15/08/2026
Harmony Nature Studio မှ ဒီ ၁ ပတ်အတွင်း ဆင်ပေးဖြစ်ခဲ့တဲ့ hardscape လေးတွေပါ။
ပထမပုံက ၁ ပေပတ်လည် ကန်အတွက် ဖြစ်ပြီး ဒုတိယပုံကတော့ ၂ပေခွဲ ၁ပေခွဲ ကန် အတွက်ပါ။
Client ၂ ယောက်လုံးက ရိုးရှင်းပြီး၊ သဘာဝ ဆန်တာ ကြိုက်တယ်ဆိုလို့
Nature style ပဲ လုပ်ပေးဖြစ်ခဲ့ပါတယ်။
၁ ပေပတ်လည် ကန်လေးကတော့ betta လည်းထားမယ် ဆိုတော့ အတောင်တွေနဲ့ညိတာ ပြဲတာ မဖြစ်ရလေအောင် round edges နဲ့ client ညီမလေးတောင်းဆိုတဲ့အတိုင်း လုပ်ပေးထားပါတယ်။ 🪨🌱
၂ ပေခွဲ ၁ ပေခွဲ ကန် ကတော့ လူစည်ကားတဲ့စားသောက်ဆိုင်မှာ ထားမှာလည်း ဖြစ်၊ client အစ်ကိုကလည်း သဘာဝကိုမှ wild & untamed theme လေး ကြိုက်တော့ explosive vibe အပြည့်နဲ့ sense of realism ကိုလည်းပေးနိုင်မယ့် hardscape လေး ဖန်တီးပေးဖြစ်ခဲ့ပါတယ်။ 🏞️
ကျွန်မတို့ Harmony Nature Studio team က client ရဲ့ စိတ်ကျေနပ်မှုကို အလေးထားပြီး၊ အချိန်တိကျ၊ ဈေးသက်သာစွာ အနုပညာ ဖန်တီးမှုတွေ ပေးနိုင်တဲ့အပြင်၊ ကန်ထဲမှာ ထည့်မွေးမယ့် သက်ရှိမျိုးစိတ်က အစ စိုက်မယ့်အပင်မျိုးစိတ်တွေ အဆုံး professional advice နဲ့ လမ်းညွှန်မှုတွေ ပေးနေတာမို့
စိတ်ဖိစီးစရာ တွေများတဲ့ လက်တွေ့ဘဝကနေ လွတ်မြောက်ဖို့ ခဏတာ ငေးမောစရာ သဘာဝ တရားရဲ့ အစိတ်အပိုင်းလေး မိမိဘေးမှာ ထားနိုင်အတွက် Harmony Nature Studio ကို ဆက်သွယ်လိုက်ပါနော် 🤍🖤🌱
Address: Ta/75, 58C Street, between 19th and 22nd Streets, Aungmyaytharzan, Mandalay, Myanmar.
Phone: 09664508826, 09777812188