Ceri’s Sanctuary

Ceri’s Sanctuary Welcome to Ceri’s Sanctuary 🤍🕊️✨

09/07/2026

“အိုအေစစ်လေးလေလား”

ဖတ်လက်စ စာအုပ်ထဲ
ကဗျာတစ်ပုဒ်တွေ့တယ်

ကဗျာမြင်ရင်
ရွတ်ချင်မိသူမို့

ကိုယ့်မှာ ရွတ်လို့ ဆိုမိတယ်

မြို့ပြဆူညံသံကြား

စုံလင်ငှက်တို့ရဲ့ သံစဉ်တွေ
လေညင်းကို ထိုးခွင်းလို့
နားစည်ကိုလာရိုက်တယ်

စိမ်းစိုတဲ့မြင်ကွင်းနဲ့
ယိမ်းနွဲ့သစ်ပင်မှာ
ခိုတွယ်နေတဲ့ လေညင်းလေးရယ်

မြင်ရသူမှာ
မြို့ကြီးပြကြီးက အိုအေစစ်လေးလေလား
ထင်မှားမှတ်ရတယ်

လေနုအေး🍃🌿

07/07/2026

“ဒီတိုင်းလေး…..တစ်နေ့တာ”

ဒီနေ့လေး
ဒီလို နေ့ရက်လေးတစ်နေ့
ဒီမြို့ ဒီနေရာပဲ
ဒီလူတွေနဲ့
ဒါပေမယ့်
ဒီလို နေ့ရက်တိုင်းကို
ဒီတိုင်းလေး ခရီးတစ်ခုရောက်နေသလို
ဒီတိုင်းလေး သဘောထားလို့
ဒီကျောပိုးအိတ်လေးတစ်လုံးဟာ
ဒီလိုနေ့ရက်တစ်ခုချင်းစီ
ဖြတ်သန်းဖို့ လုံလောက်ကြောင်း
ဒီတိုင်းလေး….. ဒီတိုင်းလေးပါပဲ
ဒီရက်သတ္တပတ်တာ ကာလဟာ
ဒီရက် တစ်ရက်ချင်း
ဒီခရီးတစ်ခုချင်းစီ ဖြတ်သန်းနေသလို …

လေနုအေး 🌿🍃

“Memories of the dead end”(2018) ကြည့်ရင်း သွားခဲ့ဖူးတဲ့ခရီးတွေကိုပါ သတိရပြီး ခရီးသွားတုန်းက နေ့ရက်တိုင်း အချိန်တိုင်းကို တန်ဖိုးရှိရှိသုံးခဲ့တာကို သတိရမိ သလို Reflect ဖြစ်မိပြီး လက်ရှိနေနေတဲ့နေရာမှာလည်း အဲ့လိုဖြတ်သန်းဖြစ်အောင် တွေးမိပြီး ရေးဖြစ်တဲ့ ကဗျာလေး🌸✨ #ကဗျာ

“အချစ်ပွင့်ဖတ်လေး”ချစ်တယ် ဆိုတာ အဝါရောင် ပန်းပွင့်လေးတစ်ပွင့် ဖြစ်နိုင်သလို အပြာစိမ်းရောင် ပင်လယ်နုနုလေးလည်းဖြစ်နိုင်တာပ...
26/06/2026

“အချစ်ပွင့်ဖတ်လေး”

ချစ်တယ် ဆိုတာ
အဝါရောင် ပန်းပွင့်လေးတစ်ပွင့်
ဖြစ်နိုင်သလို
အပြာစိမ်းရောင် ပင်လယ်နုနုလေးလည်း
ဖြစ်နိုင်တာပဲ
ချစ်ခြင်းမေတ္တာကို ခံစားရရင်
လူတွေက ပန်းပွင့်လေးဖြစ်သွားတတ်တယ်တဲ့

လုံခြုံနွေးထွေးတဲ့ ရင်ခွင်ထဲမှာ ရှိနေခွင့်ရတဲ့
နူးနူးညံ့ညံ့ ပွင့်ဖတ်လေးတွေနဲ့
ပန်းနုနုဝါဝါ ပန်းပွင့်လေး
ချစ်တယ် ပန်းဝါဝါလေး 🌼

လေနုအေး 🌼🌸🌿🍃

“Blooming in Love”

To love
may be to become a little yellow flower,
or perhaps a gentle turquoise sea.

They say that when people feel loved,
they bloom into delicate flowers.

Resting within a warm and safe embrace,
with soft and tender petals,
a pastel blossom of pink and yellow.

I love you,
my little yellow flower. 🌼

Laynu Aye 🌼🌸🌿🍃

21/05/2026

Maybe One Day!

I’ll meet someone
who has loving-kindness mindset
And I would love to fall for him.
Maybe that’s a “maybe” only.
Actually right now,
I’m burned out from falling in love.
But still
I’m waiting for the moment
when I’ll meet my soulmate💘

Today Poetry at Poetry Sanctuary🍃🌿

20/05/2026

“I’m COFFEE” ☕

You may love my scent and sweetness,
but sometimes,
you’ll also taste my bitterness.

And somehow,
both can become addictive.

If you can’t handle both,
you shouldn’t stay here with me.

Poetry Sanctuary 🍃🌿

☁️ပင်လောင်းက ဘဝရဲ့တွေးခေါ်ပုံအတော်များများကို ပြောင်းပေးခဲ့တယ် ✨🤍မနက်ခင်းအစောတွေက ဘယ်လောက်လှပပြီး ကြည်းနူးဆွတ်ပျံ့ဖွယ်ကေ...
23/03/2026

☁️ပင်လောင်းက ဘဝရဲ့တွေးခေါ်ပုံအတော်များများကို ပြောင်းပေးခဲ့တယ် ✨🤍

မနက်ခင်းအစောတွေက ဘယ်လောက်
လှပပြီး ကြည်းနူးဆွတ်ပျံ့ဖွယ်ကောင်းကြောင်း

တိတ်ဆိတ်ခြင်းက အထီးကျန်ခြင်းမဟုတ်ဘဲ
မိမိကိုယ်ကို
ရှာဖွေခြင်းနဲ့
ရှာတွေ့ခြင်း ဖြစ်ကြောင်း

လူဟာ ကျောပိုးအိတ်တစ်လုံးနဲ့လည်း ရပ်တည်လို့ရကြောင်း

ဘဝက ဒီလောက်လည်း ပျင်းစရာကောင်းတာမဟုတ်ကြောင်းနဲ့

စိတ်ငြိမ်းအေးခြင်းဟာ ကိုယ့်အပေါ်မှာတည်မှသာ တကယ်ငြိမ်းအေးမှာဖြစ်ကြောင်း

အထီးကျန်ခြင်းဆိုတာကိုက အထီးကျန်မနေတာဖြစ်ကြောင်း

ပြောပြပေးခဲ့တယ်

တချို့အရာတွေက သူ့ရဲ့တည်ရှိနေမှုလေးကတင်

ကိုယ့်ကို ခံစားရစေကြောင်း
တိုးတက်စေကြောင်း
လွမ်းမောစေကြောင်း
ပြည့်ဝစေကြောင်း

တစ်ခုခုကို မကြောက်ဘဲ …..

လုပ်ကြည့်စေဖို့ …
လုပ်နိုင်စေဖို့…

တွန်းအားတွေပေးနေကြောင်း မြင်လာရစေတယ် ✨✨✨

12/03/2026

အဲ့ဒီ့နေ့က နံရံနဲ့စကားပြောတာရပ်လိုက်တယ်
နံရံရဲ့ ဟိုဘက်ခြမ်းမှာ ဘာရှိနေမလဲဆိုတာ မျှော်ကြည့်ရင်း ပင်ပန်းနေခဲ့တာကို
မျှော်ကြည့်နေတုန်းက ပင်ပန်းမှန်းမသိခဲ့ဘူး

နံရံက ဘာလို့နံရံဖြစ်သွားတာလဲ
အခုထိမသိဘူး
သိချင်စိတ်တွေ ခန့်မှန်းကြည့်မိတာတွေကြား
တဖြည်းဖြည်း နံရံနဲ့စကားပြောရတာ အရမ်းမောလာတယ်

အဲ့ဒီ့နေ့က သနားစရာကောင်းတဲ့ ကိုယ့်ကိုယ်ကို တွေ့တယ် အားနာမိတယ်
ဒီလိုခံစားချက်မျိုးတွေဖြစ်ဖို့အခြေအနေတွေကို ထပ်ခွင့်မပြုတော့ဖို့ ကိုယ့်ကိုယ်ကို ကတိထားထားတယ်

လွတ်မြောက်သွားတယ်ထင်ရပေမယ့် တစ်ခုခုက ဆွဲထားနေတုန်းပဲ

တစ်ယောက်ယောက်က ငါ Stuck ဖြစ်နေတယ်လို့ပြောတာကြားရင် ဒီတိုင်း စကားလုံးတစ်ခုကို ကြားလိုက်ရတာလောက်ပဲ
ကိုယ်ကိုယ်တိုင် Stuck ဖြစ်နေရင်ကျ
ပင်ပင်ပန်းပန်း ဆွဲထုတ်နေရသလို

ပြန်လိုချင်လည်း မရနိုင်တော့တဲ့နေ့တွေ
ကိုယ်တိုင်ကပါ ခွင့်မပြုချင်တော့တဲ့အခါ …..

Address

Letpadan

Website

Alerts

Be the first to know and let us send you an email when Ceri’s Sanctuary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share