားစုမှ ...
03/08/2026

(14 Sept 2022) ရက်နေ့တွင် ကွယ်လွန်သွားသော ချစ်လှစွာသော ကြောင်သမီးလေး ပုကြိ အား ရည်စူး၍...

​ကြောင်လေး ပုကြိ ရဲ့ မိသားစုမှ Meowing ဂေဟာရှိ ကလေးများ၏ အစာအာဟာရနှင့် ဆေးဝါးကုသစရိတ်များအတွက် အလှူငွေ (၁၀၀,၀၀၀) ကျပ် (တစ်သိန်းကျပ်တိတိ) ကို ရက်ရက်ရောရော ပါဝင်လှူဒါန်းပေးခဲ့ပါတယ်ရှင့်။

​အခုလို မွန်မြတ်လှတဲ့ အလှူဒါနကုသိုလ်ကောင်းမှုကြောင့် ချစ်ရတဲ့ သမီးလေးပုကြိ သည်လည်း ရောက်ရာဘုံဘဝမှ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါစေ။ ဘဝဆက်တိုင်းမှာလည်း အခက်အခဲ၊ နာကျင်မှု ရောဂါဘယာတွေ ကင်းဝေးပြီး ချစ်ခင်ကြင်နာတတ်သူများနှင့်သာ ဆုံတွေ့ကာ အေးချမ်းသာယာသော ဘဝကောင်းတွင် လွတ်လပ်ပျော်ရွှင်စွာ ရောက်ရှိစောင့်ရှောက်ခံရပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်။ 🙏🐾✨

​ကြောင်လေး ပုကြိ ကို အမြဲမပြတ် သတိရလွမ်းဆွတ်လျက် အကူအညီမဲ့နေတဲ့ တခြားသော ကြောင်လေးတွေအတွက် မေတ္တာရှေ့ထားပြီး ပါဝင်လှူဒါန်းပေးခဲ့ကြတဲ့ မိသားစုဝင်များအားလုံးလည်း ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံကာ စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်အောင်မြင်ကြပါစေရှင့်။ ဂေဟာက ကလေးတွေကိုယ်စား လှိုက်လှိုက်လဲလဲ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ ❤️

​📍 ဂေဟာလိပ်စာ - မှော်ဘီမြို့နယ်၊ မြောင်းတကာ၊ အေးချမ်းမှတ်တိုင်အနီး၊ Meowing ဂေဟာ။

💳 Kpay / Wave / Aya Pay - 09 9677 67662
(Nay Lin Mg)
🏦 Aya Bank - 20026338286 (U Nay Lin Maung)
📞 ဆက်သွယ်ရန်ဖုန်း - 09 9677 67662 / 09 9750 76066

(၁.၇.၂၀၂၆) ရက်နေ့တွင် ကွယ်လွန်သွားသော ချစ်ရတဲ့ ကြောင်သားလေး ဒီးဒီး (၁) လပြည့် အလှူအဖြစ်...သားလေး ဒီးဒီး မိသားစုမှ Meowin...
03/08/2026

(၁.၇.၂၀၂၆) ရက်နေ့တွင် ကွယ်လွန်သွားသော ချစ်ရတဲ့ ကြောင်သားလေး ဒီးဒီး (၁) လပြည့် အလှူအဖြစ်...

သားလေး ဒီးဒီး မိသားစုမှ Meowing ဂေဟာရှိ ကလေးများ၏ အစာအာဟာရနှင့် ဆေးဝါးကုသစရိတ်များအတွက် အလှူငွေ (၅၀,၀၀၀) ကျပ် (ငါးသောင်းကျပ်တိတိ) ကို ရက်ရက်ရောရော ပါဝင်လှူဒါန်းပေးခဲ့ပါတယ်ရှင့်။

အခုလို မွန်မြတ်လှတဲ့ အလှူဒါနကုသိုလ်ကောင်းမှုကြောင့် ချစ်ရတဲ့ သားလေး ဒီးဒီး သည်လည်း ရောက်ရာဘုံဘဝမှ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပြီး အေးချမ်းတဲ့ ကောင်းရာသုဂတိဘုံဘဝသို့ ရောက်ရှိခံစားနိုင်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်။ 🙏

ကလေးတွေ အခက်အခဲဖြစ်နေချိန်မှာ သားလေးကို သတိရလွမ်းဆွတ်လျက် မေတ္တာထားပြီး ပါဝင်လှူဒါန်းပေးခဲ့ကြတဲ့ မိသားစုဝင်များအားလုံးလည်း ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံကာ လုပ်ငန်းကိုင်ငန်းများ ဒီရေအလား တိုးတက်အောင်မြင်ကြပါစေရှင့်။ ဂေဟာက ကလေးတွေကိုယ်စား လှိုက်လှိုက်လဲလဲ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ ❤️🐾

📍 ဂေဟာလိပ်စာ - မှော်ဘီမြို့နယ်၊ မြောင်းတကာ၊ အေးချမ်းမှတ်တိုင်အနီး၊ Meowing ဂေဟာ။

💳 Kpay / Wave / Aya Pay - 09 9677 67662 (Nay Lin Mg)

🏦 Aya Bank - 20026338286 (U Nay Lin Maung)

📞 ဆက်သွယ်ရန်ဖုန်း - 09 9677 67662 / 09 9750 76066

03/08/2026

"ငွေကြေးလှူဒါန်းစရာ မလိုဘဲ စာသားလေး တစ်ကြောင်းရေးပေးရုံနဲ့ ကလေးတွေကို ကယ်တင်ပေးပါရှင် 🥺🙏"

​မင်္ဂလာပါရှင်... Meowing ဂေဟာက ကလေးတွေအတွက် အရေးတကြီး အကူအညီလေးတစ်ခု တောင်းချင်လို့ပါရှင့်

​အခုရက်ပိုင်း ဂေဟာရဲ့ Page လေးကနေ သနားစရာ ဒဏ်ရာတွေနဲ့ ရောက်လာတဲ့ Winky လေးရဲ့ မျက်လုံးအနာပုံတွေ တင်မိတာကို Facebook က စည်းကမ်း (Community Standard) နဲ့ မညီဘူးဆိုပြီးReach တွေချကာ Page ကို အဝါကတ်ပြပြီး ကန့်သတ် (Restrict) လုပ်လိုက်ပါတယ်ရှင်။

အဲဒီလို ဖြစ်သွားတဲ့အတွက် ဂေဟာက ကလေးတွေ ထမင်းငတ်နေတဲ့အကြောင်း၊ ဆေးဖိုးအခက်အခဲ ဖြစ်နေတဲ့အကြောင်း တင်တဲ့ ပို့စ်တွေက အလှူရှင်တွေဆီ လုံးဝ မရောက်တော့ဘဲ ကလေးတွေအတွက် အရမ်းကို အထိနာနေရပါတယ်ရှင့်။ 😭

ဒါကြောင့် Page လေး နဂိုအတိုင်း ပြန်ဖြစ်ပြီး ကလေးတွေရဲ့ အသံလေးတွေ အလှူရှင်တွေဆီ ပြန်ရောက်နိုင်ဖို့အတွက်... မင်မင်တို့ ဂေဟာလေးကို ချစ်တဲ့သူတွေ၊ ကလေးတွေကို သနားတဲ့သူတွေအနေနဲ့ Page ရဲ့ "Reviews" နေရာလေးမှာ ဝင်ပြီး Review ကောင်းကောင်းလေးတွေ ရေးပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်ရှင်

ကွယ်လွန်သူ မိခင်ကြီး ဒေါ်သန်းသန်းလှိုင် အား ရည်စူး၍...​သမီးဖြစ်သူ မိုးမမဝသန် မှ Meowing ဂေဟာရှိ ကလေးများ၏ အစာအာဟာရနှင့် ...
03/08/2026

ကွယ်လွန်သူ မိခင်ကြီး ဒေါ်သန်းသန်းလှိုင် အား ရည်စူး၍...

​သမီးဖြစ်သူ မိုးမမဝသန် မှ Meowing ဂေဟာရှိ ကလေးများ၏ အစာအာဟာရနှင့် ဆေးဝါးကုသစရိတ်များအတွက် အလှူငွေ (၁၅၀,၀၀၀) ကျပ်
(တစ်သိန်းငါးသောင်းကျပ်တိတိ) ကို လှူဒါန်းပေးခဲ့ပါတယ်ရှင့်။

​အခုလို မွန်မြတ်လှတဲ့ အလှူဒါနကုသိုလ်ကောင်းမှုကြောင့် ရည်စူးထားသူ ကွယ်လွန်သူ မိခင်ကြီး ဒေါ်သန်းသန်းလှိုင် သည်လည်း ရောက်ရာဘုံဘဝမှ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပြီး ကောင်းရာသုဂတိသို့ ရောက်ရှိခံစားနိုင်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်။ 🙏

​ကလေးတွေ အခက်အခဲဖြစ်နေချိန်မှာ မေတ္တာထားပြီး ပါဝင်လှူဒါန်းပေးခဲ့တဲ့ အလှူရှင် မမိုးမမဝသန် နှင့်တကွ မိသားစုဝင်များအားလုံးလည်း ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံကာ လုပ်ငန်းကိုင်ငန်းများ ဒီရေအလား တိုးတက်အောင်မြင်ကြပါစေရှင့်။ ကလေးတွေကိုယ်စား လှိုက်လှိုက်လဲလဲ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ ❤️🐾

​📍 ဂေဟာလိပ်စာ - မှော်ဘီမြို့နယ်၊ မြောင်းတကာ၊ အေးချမ်းမှတ်တိုင်အနီး၊ Meowing ဂေဟာ။

💳 Kpay / Wave / Aya Pay - 09 9677 67662 (Nay Lin Mg)

🏦 Aya Bank - 20026338286 (U Nay Lin Maung)

📞 ဆက်သွယ်ရန်ဖုန်း - 09 9677 67662 / 09 9750 76066

ကွယ်လွန်သူ အဖိုး၊ အဖွားများ နှင့် အဒေါ်ဖြစ်သူ ဒေါ်ခင်ရီ၊ ဒေါ်စန်းဝင်း တို့အား ရည်စူး၍...ဦးမောင်မြင့် + ဒေါ်အေးအေးမော် မိ...
03/08/2026

ကွယ်လွန်သူ အဖိုး၊ အဖွားများ နှင့် အဒေါ်ဖြစ်သူ ဒေါ်ခင်ရီ၊ ဒေါ်စန်းဝင်း တို့အား ရည်စူး၍...

ဦးမောင်မြင့် + ဒေါ်အေးအေးမော် မိသားစု မှ Meowing ဂေဟာရှိ ကလေးများ၏ အစာအာဟာရနှင့် ဆေးဝါးကုသစရိတ်များအတွက် အလှူငွေ (၂၀၀,၀၀၀) ကျပ် (နှစ်သိန်းကျပ်တိတိ) ကို ရက်ရက်ရောရော လှူဒါန်းပေးခဲ့ပါတယ်ရှင့်။

အခုလို မွန်မြတ်လှတဲ့ အလှူဒါနကုသိုလ်ကောင်းမှုကြောင့် ရည်စူးထားသူ ကွယ်လွန်သူ အဖိုး၊ အဖွားများ နှင့် အဒေါ် ခင်ရီ၊ အဒေါ်စန်းဝင်း တို့သည်လည်း ရောက်ရာဘုံဘဝမှ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပြီး ကောင်းရာသုဂတိသို့ ရောက်ရှိခံစားနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်။ 🙏

ကလေးတွေ အခက်အခဲဖြစ်နေချိန်မှာ
သနားစရာစွန့်ပစ်ခံ ကြောင်လေးတေွရဲ့
အစာအဟာရ ဆေးကုသစရိတ် တွေအတွက်
လှူဒါန်းပေးကြတဲ့ အလှူရှင်
ဦးမောင်မြင့် နှင့်ဒေါ်အေးအေးမော် နှင့်တကွ မိသားစုဝင်များအားလုံးလည်း ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံကာ စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်အောင်မြင်ကြပါစေရှင့်။ ကလေးတွေကိုယ်စား လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ပါတယ်ရှင်။ ❤️🐾

တကယ်ကို ရှက်လည်းရှက်၊ စိတ်လည်း အရမ်းပင်ပန်းနေပြီ  ဂေဟာမှာ ဗိုက်ဆာလို့ အော်နေကြတဲ့ ကလေးတွေကို မြင်ရတော့ ဘာမာန၊ ဘာအရှက်မှ ...
01/08/2026

တကယ်ကို ရှက်လည်းရှက်၊ စိတ်လည်း အရမ်းပင်ပန်းနေပြီ

ဂေဟာမှာ ဗိုက်ဆာလို့ အော်နေကြတဲ့ ကလေးတွေကို မြင်ရတော့ ဘာမာန၊ ဘာအရှက်မှ မတွေးနိုင်တော့ဘဲ မျက်နှာပူပူနဲ့ပဲ ထပ်ပြီး အကူအညီ တောင်းနေရတယ်

နေ့တိုင်း ကြက်သားအကြွေးပေးနေတဲ့ ဈေးသည်ကိုလည်း မျက်နှာပူလွန်းလို့ ထပ်ပြီး အကြွေးမယူရဲတော့ပါဘူး ဆေးခန်းက အကြွေးတွေအတွက်လည်း တကယ်ကို လည်ပင်းကျွံနေပါပြီ

စိတ်ဓာတ်တွေပါကျတယ် ပိုစ့်လဲ လူ မမြင်ဘူး
အစာအိတ်လေးတစ်အိတ်စာတောင် မပြည့်သေးဘူး
ဘာဆက်လုပ်လို့လုပ်ရမှန်း မသိ
Tay သာ Tay လိုက်ချင်တော့တယ်

"ကလေးတွေ ငတ်မယ့်ဘေးနဲ့ ဆေးဖိုးအကြွေး အသားငါး အကြွေး တွေကြားမှာရှေ့ဆက်ရပ်တည်နိုင်ဖို့ တကယ်ကို အခက်အခဲ ဖြစ်နေပါပြီရှင် 🥺"မ...
01/08/2026

"ကလေးတွေ ငတ်မယ့်ဘေးနဲ့ ဆေးဖိုးအကြွေး အသားငါး အကြွေး တွေကြားမှာ
ရှေ့ဆက်ရပ်တည်နိုင်ဖို့ တကယ်ကို အခက်အခဲ ဖြစ်နေပါပြီရှင် 🥺"

မနေ့က Winky လေးနဲ့ ဂေဟာက ကလေးတွေအတွက် သြဂုတ်လ အလှူခံပို့စ်လေး တင်ခဲ့ပေမယ့် တစ်ရက်သာ အချိန်ပြည့်သွားတယ်
ကလေးတွေအတွက် အစာတစ်အိတ်စာဖိုးလေးတောင် မပြည့်သေးလို့ မင်မင်တို့ တကယ်ကို စိတ်ပူပြီး ရင်လေးနေရပါတယ်ရှင့်😓

လောလောဆယ် ဂေဟာမှာ ကလေးတွေရဲ့ နေ့စဉ်စားသောက်ရေးနဲ့ ကျန်းမာရေးအတွက် အခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်...

အစာခြောက် အစာစိုဘူးတွေ တွေလဲ တစ်ရက် နှစ်ရက်ဘဲ ရှိပါတော့တယ်
ကလေးတွေ ပြုတ်ကျွေးနေတဲ့ ကြက်သားသည်ကို အကြွေးရှင်းဖို့ ရော
Winky လေးနဲ့ တခြား နေမကောင်းတဲ့ ကလေးတွေအတွက် ဆေးခန်းပြထားတဲ့ ဆေးဖိုးအကြွေးတွေ ပေးစရာရှိနေပါတယ်

ကလေးတွေက ဗိုက်ဆာရင် ဆာကြောင်း၊ နာရင် နာကြောင်း လူတွေလို နှုတ်ကနေ ဖွင့်မပြောတတ်ရှာပါဘူးမင်မင်တို့မှာလည်း ဒီကလေးတွေကို ငတ်မနေစေဖို့နဲ့ ဆေးဝါးမပြတ်စေဖို့ အစွမ်းကုန် ကြိုးစားနေပေမယ့် အခုလို အခြေအနေမျိုးမှာ အလှူရှင်တွေရဲ့ အကူအညီမပါဘဲ ရှေ့ဆက်ဖို့က တကယ်ကို မဖြစ်နိုင်တော့လို့ပါ

ကြက်သားသည်ကို အကြွေးမရှင်းနိုင်ရင် နောက်ရက်တွေ ကလေးတွေ ဘာနဲ့ ကျွေးရမလဲ၊ ဆေးဖိုးအကြွေးတွေ မရှင်းနိုင်ရင် ဆေးခန်းဆက်ပြဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ သောကတွေနဲ့ မင်မင်တစ် ယောက်လဲ တော်တော်လေး စိတ်ဖိစီးရပါတယ်

ဒါကြောင့် နည်းသည်၊ များသည်မဆို တစ်ထောင်၊ ငါးထောင်ကစပြီး ကလေးတွေရဲ့ အသက်ဆက်ဖို့အတွက် မေတ္တာထားပြီး ကူညီပေးကြပါဦးလို့ တောင်းဆိုပါရစေရှင့်
ကလေးတွေရဲ့ မျက်နှာလေးတွေကို ထောက်ထားပြီး တစ်တပ်တစ်အား ဝိုင်းဝန်းဖေးမပေးကြပါဦးနော်။ 🙏🐾

ကိုယ်တိုင် မလှူဒါန်းပေးနိုင်‌ေသးရင်‌ တောင်
Post လေးကိုလဲအလှူရှင်တွေ မြင်အောင်ဝိုင်း Share ပေးခြင်း ဖြင့်လဲ ကူပေးလို့ရပါတယ်ရှင့်🙏🏻

📍 ဂေဟာလိပ်စာ - မှော်ဘီမြို့နယ်၊ မြောင်းတကာ၊ အေးချမ်းမှတ်တိုင်အနီး၊ Meowing ဂေဟာ။

💳 Kpay / Wave / Aya Pay - 09 9677 67662 (Nay Lin Mg)

🏦 Aya Bank - 20026338286 (U Nay Lin Maung)

📞 ဆက်သွယ်ရန်ဖုန်း - 09 9677 67662 / 09 9750 76066

Address

ပြည်လမ်းမ
Myaungtanga

Alerts

Be the first to know and let us send you an email when 𝙼𝙴𝙾𝚆𝙸𝙽𝙶 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share