Buu Thee Pet Food and Accessories

  • Home
  • Buu Thee Pet Food and Accessories

Buu Thee Pet Food and Accessories Pet foods , pet essential accessories and body care can get from our shop by good service and suitable price.

အစာမစားဘူးဆိုပြီးဒီတိုင်းနေမကောင်းတာပဲလို့မထင်ကြဖို့မင်မင့်အတွေ့အကြုံအရရော..ဘယ်လိုထိရောက်တဲ့ကုသနည်းမျိုးတွေကအဆင်ပြေတာဖြစ...
23/05/2026

အစာမစားဘူးဆိုပြီးဒီတိုင်းနေမကောင်းတာပဲလို့မထင်ကြဖို့မင်မင့်အတွေ့အကြုံအရရော..ဘယ်လိုထိရောက်တဲ့ကုသနည်းမျိုးတွေကအဆင်ပြေတာဖြစ်ကြောင်းမျှ​ေ၀ပေးလိုက်ပါတယ်..

မင်မင်ကလေးတွေ..ဒိုငယ်..ခေါပုတ်..ဇို၀ီတို့၃ယောက်လုံးရက်နောက်ကျသွားရင် ကုသနည်းသာမဟုတ်ခဲ့ရင်rainbow bridgeကနေကူးသွားလောက်ပါပီ..
ကလေးတွေအကုန်နီးပါလောက်ဘယ်ကလေးမဆ်ိုသူတို့ကိုယ်ခံအားအရတော့၃ရက် ၄ရက်လောက်တော့မှိန်းပြီးတောင့်ခံကြပါသေးတယ်..ကိုယ်ခံအားကမတိုက်နိုင်တော့မှသာအရေးပေါ်လိုဖြစ်ကြတာပါ..

ဒိုငယ်(ပထမဆုံးထမင်းအစားနည်းတယ်..ထမင်းစားပြီးရင်အရည်ကြည်တွေ​ေ၀ါ့ဆိုပြီးအန်ချတာကိုတွေ့ရပါတယ်..လူတွေမှာဆိုလေချဥ်ပြန်တက်သလိုအန်ထွက်တာမျိုးပါ..2ရက်လောက်ထိအစာကတဖြေးဖြေးနည်းသွားပြီး..အသက်ရှုတာလေချွန်သံလိုရွှီရွှီမြည်ပါတယ်..သေချာသတိထားမှသာသိသာတာမျိုးပါ..ဂရုတစိုက်ထပ်ကြည့်မိတော့ဗိုက်ကနေညှစ်ပြီးအသက်ရှုပါတယ်..heavy breathingပါ..အရမ်းဖုတ်လှိုက်ဖုတ်လှိုက်မဟုတ်ပေမဲ့ပုံမှန်တော့မဟုတ်ဘူးဆ်ိုတာသိရတာနဲ့ဆေးခန်းတတန်းသွားပါတယ်..သွေးတစ်ခါထဲစစ်လို့ရမဲ့ဆေးခန်းမျိုးကိုရွှေးချယ်ပြီးသွားပါတယ်..အန်တာနဲ့အသက်ရှုတာပါပုံတွေvideoတွေရိုက်ထားတာတွေဆရာ့ကိုပြောပြပြီးဆွေးနွေးပါတယ်..ဆရာကကျောက်ကပ်မကောင်းရင်လဲခုလ်ိုဖြစ်တတ်သလို..အဆုပ်နဲ့ပတ်သတ်တာဖြစ်ရင်လဲခုလ်ိုဖြစ်တတ်ကြောင်းပြောပါတယ်..သွေးစစ်ပြီးဓာတ်မှန်ရိုက်ရင်တိကျတဲ့အဖြေရကြောင်းပြောတော့ဆေးခန်းမှာသွေးစစ်ပြီးထားခဲ့ပါတယ်.. xrayကတော့crownမှာသွားရိုက်ခဲ့ပါတယ်..ဖြစ်တာတော့အဆုပ်ယောင်တာပါ..အချို့သောအဆုပ်ယောင်တာကကလေးတွေအတွက်silent killerပါ..မသိလိုက်ပဲဆိုရင်တပတ်လောက်တောင့်ခံပြီးခံစားရခက်တဲ့​ေ၀ဒနာနဲ့သေဆုံးကြတာမျိုးပါ..အဖြေတိကျတော့ထိရောက်တဲ့သောက်ဆေးတိုက်ပြီးနာရီ၀က်အကြာမှာတင်ဗ်ိုက်နဲ့ညှစ်ပြီးအသက်ရှုတာသ်ိသိသာလျော့ပြီး ညပိုင်းမှအစာစတောင်းလာပါတော့တယ်..ဒီလိုကနေပြန်သက်သာလာပြီးပိုးသတ်ဆေးပဲရက်ပြည့်တိုက်ရုံနဲ့ဆေးတချက်မထိုး အကြောဆေးတွေချိတ်စရာမလ်ိုပဲသောက်ဆေးနဲ့ပဲသက်သာလာခဲ့တာပါ)

ဇို၀ီ(၂ရက်လောက်ထမင်းမစားပုံမှန်စားနေကျမုန့်မစား..အရမ်းကြိုက်တာအနံ့မွှေးတာမျိုးဆိုအများစားနေကြကလေးကတခုလောက်ပဲစားတော့တာမျိုးပါ..ပုံမှန်တရက်လောက်ပဲစောင့်ကြည့်တော့ဗ်ိုက်ကအစာမစားပေမဲ့တင်းနေပါတယ်..ယောင်နေသလ်ိုမျိုးပါ..ပုံမှန်ဗ်ိုက်နဲ့မတူတာကိုလဲကိုယ့်ကလေးက်ိုခေါင်းစခြေဆုံးသေချာသိနေမှသာသတိထားမိမှာမျိုးပါ..ပုံမှန်ကိုယ်ခံအားကောင်းတဲ့ကလေးမို့တော်ရုံဆိုအစားခုလောက်ထိပျက်စရာမလိုတာကြောင့်မို့ဆေးခန်းတန်းသွားပါတယ်..ဆရာ့ကိုပြောပြတိုင်ပင်တော့သားအိမ်ပြည်တည်နာလို့ယူဆပါတယ်..ဗိုက်ထဲတန်းမြင်ရတဲ့usgရိုက်ပါတယ်..ဗိုက်ထဲမှာယောင်ပြီးပြည်တွေတွေ့ရပါတယ်..ခွဲရမယ်ပေါ့လေ..တန်းခွဲဖို့အတွက်သွေးစစ်ဖို့လိုကိုလိုပါတယ်..ပုံမှန်မဟုတ်တဲ့ပြည်တို့အရည်တို့ဗိုက်ထဲရှိနေပီဆိုရင်အတွင်းထဲကကလီဆာတွေဖြစ်တဲ့အသည်း ကျောက်ကပ်နဲ့အခြားသောအရာတွေဒဏ်ပိပြီးအလုပ်မလုပ်တော့ပျက်စီးတာမျိုးဖြစ်တာမို့ဘယ်လောက်အခြေအနေရောက်နေလဲဆိုတာသိဖို့သွေးစစ်ရတာဖြစ်ပါတယ်..ကျောက်ကပ်၀န်ပိအသည်းအင်ဇိုင်းတတ်နေတဲ့ကလေးမို့ကျောက်ကပ်နဲ့အသည်းအားဖြည့်တဲ့ဆေးonပါတယ်..အယောင်ကျဆေးပိုးသတ်ဆေး၂ရက်ထိုးရပါတယ်..ထိုးနေတဲ့ရက်အတွင်းမှာမအန်တဲ့ကလေးမျိုးမို့သူမစားလဲအတင်းကျွေးပါတယ်..ငှက်သိုက်ကြက်ပြုတ်မ၀င်၀င်အောင်တိုက်ပါတယ်..၂ရက်အပြီးမှခွဲပါတယ်..ခွဲစိတ်အပြီးမှာသတိလဲတန်းပြီးလမ်းလျောက်တဲ့ထိကိုယ်ခံအားအရမ်းကောင်းလို့ဆရာတွေတောင်အံ့သြပါတယ်..အဲလိုကယ်လာရင်ခုတော့ကျန်းမာတဲ့၀က်ကြီးဖြစ်နေပါပီ)

ခေါပုတ်(မင်မင်တို့ခရီးသွားတဲ့ရက်ကင်းမြီးကောက်ကိုကစားရာကနေရာအတော်များထိုးခံထိတယ်ထင်ပါတယ်..ကင်းမြီးကောက်အသေတွေ့လို့သာသိရတာပါ..ပထမရက်အစာမစားသူကြိုက်တာနည်းနည်းစား..ဒုတိယရက်ဘာမှမစားတော့သွေးထဲအဆိပ်ပြန့်ပြီးအနီစက်တွေထွက်..သားရေကျ..အထအကြွမလှုပ်ချင်တော့ဘူး..ခြေတုန်လက်တုန်ပေါ့..နေ့လည်မျက်နှာကြီးဖူးယောင်လာပါရော..ဆေးခန်းတန်းပြေး..ဆရာ့ကိုပြောတော့အဆိပ်ဖြေဆေးထိုး ဆေးတိုက်လုပ်ပါတယ်..မင်မင်ကဆေးခန်းသွားပီးရင်ဆေးထိုးဆေးကုပြီးရင်ဘယ်တော့မှတန်းမပြန်ပါဘူး..ဆေးအာနိသင်ပြတဲ့ထိနာရီ၀က်လောက်စောင့်ပါတယ်..စောင့်နေတဲ့အချိန်မှာ..ဆရာကလေးကခုလိုကြီးမောနေတာပုံမှန်လား..အသက်ရှုတာပုံမှနိလားဆိုပြီးခဏတိုင်းပြပြီးမေးပါတယ်..စောင့်နေချိန်အတွင်းအန်ချပါတယ်အချွဲတွေရောအရည်တွေရောပါ..အန်ပြီးတာနဲ့သူခေါင်းတုန်သလိုဖြစ်ပြီးပုံမှန်ထက်ပိုမောလာပါတယ်..ဆရာကအခြေအနေကိုကြည့်ပြီးအဆိပ်ကြောင့်ကျောက်ကပ်အသည်းထိတာများပြီးပျက်စီးရင်တော့အခြေအနေမကောင်းနိုင်ဘူးပြောပါတယ်..သွေးစစ်လိုက်ပါတယ်..အရမ်းထိတာမဟုတ်ပေမဲ့တော်တော်ဆိုးတဲ့ထိဖြစ်နေပါပီ..ကျောက်ကပ်ဆေးသလိုဖြစ်ဖို့dripချိတ်ရပါတယ်..အကြောကနေပဲစသွင်းပါတယ်..ဆေးခန်းကိုသွားပြတဲ့အချိန်ရောနောက်နေ့ဆေးခန်းသွားတဲ့ထိသေးမပေါက်ပါဘူး..ဗိုက်ကြီးကတော့ပူတင်းနေတာပေါ့..ကျောက်ကပ်အလုပ်မလုပ်သေးတာကြောင့်၀ိတ်ကအစားမစားလဲမကျသွားပဲပွနေတာပါ..ခြေထောက်တွေယောင်တယ်..ဆရာ့ကိုပြောတော့သွားပါလိမ့်မယ်ပြောပေမဲ့ဆီးမသွားတာ၂၄နာရီကျော်ပြီမို့usgထပ်ရိုက်ချင်ပါတယ်ပြောပြီးရိုက်လိုက်တော့သွေးရောင်လိုတွေ့တာနဲ့ဆရာကဆီးချုရမယ်ပြောပြီးဆီးစချုပါတယ်..ကံကောင်းတာထွက်လာတဲ့ဆီးကပုံမှန်ထက်နည်းနည်းပဲအရောင်ရင့်နေတာဖြစ်ပြီးသွေးတော့မပါပါဘူး..ဆီးရေသန့်ဘူးတစ်၀က်စာလောက်ထွက်တော့သူမောနေတာသိသိသာလျော့ပြီးလန်းလာပါတယ်..ကျောက်ကပ်နဲ့အသည်းအားဖြည့်ဆေးတွေတိုက်ရပါတယ်..တတိယနေ့မှာဆေးခန်းသွားခါနီးမှသူ့ကိုယ်တိုင်ဆီးသွားပါတယ်..ပျော်လိုက်တာမှလေဆီးသွားရင်ကျောက်ကပ်အလုပ်ပြန်စလုပ်ပြီဖြစ်လို့အရမ်းပျော်ရတာပါ..တတိယနေ့မှာတော့ဆရာကအဆိပ်ရှိအကောင်ထိုးမိသည်ဖြစ်စေ စားမိသည်ဖြစ်စေ ခုလိုလက္ခဏာပြပေမဲ့..ဗိုက်ထဲမှာသံချောင်းလိုမျိုးပြင်ပအရာတခုခုမြိုချမိလို့တခုခုရှိနေရင်လဲခုလိုအလားတူလက္ခဏာပြတတ်ကြောင်းရှင်းပြပါတယ်..ပိုပြီးရှင်းရှင်းလင်းလင်းသိရအောင်ဆိုရင်xrayရိုက်ကြည့်တာအကောင်းဆုံးဖြစ်တာမို့bahoမှာxrayထပ်ရိုက်ပါတယ်..ဗ်ိုက်ထဲဘာမှမရှိတာမို့စိတ်အေးလက်အေးစိတ်ချရပြီဖြစ်ကြောင်းဆရာကပြောပါတယ်..ဆီး၀မ်းမှန်ပေမဲ့အဆိပ်ကြောင့်လျှာကသံဂျေးရောင်ပေါက်နေတဲ့အချိန်သုံးရက်အတွင်းတော့ဘာမှမစားပါဘူး..မစားပေမဲ့အရေတော့၀င်အောင်ပိုက်နဲ့တိုက်ပေးခဲ့ပါတယ်..လျှာကကြေးနီရောင်ကနေပန်းရောင်ပြန်ပြောင်းသွားမှအစာစတောင်းပါတယ်..ခုတော့အကုန်သက်သာပြီးပြန်ကောင်းနေပါပီ)

ကလေးတွေနေမကောင်းဖြစ်တဲ့အချိန်မှာသွေးမစစ်ခင်မင်မင်တို့ကိုနှလုံးသန်ပုံမှန်တိုက်လား..ကာကွယ်ဆေးထိုးလား..သန်းမွှားကိုက်ခံဖူးလား..သန်ချလားအမြဲမေးပါတယ်..နေမကောင်းဖြစ်လို့သွေးစစ်တဲ့အချိန်နှလုံးသန်တ်ို့သန်းမွှားကြောင့်ဖြစ်တတ်တဲ့ရောဂါပိုးသာရှိနေရင်..အချိန်မှီမခွဲစိတ်နိုင်တာ..လိုအပ်တဲ့ဆေးကိုထိုးလို့မရတာမျိုးတွေဖြစ်နိုင်ပါတယ်..မင်မင့်ကလေးတွေကအကုန်ကင်းရှင်းပြီးစိတ်ချရလို့သာလိုအပ်တဲ့ကုသမှုကိုချက်ချင်းကုခဲ့နိုင်တာပါ..

ကိုယ့်မှာကိုယ့်မိသားစုကလေးတွေအတွက်အဓိကကျတဲ့ကာကွယ်ဆေး..သန်ချတာ..နှလုံးသန်..သန်းမွှားမရှိအောင်အမြဲစစ်ဖို့..အဲဒါလေးတွေကိုဂရုတစိုက်လုပ်ပေးကြဖို့ရယ်..ထမင်းမစားရင်နောက်ရက်စားမှာပါလို့မတွေးပဲအချိန်မှီဆေးခန်းသွားဖို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ..

22/05/2026

သူ့အမူအရာအရ ကိုယ်က နှောင့်ယှက်နေလို့မကြည်တာမျိုးဗျာ
ခပ်ပြင်းပြင်းအမြီးကိုပုတ်ပြနေတာ

ဆိုလိုတာက ငါအိပ်ချင်နေပြီ နင်လာမကိုင်နဲ့ မနှောင့်ယှက်နဲ့ဆိုတဲ့အထှာမျိုးဗျာ😁

ချေ့စံတဲ့ နာမည်တစ်လုံးနဲ့ပဲနေတေ😁

ချေ့စံ အစ် The Ruler of the house ပါဗျာ😮‍💨

21/05/2026

ကြာသပတေးတော့ ကလေးတွေပျော်ခွင့်ပေးပါ ကိုငြိမ်းမောင်ရယ်😁

21/05/2026

Thursday ဆိုဒီလိုကြိုကြတာရယ်
ဟိုကြာကူရီပြောသလို အောက်တန်းစားငုံထားလို့ စကားမသဲကွဲတာရယ်😁

ငါ‌ကတော့အဲ့အခြေအနေ ဖြစ်မဖြစ်မသိပေမယ့် ငါ့ကလေးတွေငါရှာကျွေးပြီး အိမ်ထောင်ဦးစီးတာဝန်ယူနိုင်တာဂုဏ်ယူတယ်😑

စကားကို ဆင်ခြင်မပြောနိုင်ထဲက ဒင်းဘာအတန်းအစားလဲဆိုတာသိသာတေ မအလုံး 🥴

21/05/2026

ကလေးတို့ရဲ့ ရိက္ခာ supply နေ့လေးပါ ကလေးတွေကတော့ ပျော်နေရှာ ဟူးမန်းအမဲလိုက်တာ ရလာတယ်ဆိုပြီး အမှန်က ဝယ်လာရတာ😁

ဝုလေးတွေမြောင်လေးတွေရဲ့စိတ်မှာ အိမ်ကနေပြန်လာတဲ့သူတစ်ယောက် အထုပ်တွေနဲ့ပြန်လာတယ်ဆိုရင် အမဲလိုက်တာအောင်မြင်တယ်လို့ ယူဆကြသတဲ့

ဒီက အဖေကတော့ ပိုက်ကျံပေးဝယ်လာပြီး hunter အောင်မြင်လာတယ်ဆိုတဲ့အထှာနဲ့ ကြွားတာပေါ့ဗျာ😁

ဝမ်းဝမ်း နဲ့ တူတူး ဆိုတာ ဘာကြောင့်အဲ့လိုပေးတာလဲတဲ့မေးကြလို့ပါ 😁အမှန်က တော့ ချေ့စံက ဆားဂိမကို အားတိုင်း အချစ်ပိုးပြီး မွေ...
20/05/2026

ဝမ်းဝမ်း နဲ့ တူတူး ဆိုတာ ဘာကြောင့်အဲ့လိုပေးတာလဲတဲ့မေးကြလို့ပါ 😁

အမှန်က တော့ ချေ့စံက ဆားဂိမကို အားတိုင်း အချစ်ပိုးပြီး မွေးလာတဲ့ကလေးတွေပေါ့ဗျာ 😁

ပထမဆုံးရတဲ့ကလေးကို ဝမ်းဝမ်းပေးပါတယ်
ဒုတိယကလေးကို တူးတူးပေးပါတယ်
သုံးသုံး လေးလေးတွေကတော့မပြောတတ်သေးပေါ့ဗျာ😁

ဒင်းသရမ်းတာ များတော့ နာမည်ပေးရခေါင်းကိုက်လို့ပါဂျာ😁😁😁

Freskies..Gravyအထုတ်..3200ကျပ်48pcs..300048pcsအထက်..အများစျေးရှိပါတယ်09965642665
20/05/2026

Freskies..Gravyအထုတ်..3200ကျပ်

48pcs..3000

48pcsအထက်..အများစျေးရှိပါတယ်

09965642665

Meo Creamy..36pcs..5300036pcsပါ4ပါကင်..5200036pcsပါ10ပါကင်..5000036pcsပါ15ပါကင်..4900015ပါကင်အထက်..4*****အရောင်စုံရောထား...
20/05/2026

Meo Creamy..36pcs..53000
36pcsပါ4ပါကင်..52000
36pcsပါ10ပါကင်..50000
36pcsပါ15ပါကင်..49000
15ပါကင်အထက်..4*****

အရောင်စုံရောထားပေးပါတယ်ခင်ဗျာ

09965642665

ကျတော်တူးတူးပါခင်ဗျာ ဖအေ ချေ့စံ မအေ ဆားဂိတို့ရဲ့သာလေးပါဂျ😁
19/05/2026

ကျတော်တူးတူးပါခင်ဗျာ
ဖအေ ချေ့စံ မအေ ဆားဂိတို့ရဲ့သာလေးပါဂျ😁

19/05/2026

ဈေးတန်မယ် မယ် မြန်မယ် လက်လီရောလက်ကားရော ရောင်းချပေးပါမယ်

09965642665
09421037358

Me O creamyFriskies wet food NEKKO အရသာစုံ အစုံရပါပြီ 🥰တစ်ထုပ်ဈေး အပြင် ဒါဇင်ဈေးလဲ သက်သာစေရပါ့မယ် အိမ်ရောက်ငွေချေ ဝန်ဆော...
19/05/2026

Me O creamy
Friskies wet food
NEKKO အရသာစုံ
အစုံရပါပြီ 🥰
တစ်ထုပ်ဈေး အပြင် ဒါဇင်ဈေးလဲ သက်သာစေရပါ့မယ်

အိမ်ရောက်ငွေချေ ဝန်ဆောင်မှု 🥰
09965642665

Address

Hnin Si Street, Nwe Khway Village, Htauk Kyaunt, Mingalardon Township

11021

Telephone

+959965642665

Website

Alerts

Be the first to know and let us send you an email when Buu Thee Pet Food and Accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Buu Thee Pet Food and Accessories:

  • Want your business to be the top-listed Pet Store/pet Service?

Share