Nan Htike

Nan Htike Vet Clinic, Pet Accessories & Store, Pet Spa & Pet Hotel

O3 vit အားပေးနဲ့ သန်း၊မွှားအစက်ချဆေး Fronil အပါအဝင် ပစ္စည်းလေးတချို့ပြန်ရောက်ထားပါပြီနော် 🤩🤩 #အားဆေး   #တိရစ္ဆာန်သုံးဆေး...
28/07/2026

O3 vit အားပေးနဲ့ သန်း၊မွှားအစက်ချဆေး Fronil အပါအဝင် ပစ္စည်းလေးတချို့ပြန်ရောက်ထားပါပြီနော် 🤩🤩

#အားဆေး

#တိရစ္ဆာန်သုံးဆေးဝါးနှင့်ဆက်စပ်ပစ္စည်း #ကျိုင်းတုံ
#နန်းထိုက်

တစ်ကောင်တည်း ဒါပေမယ့်::::::ကြောင် 🫢
27/07/2026

တစ်ကောင်တည်း ဒါပေမယ့်
:
:
:
:
:
:
ကြောင် 🫢

သြော်.....ဒီအမေကတော့ 'ငါ့သားလေးက ရေမရောတဲ့လူပျိုစစ်စစ်ကြီးပါ'ဆိုပြီး ဝုမလေးတွေပိုင်ရှင်တွေကို ဒင်းမိန်းမရရေးအတွက်ပြောထား...
13/07/2026

သြော်.....ဒီအမေကတော့ 'ငါ့သားလေးက ရေမရောတဲ့လူပျိုစစ်စစ်ကြီးပါ'ဆိုပြီး ဝုမလေးတွေပိုင်ရှင်တွေကို ဒင်းမိန်းမရရေးအတွက်ပြောထားရတာလေ....ခုမှသိလိုက်ရတာက ကလေး ၇ ယောက်အဖေတဲ့လား 🥴
ကို biki မှ မအေအား တကွက်ပြ 💡
ခုမှ တကယ်ထွေးမေကြီးကိုဖြစ်လို့ 🥴🥴

အထူးသတိပြုရန် 👉 ပုံပါ ဝုမှာ ကလေး ၇ ကောင်အဖေဖြစ်သွားပါကြောင်းနှင့် ဝုမှ ၀ုဇနီးမဟုတ်သော တခြားဝုမလေးများအား ပရောပရည်နှင့် မရိုးသားသောအကြံ အစည်ဖြင့် မူစကူဒူးရန်သိသိသာသာသော်လည်း ကောင်း၊ မသိမသာသော်လည်းကောင်း လာရောက်ချည်းကပ်ခဲ့ပါက ပုံပါဝုအား တဝုတစ်မယားစနစ်ဖြင့် မင်းဂွတ်သီးဖြုတ်ပစ်မည်ဖြစ်ကြောင်းအား ထွေးမေကြီး (လက်ရှိ)မှ မျက်နှာပူစွာဖြင့် တောင်းပန်အပ်ပါသည် 😕

ချစ်သောညောင်လေးတွေကို 💢 အပြင်လေညှင်းခံခေါ်ထွက်မလား? 💢 အိမ်မှာမထားခဲ့ချင်ဘဲဟူးမန်းတို့သွားလေရာခေါ်သွားမလား? 💢 ကျန်းမာရေးစ...
09/07/2026

ချစ်သောညောင်လေးတွေကို
💢 အပြင်လေညှင်းခံခေါ်ထွက်မလား?
💢 အိမ်မှာမထားခဲ့ချင်ဘဲဟူးမန်းတို့သွားလေရာခေါ်သွားမလား?
💢 ကျန်းမာရေးစစ်ဆေးဖို့ ဆေးခန်းကိုပဲခေါ်သွားမလား?
ဒါမှမဟုတ်...
💢 Spa ကိုပဲရူပါရွှိုင်းဖို့ ပို့မလား? 🤔

😉 ဟူမန်းတို့ခေါ်သွားဖို့ရာ အဆင်ပြေစေဖို့အတွက် သယ်ပိုးစရာကျောပိုးအိတ်လေးတွေပြန်ရောက်ထားပါပြီ 💞 ရွေးချယ်စရာအရောင်လေးတွေကလည်း ၅ ရောင်ရှိတာကြောင့် ဟူးမန်းတို့နှစ်သက်ရာအရောင်လေးကို အားပေးလို့ရပါတယ်နော် 😻😽

🪴🪴🪴 ညောင်လေးတွေအတွက် နံရံကပ်ကြောင်ဆေးပင်အလုံးလေးတွေလည်း ရောက်ထားပါပြီ၊ order တင်ထားသူလေးများ မိမိတို့စိတ်တိုင်းကျ လိုအပ်သလိုအားပေးနိုင်ပါပြီနော် ✨✨


#သယ်ပိုးအိတ်
#ကြောင်ဆေးပင်
#တိရစ္ဆာန်အသုံးအဆောင်များ
#ကျိုင်းတုံမြို့

Vet တို့နှင့် အလွဲများ တနေ့က ဖြစ်သည်။မေး - ကြောင်အထီးလေးကိုသင်းကွပ်ချင်လို့ပါ၊ ရက်ချိန်းလေးကြိုယူချင်လို့ပါရှင့်ဖြေ - ဟု...
05/07/2026

Vet တို့နှင့် အလွဲများ

တနေ့က ဖြစ်သည်။

မေး - ကြောင်အထီးလေးကိုသင်းကွပ်ချင်လို့ပါ၊ ရက်ချိန်းလေးကြိုယူချင်လို့ပါရှင့်
ဖြေ - ဟုတ်ကဲ့ရှင့်၊ ကလေးကအသက် ~~~~~~~~~~ စသဖြင့် လိုအပ်သည်များကိုမေးမြန်းပြီးနောက်....ရက်လေးပြန်ညှိပြီးရင် ဖုန်းလေးပြန်ဆက်ပေးပါ့မယ်နော်
မေး - ဟုတ်ဟုတ်၊ ဪ ထပ်ပြီးမေးချင်တာလေးရှိသေးလို့ရှင့်၊ အဲ့ဥလေးကလေ ဖြုတ်ပြီးရင် သားပြန်ဆက်ချင်တဲ့အခါမျိုးမှာရော အချိန်မရွေးပြန်တပ်ပေးလားရှင့်....
ဖြေ - ရှင်....အဲ့...အဲ့လိုတော့မရပါဘူးရှင် 😵‍💫😵

နောက်တကောလ်
မေး - ဆရာမရေ...ကျွန်တော့ကြောင်လေးကိုမိန်းမပေးစားချင်လို့ဗျ
ဖြေ - ဟုတ်ကဲ့ရှင့်၊ ကျွန်မတို့ကိုလာပြောထားတဲ့ထဲမှာတော့ သားစပ်ချင်တဲ့သူတော့မရှိသေးပါဘူးရှင့်၊ ပေးချင်တဲ့သူတော့ရှိတယ်ရှင့်
မေး - ရတယ် ဆရာမ၊ ကျွန်တော့ကောင်ကြီးအတွက်က ပေးစားမယ့်ကြောင်မလေးရောအဆင်သင့်ရှိပါတယ်ဗျ၊ ခက်တာက တစ်ခုပဲမရှိတာဗျ၊ မင်းဂွတ်သီးကဖြုတ်ထားပြီးသားဆိုတော့လေ...အဲ့ဒါ...
ဖြေ - ဟုတ်ကဲ့ ???
မေး - အဲ့ဒါ...ဆရာမဆီမှာ ဖြုတ်ပြီး သိမ်းထားမိတဲ့ဥလေးတွေများမရှိဘူးလားလို့ပါ အဟီး::::
ဖြေ - ရှင်.....ဘာတောင်ပြန်ပြောရမှန်းမသိ.....စိတ်ထဲရှိသမျှပြန်ပြောလိုက်ရရင်လည်း အဟင်း...ဟင်း... ဟင်း......နော် 🥴
(တော်သေး..တို့က မိန်းမမို့လို့၊ ‌ဆရာကျောက်ဆီသာဆက်ပြီး မရှိ၊ရှိတဲ့ဥသာတောင်းရင်တော့ မတွေးရဲစရာ...😝🤪)

မချစ်ရင်‌နေပါ၊ မကျေနပ်လို့မုန်းချင်ရင်လည်းမုန်းပါ၊ အဲ့လိုကြီးတွေတော့ လာ..လာမ‌နောက်ကျပါနဲ့နော်၊တောင်းပန်ပါတယ် pls 🙏




#ကျိုင်းတုံမြို့

ပြတ်သွားတဲ့ဆေးလေးတချို့နဲ့ Biocoll တံဆိပ်ဆေးလေးတွေတချို့ပြန်ရောက်ထားပါပြီရှင်၊ ဆီးသွားရခက်တဲ့.. ဆီးထဲမှာသွေးပါလာတတ်တဲ့တိ...
03/07/2026

ပြတ်သွားတဲ့ဆေးလေးတချို့နဲ့ Biocoll တံဆိပ်ဆေးလေးတွေတချို့ပြန်ရောက်ထားပါပြီရှင်၊ ဆီးသွားရခက်တဲ့.. ဆီးထဲမှာသွေးပါလာတတ်တဲ့တိလေးတွေအတွက်လည်း ဆီးဆေးနဲ့ ရောဂါအလိုက်အသုံးပြုပေးလို့ရတဲ့ ပိုးသတ်ဆေးလေးတွေပါ ပြန်ရောက်ထားပါပြီနော် ✨



#ကျိုင်းတုံမြို့

မိမိတို့ရဲ့ တိလေးတွေကို အနံ့လေးအမြဲ မွှေးမွှေးလေးဖြစ်စေချင်တဲ့သူလေးတွေအတွက် ဆိုင်မှာ အသင့်ရှိ ရေမွှေးလေးတွေကိုတင်ပေးလိုက...
02/07/2026

မိမိတို့ရဲ့ တိလေးတွေကို အနံ့လေးအမြဲ မွှေးမွှေးလေးဖြစ်စေချင်တဲ့သူလေးတွေအတွက် ဆိုင်မှာ အသင့်ရှိ ရေမွှေးလေးတွေကိုတင်ပေးလိုက်ပါတယ်နော် 😍
Spa မှာလည်းလက်ရှိ feedback ကောင်းရထားတဲ့ တံဆိပ်လေးတွေလည်းပါ၊ပါတယ်...



#ကျိုင်းတုံမြို့

🌟🌟🌟🌟🌟  ပြတ်သွားတဲ့ပစ္စည်းလေးတချို့ပြန်ဝင်ထားပါပြီ 🌟🌟🌟🌟🌟 သုံးဖူးသူတိုင်းအသည်းစွဲကြိုက်ကြတဲ့ အုန်သီးရှန်ပူလည်းပြန်ရောက်ထား...
26/06/2026

🌟🌟🌟🌟🌟 ပြတ်သွားတဲ့ပစ္စည်းလေးတချို့ပြန်ဝင်ထားပါပြီ 🌟🌟🌟🌟🌟

သုံးဖူးသူတိုင်းအသည်းစွဲကြိုက်ကြတဲ့ အုန်သီးရှန်ပူလည်းပြန်ရောက်ထားပါတယ်နော် 🥰 အိမ်ကသား ki ရော၊ spa မှာလည်း groomer မမတွေ ကိုယ်တိုင်သုံးပေးဖြစ်တဲ့ ရှန်ပူလေးဖြစ်လို့ ခုမှ တိလေးတွေအတွက် ရှန်ပူစသုံးပေးမယ့်သူလေးများ....အရွေးမမှားစေရဘူး စိတ်သာချထားလိုက်နော် 😉


🏠 ဆိုင်လိပ်စာ - အမှတ် (၅၇)၊ ကျိုင်းအင်းလမ်း၊ ​နောင်တုံကန်ပတ်လမ်းအနီး၊ ရပ်ကွက် (၅)၊ ကျိုင်းတုံမြို့

🕘 ဆိုင်ဖွင့်ချိန် - နေ့စဥ် နံနက် ၉ နာရီ မှ ည​ ၇:၃၀ နာရီအထိ နေ့စဉ်ပိတ်ရက်မရှိဖွင့်လှစ်ပါသည်။

☎️ ဆက်သွယ်ရန်... 👉👉 ph.09458030803, 09778038319, 09660807410





#ကျိုင်းတုံမြို့
#နန်းထိုက်

သူ့မွေးမေတော့မသိဘူး...ဒီကကျွေးမေရီးကတော့ ငယ်ကျွန်ကိုဖြစ်‌နေရော....ဒီကြားထဲလည်းမျက်နှာဆိုးနဲ့လှမ်းကြည့်တာတို့၊ အစာကျွေးဖိ...
25/06/2026

သူ့မွေးမေတော့မသိဘူး...ဒီကကျွေးမေရီးကတော့ ငယ်ကျွန်ကိုဖြစ်‌နေရော....ဒီကြားထဲလည်းမျက်နှာဆိုးနဲ့လှမ်းကြည့်တာတို့၊ အစာကျွေးဖို့ကိုလည်း (သူ့ရဲ့စိတ်ကြည်ခြင်းမကြည်ခြင်းပေါ်မျက်နှာကိုကြည့်ပြီး) ခခယယသွားခေါ်ရတာတို့ကတော့အပိုဆုပေါ့ 🥺

Me-O မှ Me-O ဆိုတဲ့ ဖန်လေးတွေအတွက် ဆိုင်မှာ အသင့်ရှိ Me-O လေးတွေကို တင်ပေးလိုက်ပါတယ်နော် 😋Creamy အရသာစုံ၊ pouch အရသာစုံရ...
24/06/2026

Me-O မှ Me-O ဆိုတဲ့ ဖန်လေးတွေအတွက် ဆိုင်မှာ အသင့်ရှိ Me-O လေးတွေကို တင်ပေးလိုက်ပါတယ်နော် 😋

Creamy အရသာစုံ၊ pouch အရသာစုံရပါမယ်နော် 🤗
မစုံ၊စုံအောင်ရှာထားရတာမလို့ တချို့ရှားပါးအရသာလေးတွေကတော့ ဦီးသူယူပါရှင် 😅

-O

#အစာခြောက်
#နန်းထိုက်
#ကျိုင်းတုံမြို့

Address

No . 57 Keng Inn Street
Kengtung
048049

Opening Hours

Monday 09:00 - 19:30
Tuesday 09:00 - 19:30
Wednesday 09:00 - 19:30
Thursday 09:00 - 19:30
Friday 09:00 - 19:30
Saturday 10:00 - 19:30
Sunday 10:00 - 19:30

Telephone

+959458030803

Alerts

Be the first to know and let us send you an email when Nan Htike posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nan Htike:

Shortcuts

Share

Category