ติดต่อ ธุรกิจของเรา

Cats- Association ထောက်ပံ့ ကူညီ အောင်ပွဲဆီ။
Cats- Association united to support and bring hope to displaced families.

မြန်မာနိုင်ငံတဝန်းရှိ လူမှုကယ်ဆယ်ရေးနှင့် ပရဟိတအဖွဲ့များအား အကူအညီတောင်းခံခြင်း။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ထ...
29/09/2026

မြန်မာနိုင်ငံတဝန်းရှိ လူမှုကယ်ဆယ်ရေးနှင့် ပရဟိတအဖွဲ့များအား အကူအညီတောင်းခံခြင်း။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် လောင်းလုံးမြို့နယ် အထူးသဖြင့် လောင်းလုံးမြို့နယ်အတွင်း စက်တင်ဘာ ၂၇ ရက်နေ့မှ၍ မကြုံစဖူး မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဒေသခံပြည်သူများအနေဖြင့် ရေလွှမ်းမိုးမှုများနှင့် တောင်ပြို၊ မြေပြိုမှုများကို ဆိုးရွားစွာ ရင်ဆိုင်နေကြရပါသည်။

အဆိုပါ သဘာဝဘေးဒဏ်ကြောင့် လက်ရှိတွင် သေဆုံးသူ ၁၇ ဦးထက်မနည်း ရှိလာနေပြီဖြစ်ပြီး ပျောက်ဆုံးနေသူများလည်း ရာချီရှိပြီဖြစ်သည်။ ထို့အပြင် နေအိမ် ထောင်နှင့်ချီ ထိခိုက်ပျက်စီးထားပြီး ဒေသခံသောင်းချီ သောက်သုံးရေနှင့် အရေးပေါ် စားနပ်ရိက္ခာများ အကူအညီ လိုအပ်လျက်ရှိပြီး။

လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးအစီအစဥ်များကို ဒေသအတွင်းရှိ ကယ်ဆယ်ရေးအဖွဲ့အစည်းအနည်းငယ်နှင့် ဒေသခံများက ကိုယ်ထူကိုယ်ထ အစီအစဥ်ဖြင့်သာ လုပ်ဆောင်နေကြရသဖြင့် ဝန်နှင့်အား လုံးဝ(လုံးဝ) မမျှတတော့သည့် အခြေအနေဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝန်းရှိ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများအနေဖြင့် သဘာဝဘေးဒဏ် ဆိုးရွားစွာ ခံစားနေရသည့် ထားဝယ်ဒေသသို့ လာရောက်ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြဖို့ အကူအညီတောင်းခံအပ်ပါသည်။

တစ်ဆက်တည်းတွင် မြန်မာစစ်တပ်အနေဖြင့် လာရောက်ကူညီသည့် လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများအား ဟန့်တားပိတ်ပင်ခြင်းများ မပြုလုပ်ဘဲ လွတ်လပ်စွာ ကူညီခွင့်ပြုဖို့ သဘာဝဘေးသင့် ပြည်သူများကိုယ်စား မေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်။

ဘွန်း
သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ
ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်)

သတင်းမီဒီယာများဆက်သွယ်ရန် - (Telegram)

ထားဝယ်ရေဘေးအတွက်လှူချင်ရင် ဒီpage လေးမှာ ယုံကြည်စိတ်ချစွာ ကူလို့ရပါတယ်ခင်ဗျာ။ မြောင်တို့ဖျားနေတာမလို့ ကိုယ်တိုင်အလှူငွေလ...
28/09/2026

ထားဝယ်ရေဘေးအတွက်လှူချင်ရင် ဒီpage လေးမှာ ယုံကြည်စိတ်ချစွာ ကူလို့ရပါတယ်ခင်ဗျာ။ မြောင်တို့ဖျားနေတာမလို့ ကိုယ်တိုင်အလှူငွေလက်ခံပြီးမကူညီနိူင်သေးတာမလို့ ကူချင်တဲ့ဟူးမန်းများ ဒီpage မှာ မေတ္တာမျှဝေနိူင်ပါတယ်ခင်ဗျာ🫶🏼😾

စကားအများကြီးပြောရင် အမှားအများကြီးပါမှာစိုးလို့
24/09/2026

စကားအများကြီးပြောရင် အမှားအများကြီးပါမှာစိုးလို့

Care For Her "သူမတို့အတွက်"---Target Infographic Reports ---မြောင်တို့ရဲ့ စက်တင်ဘာပရောဂျက်ဖြစ်တဲ့ Care for her project လ...
23/09/2026

Care For Her "သူမတို့အတွက်"
---Target Infographic Reports ---

မြောင်တို့ရဲ့ စက်တင်ဘာပရောဂျက်ဖြစ်တဲ့ Care for her project လေးရဲ့ ဆယ့်ငါးရက်တာအတွင်း ရရှိခဲ့တာကတော့ 15 သိန်းကျပ်တိတိဖြစ်ပါတယ်ခင်ဗျာ...။ တားဂတ်ရဲ့ 30% ရရှိထားပါတယ်ခင်ဗျာ။ မြောင်တို့ ပရောဂျက်ရဲ့ ဆယ်ရက်တာကာလအတွင်း ထပ်ပြီး သုံးသိန်းကျပ်ပဲ ထပ်မံရရှိပါသေးတယ်။

မြောင်တို့လိုအပ်လျက်ရှိတဲ့ဒေသတွေကို အများကြီး ကူညီထောက်ပံ့ပေးရဦးမှာပါခင်ဗျာ။ သဘာဝဘေးတွေ စစ်ဘေးတွေအကြိမ်ကြိမ် ထိခံထားရတဲ့ဒေသတွေမို့ မြောင်တို့အများကြီးပြန်လည်ထူထောင်နိုင်ဖို့ ရုန်းကန်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ။ သွေးမအေးကြပဲ စစ်ရှောင်ပြည်သူတွေအတွက် အာရုံစိုက်ပေးကြဖို့လည်းမေတ္တာ ရပ်ခံပါတယ်ခင်ဗျာ။

မြောင်တို့ရဲ့ Project လေးမှာ
🔴လက်ရှိမှာ အကျဉ်းကျခံနေရဆဲဖြစ်တဲ့ အနေအစားခက်ခဲနေတဲ့ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက် နိုင်ကျဉ်း‌သူ/သားတွေအတွက် တစ်လစာ အခြောက်အခြမ်း ရိက္ခာထုပ်ကလေးတွေပါဝင်မယ့် ထောင်ဝင်စာ၊

🔴CDMဝင်ထားရပြီး ကြပ်တည်းနေတဲ့ မိသားစုဝင်တွေအတွက် နေ့စဉ် အခြေခံအသုံးစရိတ်များ၊

🔴အိမ်နဲ့ အဝေးမှာ ရှောင်ရှားနေရတဲ့ စစ်ဘေးဒဏ်သင့်ပြည်သူများနှင့် ပြည်သူ့စစ်မေများအတွက်
အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ၊ အဝတ်အထည်နဲ့ အခြေခံ တစ်ကိုယ်ရည်အသုံးအဆောင်လိုအပ်ချက်တွေကို အနည်းငယ်ကာမိ‌နိုင်အောင် ထောက်ပံ့ပေးဖို့ရာ အားလုံးအတူပါဝင်ပံ့ပိုးပေးနိုင်ဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ။

Telegram ကတဆင့်ပါဝင်ရန်
t.me//catsassociation24

မြောင်တို့ Care for Her ပရောဂျက်က အေးစက်နေလိုက်ပုံများ တခါမှ မသိခဲ့ဖူးတဲ့ သူစိမ်းတွေလိုပါပဲ အချိန်တန်ရင်တော့ ကိုယ့်ဘဝလေး...
23/09/2026

မြောင်တို့ Care for Her ပရောဂျက်က အေးစက်နေလိုက်ပုံများ တခါမှ မသိခဲ့ဖူးတဲ့ သူစိမ်းတွေလိုပါပဲ အချိန်တန်ရင်တော့ ကိုယ့်ဘဝလေးနဲ့ကိုယ် နေသားကျသွားမှာပါ

ဒီပိုစ့်လေးကိုမြင်ရင် ကျော်မသွားပါနဲ့ဦးနော်။ 📌ကျနော်တို့နှင့်အတူ နွေဦးတော်လှန်ရေးမှာပါဝင်ခဲ့ပြီး မတရား အကျဉ်းကျခံနေရဆဲ...
19/09/2026

ဒီပိုစ့်လေးကိုမြင်ရင် ကျော်မသွားပါနဲ့ဦးနော်။ 📌

ကျနော်တို့နှင့်အတူ နွေဦးတော်လှန်ရေးမှာပါဝင်ခဲ့ပြီး မတရား အကျဉ်းကျခံနေရဆဲဖြစ်တဲ့ ရဲဘော်ရဲဘက် နိုင်ကျဉ်း‌သူ/သားတွေနှင့် CDMဝင်ထားရပြီး ကြပ်တည်းနေတဲ့ မိသားစုဝင်တွေ ၊အိမ်နဲ့ အဝေးမှာ ရှောင်ရှားနေရတဲ့ စစ်ဘေးဒဏ်သင့်ပြည်သူများနှင့် ပြည်သူ့စစ်မေများအတွက် အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ၊ အဝတ်အထည်နဲ့ အခြေခံ တစ်ကိုယ်ရည်အသုံးအဆောင်လိုအပ်ချက်တွေကို အနည်းငယ်ကာမိ‌နိုင်အောင် ထောက်ပံ့ပေးဖို့ရာ အားလုံးအတူပါဝင်ပံ့ပိုးပေးနိုင်ဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ။

ရည်ရွယ်ချက်တစ်ခုတည်း မျှော်လင့်ချက်တစ်ခုတည်းနဲ့ ၅နှစ်ကျော်ကြာလာတဲ့အထိ မပြိုလဲသွားတဲ့ စိတ်ဓာတ်တွေအတွက် ဟူးမန်းတို့ရဲ့ တတ်အားသမျှ မျှဝေပေးမှုတိုင်းက နွေးထွေးမှုဖြစ်လာမှာပါ။

မိုးစက်မိုးပေါက်ကလေးတွေစုပေါင်းလိုက်ရင် ပင်လယ်အင်းအိုင်ကြီး ဖြစ်နိုင်သလိုပါပဲ။
တစ်ဦးချင်းဆီက အကူအညီကြီးငယ်တိုင်းဟာ တစ်လစာ ရိက္ခာဖြစ်လာနိုင်သလို၊ အမျိုးသမီးများအတွက် ကျန်းမာရေးထောက်ပံ့မှုလည်းဖြစ်သလို ၊မိသားစုတစ်စုရဲ့ တစ်လစာ စျေးဖိုးလည်း ဖြစ်လာနိုင်ပါတယ်။

မျှဝေမှုတိုင်းက ခွန်အားတစ်ခု၊ ခွန်အားတိုင်းက မျှော်လင့်ချက်တစ်ခု ဖြစ်တာမလို့
ဒီတစ်လတာလုံးကို မြောင်တို့ရဲ့ကမ်ပိန်း‌လေးမှာအားလုံး အတူ ပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ..။

Telegram ကတဆင့်ပါဝင်ရန်
t.me//catsassociation24

"Care for her(သူမတို့အတွက်)""တောင့်ခံထားတဲ့ လက်သီးဆုပ်တွေအတွက် မျှဝေခြင်းမှ မျှော်လင့်ချက်များဆီသို့"ဒီခေတ်နဲ့စနစ်ကိုအံတ...
17/09/2026

"Care for her(သူမတို့အတွက်)"

"တောင့်ခံထားတဲ့ လက်သီးဆုပ်တွေအတွက် မျှဝေခြင်းမှ မျှော်လင့်ချက်များဆီသို့"

ဒီခေတ်နဲ့စနစ်ကိုအံတုရင်း ကြုံလာရတဲ့ စစ်ဘေး ၊ ရေဘေး ၊ စားဝတ်နေရေးကို လူထုဟာ ထမ်းပိုး‌နေကြရပါတယ်။
အခက်အခဲအနာတရတွေကြားထဲက မျှော်လင့်ချက်ကြိုးမျှင်လေးတစ်ချောင်းတည်းနဲ့ တင်းခံနေရတဲ့ ကျနော်တို့ရဲ့ စစ်ရှောင်ပြည်သူတွေ၊ အကျဉ်းကျနေဆဲ နိုင်ငံရေးအကျဉ်းသူအကျဉ်းသားများ နဲ့ ခရီးကြီးအစကတည်းက ကိုယ်ကျိုးစွန့်ရှာကြတဲ့ CDM သူရဲကောင်းတွေအတွက် အားလုံးရဲ့ အခြေခံလိုအပ်ချက်လေးတွေလောက်ကို
ကာမိဖို့အရေး မြောင်တို့နဲ့အတူ ဒီတစ်လတာကမ်ပိန်းလေးမှာ အတူတကွပပါဝင်ပံ့ပိုးပေးကြရအောင်နော်

🔴လက်ရှိမှာ အကျဉ်းကျခံနေရဆဲဖြစ်တဲ့ အနေအစားခက်ခဲနေတဲ့ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက် နိုင်ကျဉ်း‌သူ/သားတွေအတွက် တစ်လစာ အခြောက်အခြမ်း ရိက္ခာထုပ်ကလေးတွေပါဝင်မယ့် ထောင်ဝင်စာ၊

🔴CDMဝင်ထားရပြီး ကြပ်တည်းနေတဲ့ မိသားစုဝင်တွေအတွက် နေ့စဉ် အခြေခံအသုံးစရိတ်များ၊

🔴အိမ်နဲ့ အဝေးမှာ ရှောင်ရှားနေရတဲ့ စစ်ဘေးဒဏ်သင့်ပြည်သူများနှင့် ပြည်သူ့စစ်မေများအတွက်
အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ၊ အဝတ်အထည်နဲ့ အခြေခံ တစ်ကိုယ်ရည်အသုံးအဆောင်လိုအပ်ချက်တွေကို အနည်းငယ်ကာမိ‌နိုင်အောင် ထောက်ပံ့ပေးဖို့ရာ အားလုံးအတူပါဝင်ပံ့ပိုးပေးနိုင်ဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ။

ရည်ရွယ်ချက်တစ်ခုတည်း မျှော်လင့်ချက်တစ်ခုတည်းနဲ့ ၅နှစ်ကျော်ကြာလာတဲ့အထိ မပြိုလဲသွားတဲ့ စိတ်ဓာတ်တွေအတွက် ဟူးမန်းတို့ရဲ့ တတ်အားသမျှ မျှဝေပေးမှုတိုင်းက နွေးထွေးမှုဖြစ်လာမှာပါ။

မိုးစက်မိုးပေါက်ကလေးတွေစုပေါင်းလိုက်ရင် ပင်လယ်အင်းအိုင်ကြီး ဖြစ်နိုင်သလိုပါပဲ။
တစ်ဦးချင်းဆီက အကူအညီကြီးငယ်တိုင်းဟာ တစ်လစာ ရိက္ခာဖြစ်လာနိုင်သလို၊
မိသားစုတစ်စုရဲ့ တစ်လစာ စျေးဖိုးလည်း ဖြစ်လာနိုင်ပါတယ်။

မျှဝေမှုတိုင်းက ခွန်အားတစ်ခု၊ ခွန်အားတိုင်းက မျှော်လင့်ချက်တစ်ခု ဖြစ်တာမလို့
ဒီတစ်လတာလုံးကို မြောင်တို့ရဲ့ကမ်ပိန်း‌လေးမှာအားလုံး အတူ ပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ..။

Telegram ကတဆင့်ပါဝင်ရန်
t.me//catsassociation24

Care For Her "သူမတို့အတွက်"---Target Infographic Reports ---မြောင်တို့ရဲ့ စက်တင်ဘာပရောဂျက်ဖြစ်တဲ့ Care for her project လ...
15/09/2026

Care For Her "သူမတို့အတွက်"
---Target Infographic Reports ---

မြောင်တို့ရဲ့ စက်တင်ဘာပရောဂျက်ဖြစ်တဲ့ Care for her project လေးရဲ့ ငါးရက်တာအတွင်း ရရှိခဲ့တာကတော့ 12 သိန်းကျပ်တိတိဖြစ်ပါတယ်ခင်ဗျာ...။ တားဂတ်ရဲ့ 24% ရရှိထားပါတယ်ခင်ဗျာ။

မြောင်တို့ရဲ့ Project လေးမှာ
🔴လက်ရှိမှာ အကျဉ်းကျခံနေရဆဲဖြစ်တဲ့ အနေအစားခက်ခဲနေတဲ့ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက် နိုင်ကျဉ်း‌သူ/သားတွေအတွက် တစ်လစာ အခြောက်အခြမ်း ရိက္ခာထုပ်ကလေးတွေပါဝင်မယ့် ထောင်ဝင်စာ၊

🔴CDMဝင်ထားရပြီး ကြပ်တည်းနေတဲ့ မိသားစုဝင်တွေအတွက် နေ့စဉ် အခြေခံအသုံးစရိတ်များ၊

🔴အိမ်နဲ့ အဝေးမှာ ရှောင်ရှားနေရတဲ့ စစ်ဘေးဒဏ်သင့်ပြည်သူများနှင့် ပြည်သူ့စစ်မေများအတွက်
အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ၊ အဝတ်အထည်နဲ့ အခြေခံ တစ်ကိုယ်ရည်အသုံးအဆောင်လိုအပ်ချက်တွေကို အနည်းငယ်ကာမိ‌နိုင်အောင် ထောက်ပံ့ပေးဖို့ရာ အားလုံးအတူပါဝင်ပံ့ပိုးပေးနိုင်ဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ။

Telegram ကတဆင့်ပါဝင်ရန်
t.me//catsassociation24

"တောင့်ခံထားတဲ့ လက်သီးဆုပ်တွေအတွက် မျှဝေခြင်းမှ မျှော်လင့်ချက်များဆီသို့"ဒီခေတ်နဲ့စနစ်ကိုအံတုရင်း ကြုံလာရတဲ့ စစ်ဘေး ၊ ရေ...
11/09/2026

"တောင့်ခံထားတဲ့ လက်သီးဆုပ်တွေအတွက် မျှဝေခြင်းမှ မျှော်လင့်ချက်များဆီသို့"

ဒီခေတ်နဲ့စနစ်ကိုအံတုရင်း ကြုံလာရတဲ့ စစ်ဘေး ၊ ရေဘေး ၊ စားဝတ်နေရေးကို လူထုဟာ ထမ်းပိုး‌နေကြရပါတယ်။
အခက်အခဲအနာတရတွေကြားထဲက မျှော်လင့်ချက်ကြိုးမျှင်လေးတစ်ချောင်းတည်းနဲ့ တင်းခံနေရတဲ့ ကျနော်တို့ရဲ့ စစ်ရှောင်ပြည်သူတွေ၊ အကျဉ်းကျနေဆဲ နိုင်ငံရေးအကျဉ်းသူအကျဉ်းသားများ နဲ့ ခရီးကြီးအစကတည်းက ကိုယ်ကျိုးစွန့်ရှာကြတဲ့ CDM သူရဲကောင်းတွေအတွက် အားလုံးရဲ့ အခြေခံလိုအပ်ချက်လေးတွေလောက်ကို
ကာမိဖို့အရေး မြောင်တို့နဲ့အတူ ဒီတစ်လတာကမ်ပိန်းလေးမှာ အတူတကွပပါဝင်ပံ့ပိုးပေးကြရအောင်နော်

🔴လက်ရှိမှာ အကျဉ်းကျခံနေရဆဲဖြစ်တဲ့ အနေအစားခက်ခဲနေတဲ့ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက် နိုင်ကျဉ်း‌သူ/သားတွေအတွက် တစ်လစာ အခြောက်အခြမ်း ရိက္ခာထုပ်ကလေးတွေပါဝင်မယ့် ထောင်ဝင်စာ၊

🔴CDMဝင်ထားရပြီး ကြပ်တည်းနေတဲ့ မိသားစုဝင်တွေအတွက် နေ့စဉ် အခြေခံအသုံးစရိတ်များ၊

🔴အိမ်နဲ့ အဝေးမှာ ရှောင်ရှားနေရတဲ့ စစ်ဘေးဒဏ်သင့်ပြည်သူများနှင့် ပြည်သူ့စစ်မေများအတွက်
အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ၊ အဝတ်အထည်နဲ့ အခြေခံ တစ်ကိုယ်ရည်အသုံးအဆောင်လိုအပ်ချက်တွေကို အနည်းငယ်ကာမိ‌နိုင်အောင် ထောက်ပံ့ပေးဖို့ရာ အားလုံးအတူပါဝင်ပံ့ပိုးပေးနိုင်ဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ။

ရည်ရွယ်ချက်တစ်ခုတည်း မျှော်လင့်ချက်တစ်ခုတည်းနဲ့ ၅နှစ်ကျော်ကြာလာတဲ့အထိ မပြိုလဲသွားတဲ့ စိတ်ဓာတ်တွေအတွက် ဟူးမန်းတို့ရဲ့ တတ်အားသမျှ မျှဝေပေးမှုတိုင်းက နွေးထွေးမှုဖြစ်လာမှာပါ။

မိုးစက်မိုးပေါက်ကလေးတွေစုပေါင်းလိုက်ရင် ပင်လယ်အင်းအိုင်ကြီး ဖြစ်နိုင်သလိုပါပဲ။
တစ်ဦးချင်းဆီက အကူအညီကြီးငယ်တိုင်းဟာ တစ်လစာ ရိက္ခာဖြစ်လာနိုင်သလို၊
မိသားစုတစ်စုရဲ့ တစ်လစာ စျေးဖိုးလည်း ဖြစ်လာနိုင်ပါတယ်။

မျှဝေမှုတိုင်းက ခွန်အားတစ်ခု၊ ခွန်အားတိုင်းက မျှော်လင့်ချက်တစ်ခု ဖြစ်တာမလို့
ဒီတစ်လတာလုံးကို မြောင်တို့ရဲ့ကမ်ပိန်း‌လေးမှာအားလုံး အတူ ပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ..။

သြဂုတ်လအတွင်း ရံပုံငွေ ၁၀,၃၇၀,၀၀၀ (စာဖြင့် - တစ်ရာ သုံးသိန်း ခုနှစ်သောင်းကျပ် ) အား နေရာအသီးသီးထံပါဝင်အားဖြည့်ကူညီနိူင်ခ...
04/09/2026

သြဂုတ်လအတွင်း ရံပုံငွေ ၁၀,၃၇၀,၀၀၀ (စာဖြင့် - တစ်ရာ သုံးသိန်း ခုနှစ်သောင်းကျပ် ) အား
နေရာအသီးသီးထံပါဝင်အားဖြည့်ကူညီနိူင်ခဲ့ပါတယ်။ အခက်အခဲမျိုးစုံကြားမှ Cats' Association အဖွဲ့သားများနှင့်အတူ ရှိပေးခဲ့ကြသည့်ပြည်သူလူထုအား မြောင်တို့အဖွဲသားများမှ ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ။

ရေဘေးကူညီတုန်းက တချို့နေရာလေးတွေ ဆာတီဖီမရတာလေးတွေလည်းရှိပါတယ်။
ပြည်သူများ၏အားအင်ဖြင့် ထောက်ပံ့ကူညီထားတဲ့ပုံလေးတွေ Page မှာလည်းတင်ပေးထားပါတယ်ခင်ဗျာ။

ที่อยู่

Thailand (Bang Na District)
Klong Toey

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Cats- Association โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Cats- Association:

ทางลัด

แชร์