Cats- Association ထောက်ပံ့ ကူညီ အောင်ပွဲဆီ။
Cats- Association united to support and bring hope to displaced families.

မြောင်တို့ Cats' Association က လက်ရှိပရောဂျက်ဖြစ်တဲ့ မြောင်တို့နဲ့အတူ ပညာရေးကူ ကမ်ပိန်းမှတဆင် ကျောင်းသားကျောင်းသူ များကိ...
21/05/2026

မြောင်တို့ Cats' Association က လက်ရှိပရောဂျက်ဖြစ်တဲ့ မြောင်တို့နဲ့အတူ ပညာရေးကူ ကမ်ပိန်းမှတဆင် ကျောင်းသားကျောင်းသူ များကို စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့တဲ့ မှတ်တမ်းပုံရိပ်များကို ပြန်လည်တင်ပြလိုက်ပါတယ်ခင်ဗျာ။

မြောင်တို့ ပရောဂျက် ကာလအတွင်းမှာ တားဂတ်ရဲ့ 60% ရရှိထားပါတယ်ခင်ဗျာ။ ဟူးမန်းတို့အနေနဲ့ မြောင်တို့နဲ့အတူ အခုလို ပါဝင်လှူဒါန်းနိုင်ပါတယ်-
📝 စာရေးကိရိယာ တစ်စုံ - ၃၀,၀၀၀ ကျပ်
🎓 တစ်နှစ်စာ ပညာသင်ဆု - ၇၀,၀၀၀ ကျပ်
💰 အခြား မိမိအဆင်ပြေရာ ပမာဏဖြင့်လည်း ပါဝင်နိုင်ပါတယ်ခင်ဗျာ။

ကမ်ပိန်းလေး Target ပြည့်တဲ့အထိ ဟူးမန်းတို့ အားလုံး ဝိုင်းဝန်းကူညီပေးကြဖို့ မျှော်လင့်ပါတယ်ဗျ။ ၅ နှစ်ကျော်လာတဲ့အထိ မယိုင်လဲတဲ့ စိတ်ဓာတ်တွေနဲ့ အတူတူ ရုန်းကန်နေကြတဲ့ ပြည်သူတစ်ဦးချင်းစီတိုင်းကို မြောင်တို့က အမြဲ ဂုဏ်ယူနေပါတယ်ခင်ဗျာ။
📍 ပါဝင်လှူဒါန်းရန် Telegram-
t.me/catsassociation24

ရာသီဥတုက သာယာလိုက်တာကွာ ။ ဒါမျိုးကို ဟိုလူမသားတွေဘယ်ခံစားတတ်ပါ့မလဲ ဟင်းးးဟင်းး🤣
20/05/2026

ရာသီဥတုက သာယာလိုက်တာကွာ ။ ဒါမျိုးကို ဟိုလူမသားတွေဘယ်ခံစားတတ်ပါ့မလဲ ဟင်းးးဟင်းး🤣

🐾 "မြောင်တို့နဲ့အတူ ပညာရေးကူ" 🐾Target Infographic Report မြောင်တို့ ကြားထဲမှာ သိပ်မအားလပ်တဲ့အတွက် Target Infographic လေး...
19/05/2026

🐾 "မြောင်တို့နဲ့အတူ ပညာရေးကူ" 🐾
Target Infographic Report

မြောင်တို့ ကြားထဲမှာ သိပ်မအားလပ်တဲ့အတွက် Target Infographic လေးမတင်ဖြစ်ခဲ့လို့ တောင်းပန်ပါတယ်ခင်ဗျာ...။
မြောင်တို့ ပရောဂျက် ဆယ့်ခြောက်ရက်အတွင်းမှာ တားဂတ်ရဲ့ 60% ရရှိထားပါတယ်ခင်ဗျာ။ စုစုပေါင်းရရှိထားတာက (၃,၀၀၀,၀၀၀ ကျပ်) တိတိဖြစ်ပါတယ်ခင်ဗျာ...။

ဟူးမန်းတို့အနေနဲ့ မြောင်တို့နဲ့အတူ အခုလို ပါဝင်လှူဒါန်းနိုင်ပါတယ်-
📝 စာရေးကိရိယာ တစ်စုံ - ၃၀,၀၀၀ ကျပ်
🎓 တစ်နှစ်စာ ပညာသင်ဆု - ၇၀,၀၀၀ ကျပ်
💰 အခြား မိမိအဆင်ပြေရာ ပမာဏဖြင့်လည်း ပါဝင်နိုင်ပါတယ်ခင်ဗျာ။

ကမ်ပိန်းလေး Target ပြည့်တဲ့အထိ ဟူးမန်းတို့ အားလုံး ဝိုင်းဝန်းကူညီပေးကြဖို့ မျှော်လင့်ပါတယ်ဗျ။ ၅ နှစ်ကျော်လာတဲ့အထိ မယိုင်လဲတဲ့ စိတ်ဓာတ်တွေနဲ့ အတူတူ ရုန်းကန်နေကြတဲ့ ပြည်သူတစ်ဦးချင်းစီတိုင်းကို မြောင်တို့က အမြဲ ဂုဏ်ယူနေပါတယ်ခင်ဗျာ။
📍 ပါဝင်လှူဒါန်းရန် Telegram-
t.me/catsassociation24

လက်ရှိ စာရေးကိရိယာထောက်ပံ့ပေးဖို့အတွက် ကျောင်းသားဦးရေပါ။ KG ကျောင်းသားတဦးစာ ကို မြို့ပေါ်ကနေ လှမ်းမှာရတဲ့စျေး စာအုပ်ဖိ...
19/05/2026

လက်ရှိ စာရေးကိရိယာထောက်ပံ့ပေးဖို့အတွက် ကျောင်းသားဦးရေပါ။
KG ကျောင်းသားတဦးစာ ကို မြို့ပေါ်ကနေ လှမ်းမှာရတဲ့စျေး စာအုပ်ဖိုးချည့် ၃၀,၀၀၀ ကျော်ကျပါတယ်။
KG ထပ်တူABC 5,000
KG ထပ်တူabc 5,000
KG ထပ်တူကခ 5,000
KG ထပ်တူဝလုံး 2,000
KG ထပ်တူ၁၂၃ 5,000
KG လက်ရေးလှအ‌ခြေခံ 2,000
KG သင်ရိုး‌လေ့ကျင့်ခန်းများ 8,000.
ဒါတွေက Kg ကလေးတဦးစာ စျေးနှုန်းတွေပါ။
ခွဲဝယ်လို့လည်းမရပါဘူး အစုံလိုက်ဝယ်ရပါတယ်။

ကုန်ဈေးနှုန်းတွေ တက်လာတာနဲ့အမျှ စာအုပ်ဖိုးတွေကအစ အခြေခံမိသားစုတွေအတွက် အလွန်ခက်ခဲတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်လာနေပါတယ်။ ​ဒီလိုအချိန်မှာ ကလေးတွေရဲ့ ပညာရေး မပြတ်တောက်သွားဖို့ တတ်နိုင်တဲ့ဘက်ကနေ ပညာရေး မျှဝေပေးချင်ပါတယ်။​ပညာတတ်မှသာ...
လူ့လောကမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မယ်၊
အများအပေါ် ကိုယ်ချင်းစာစိတ် ထားနိုင်မယ်၊
ဉာဏ်ပညာနဲ့ ချစ်ခြင်းတရားဆိုတာတွေ ရှိလာမှာပါ။ 🤍

ကလေးတွေရဲ့ အနာဂတ်ကို အတူတူ ထိန်းကျောင်းပေးကြရအောင်နော် 📖✨

ပညာရေးပရောဂျက်ကိုမကူတဲ့ လူမသားနဲ့ စာရေးကိရိယာစျေးနှုန်းတက်လို့စိတ်ညစ်နေတဲ့ ကြောင်မသား အပြိုင်စိတ်ကောက်နေပုံ 😾
17/05/2026

ပညာရေးပရောဂျက်ကိုမကူတဲ့ လူမသားနဲ့
စာရေးကိရိယာစျေးနှုန်းတက်လို့စိတ်ညစ်နေတဲ့ ကြောင်မသား အပြိုင်စိတ်ကောက်နေပုံ 😾

🐾 "မြောင်တို့နဲ့အတူ ပညာရေးကူ" 🐾Target Infographic Report မြောင်တို့ ပရောဂျက် သုံးရက်အတွင်းမှာ တားဂတ်ရဲ့ 30% ရရှိထားပါတယ်...
13/05/2026

🐾 "မြောင်တို့နဲ့အတူ ပညာရေးကူ" 🐾
Target Infographic Report

မြောင်တို့ ပရောဂျက် သုံးရက်အတွင်းမှာ တားဂတ်ရဲ့ 30% ရရှိထားပါတယ်ခင်ဗျာ။ စုစုပေါင်းရရှိထားတာက (၁,၅၀၀,၀၀၀ ကျပ်) တိတိဖြစ်ပါတယ်ခင်ဗျာ...။

ဟူးမန်းတို့အနေနဲ့ မြောင်တို့နဲ့အတူ အခုလို ပါဝင်လှူဒါန်းနိုင်ပါတယ်-
📝 စာရေးကိရိယာ တစ်စုံ - ၃၀,၀၀၀ ကျပ်
🎓 တစ်နှစ်စာ ပညာသင်ဆု - ၇၀,၀၀၀ ကျပ်
💰 အခြား မိမိအဆင်ပြေရာ ပမာဏဖြင့်လည်း ပါဝင်နိုင်ပါတယ်ခင်ဗျာ။

ကမ်ပိန်းလေး Target ပြည့်တဲ့အထိ ဟူးမန်းတို့ အားလုံး ဝိုင်းဝန်းကူညီပေးကြဖို့ မျှော်လင့်ပါတယ်ဗျ။ ၅ နှစ်ကျော်လာတဲ့အထိ မယိုင်လဲတဲ့ စိတ်ဓာတ်တွေနဲ့ အတူတူ ရုန်းကန်နေကြတဲ့ ပြည်သူတစ်ဦးချင်းစီတိုင်းကို မြောင်တို့က အမြဲ ဂုဏ်ယူနေပါတယ်ခင်ဗျာ။
📍 ပါဝင်လှူဒါန်းရန် Telegram-
t.me/catsassociation24

🐾 "မြောင်တို့နဲ့အတူ ပညာရေးကူ" 🐾Target Infographic Report မြောင်တို့ ပရောဂျက် သုံးရက်အတွင်းမှာ တားဂတ်ရဲ့ 5% ရရှိထားပါတယ်ခ...
10/05/2026

🐾 "မြောင်တို့နဲ့အတူ ပညာရေးကူ" 🐾
Target Infographic Report

မြောင်တို့ ပရောဂျက် သုံးရက်အတွင်းမှာ တားဂတ်ရဲ့ 5% ရရှိထားပါတယ်ခင်ဗျာ။ စုစုပေါင်းရရှိထားတာက (၂၅၀,၀၀၀ ကျပ်) တိတိဖြစ်ပါတယ်ခင်ဗျာ...။

ဟူးမန်းတို့အနေနဲ့ မြောင်တို့နဲ့အတူ အခုလို ပါဝင်လှူဒါန်းနိုင်ပါတယ်-
📝 စာရေးကိရိယာ တစ်စုံ - ၃၀,၀၀၀ ကျပ်
🎓 တစ်နှစ်စာ ပညာသင်ဆု - ၇၀,၀၀၀ ကျပ်
💰 အခြား မိမိအဆင်ပြေရာ ပမာဏဖြင့်လည်း ပါဝင်နိုင်ပါတယ်ခင်ဗျာ။

ကမ်ပိန်းလေး Target ပြည့်တဲ့အထိ ဟူးမန်းတို့ အားလုံး ဝိုင်းဝန်းကူညီပေးကြဖို့ မျှော်လင့်ပါတယ်ဗျ။ ၅ နှစ်ကျော်လာတဲ့အထိ မယိုင်လဲတဲ့ စိတ်ဓာတ်တွေနဲ့ အတူတူ ရုန်းကန်နေကြတဲ့ ပြည်သူတစ်ဦးချင်းစီတိုင်းကို မြောင်တို့က အမြဲ ဂုဏ်ယူနေပါတယ်ခင်ဗျာ။
📍 ပါဝင်လှူဒါန်းရန် Telegram-
t.me/catsassociation24

🐾 "မြောင်တို့နဲ့အတူ ပညာရေးကူ" 🐾စစ်ရှောင်ကလေးများအတွက် ကျောင်းသုံးစရိတ်နှင့် ပညာသင်ဆု ကမ်ပိန်းမြောင်တို့ မေလမှာပရောဂျက်အသ...
07/05/2026

🐾 "မြောင်တို့နဲ့အတူ ပညာရေးကူ" 🐾
စစ်ရှောင်ကလေးများအတွက် ကျောင်းသုံးစရိတ်နှင့် ပညာသင်ဆု ကမ်ပိန်း

မြောင်တို့ မေလမှာပရောဂျက်အသစ်လး ပြန်စချင်ပါတယ်ခင်ဗျာ။ မေလကုန်လို့ ဇွန်လဆိုရင် စာသင် ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တော့မှာမို့ စစ်ဘေးသင့်ဒေသတွေက ကလေးတွေအတွက် ပညာရေးစားရိတ် ကူညီပေးနိုင်မယ့် ကမ်ပိန်းလေးကို မြောင်တို့ လုပ်ပေးချင်ပါတယ်ခင်ဗျာ။

မြောင်တို့နဲ့အတူပါဝင်ဖို့အတွက်
ဟူးမန်းတို့အနေနဲ့ မြောင်တို့နဲ့အတူ အခုလို ပါဝင်လှူဒါန်းနိုင်ပါတယ်-
📝 စာရေးကိရိယာ တစ်စုံ - ၃၀,၀၀၀ ကျပ်
🎓 တစ်နှစ်စာ ပညာသင်ဆု - ၇၀,၀၀၀ ကျပ်
💰 အခြား မိမိအဆင်ပြေရာ ပမာဏဖြင့်လည်း ပါဝင်နိုင်ပါတယ်ခင်ဗျာ။

မြောင်တို့အနေနဲ့ အတူတူပါဝင်ပေးကြမယ့် ဟူးမန်းတို့ ကမ်ပိန်းမှာ ပါဝင်ရလွယ်ကူအောင် Virtual Price တွေသတ်မှတ်ပေးထားတာဖြစ်ပါတယ်ခင်ဗျာ...။

မြောင်တို့ ဒီကမ်ပိန်းလေးကို တားဂတ်ပြည့်တဲ့အထိပါဝင်ပေးကြဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။ မြောင်တို့နဲ့အတူ တော်လှန်ရေးမှာ ငါးနှစ်ကျော်လာတဲ့အထိ မယိုင်လဲတဲ့စိတ်ဓာတ်နဲ့ ပါဝင် ပေးနေကြတဲ့ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း မြောင်တို့က ဂုဏ်ယူစွာနဲ့ ကျေးဇူးတင်ရှိပါတယ်။

Telegram က တဆင့်ပါဝင်ရန်
t.me//catsassociation24

ဖြည်းဖြည်းမေးကြပါရှင်။ မြောင်နဲ့ ကိုကိုဒေါင်း တွဲနေတဲ့သတင်းက အမှန်ပါ။ အချိန်မတန်သေးလို့ မပြောပြခဲ့ရတာပါ။ ခုတော့ အားလုံးက...
04/05/2026

ဖြည်းဖြည်းမေးကြပါရှင်။
မြောင်နဲ့ ကိုကိုဒေါင်း တွဲနေတဲ့သတင်းက အမှန်ပါ။ အချိန်မတန်သေးလို့ မပြောပြခဲ့ရတာပါ။
ခုတော့ အားလုံးကိုပြောပြပြီးပြီဆိုတော့ နှစ်ဖက်မိဘတွေကလည်း သဘောတူကြတယ်ဆိုလို့
မင်္ဂလာပွဲလေးပြုလုပ်တော့မှာပါ။ ဒီတပတ်တနင်္ဂနွေက ကိုကိုဒေါင်း
မအားလို့ မင်္ဂလာပွဲကို နောက်အပတ်ရွေ့ထားတာပါရှင့် ကျေးဇူးတင်ပါတယ်။

တော်လှန်မဏ္ဍပ်ပရောဂျက် ပိတ်သိမ်းကြောင်း ကြေညာခြင်းဧပရယ်လလည်းကုန်ပြီးပြီဆို‌တော့ မြောင်တို့ရဲ့ တော်လှန်မဏ္ဍပ် ကမ်ပိန်းလေး...
01/05/2026

တော်လှန်မဏ္ဍပ်ပရောဂျက် ပိတ်သိမ်းကြောင်း ကြေညာခြင်း

ဧပရယ်လလည်းကုန်ပြီးပြီဆို‌တော့ မြောင်တို့ရဲ့ တော်လှန်မဏ္ဍပ် ကမ်ပိန်းလေး ရပ်နားတော့မှာဖြစ်ပါတယ်ခင်ဗျာ...။ ပိတောက်ပန်းရနံ့တွေနဲ့အတူ အတာသင်္ကြန်ကာလကို နှုတ်ဆက်ချိန်‌လေး ရောက်ခဲ့ပါပြီ။

မြောင်တို့ ဒီလအတွက် Campaign Target ကို တစ်ဝက်တိတိ လျော့ထားတဲ့အတွက် Target မှာတာ့ အခြေ‌‌အနေ အရမ်းမဆိုးခဲ့ပေမဲ့ လိုအပ်တဲ့နေရာတွေကို အများကြီးထောက်ပံ့နိုင်ခဲ့တာမျိုးတော့ မရှိခဲ့ပါဘူးခင်ဗျာ။ မြောင်တို့ မေလမှာ ပိုပြီးရုန်ရပါတော့မယ်။

တော်လှန်မဏ္ဍပ် ကမ်ပိန်းမှ ရရှိငွေက စုစုပေါင်း 3,398,000 ကျပ်ဖြစ်ပြီး တားဂတ်ရဲ့ (67.96)% ရရှိခဲ့ပါတယ်ခင်ဗျာ။
ပရောဂျက်အသစ်ကလည်း မကြာခင်မှာ စတင်တော့မှာပါ။ ကြားထဲမှာ ပရောဂျက်မရှိပေမဲ့လည်း ထောက်ပို့တပ်သားအဖြစ်နဲ့ လစဉ်ပါဝင်လို့ရတဲ့ မြောင်ထောက်ပို့တပ်သားအစီအစဉ်ရှိသလို ဒီတိုင်းလည်း လာရောက်ပြီးတော့ တော်လှန်ရေးနဲ့ စစ်ဘေးရှောင်ပြည်သူများအတွက် လာရောက်ထောက်ပံ့နိုင်ပါတယ်ခင်ဗျာ...။


#‌တော်လှန်မဏ္ဍပ်

ယနေ့ မေလ ၁ ရက်နေ့ဟာ "အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့" ပဲဖြစ်ပါတယ်။အလုပ်သမားထုရဲ့ အခွင့်အရေးတွေကို တောင်းဆိုတိုက်ပွဲဝင်ခဲ့က...
01/05/2026

ယနေ့ မေလ ၁ ရက်နေ့ဟာ "အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့" ပဲဖြစ်ပါတယ်။
အလုပ်သမားထုရဲ့ အခွင့်အရေးတွေကို တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတဲ့ ၁၈၈၉ ခုနှစ်၊ မေလ ၁ ရက်နေ့ကို
ဂုဏ်ပြုသတ်မှတ်ခဲ့ကြတဲ့ နေ့ထူးနေ့မြတ်လည်း ဖြစ်ပါတယ်။

​ကျွန်တော်တို့ရဲ့ တော်လှန်ရေးသမိုင်းတစ်လျှောက်မှာလည်း အလုပ်သမားထုရဲ့ ပါဝင်မှု အခန်းကဏ္ဍဟာ အရှိန်အဟုန်မပျက် ရှိနေခဲ့သလို၊ ယနေ့ထက်တိုင်လည်း ရှိနေဆဲပဲ ဖြစ်ပါတယ်။
​၁၃၀၀ ပြည့်နှစ် အရေးတော်ပုံဆိုရင် အလုပ်သမားထုက စတင်လိုက်တဲ့ သပိတ်တိုက်ပွဲဟာ
သမိုင်းမှာ အထင်ရှားဆုံး သာဓကတစ်ခုပါပဲ။

​ဒါကြောင့် ဒီနေ့မှာကျရောက်တဲ့ အလုပ်သမားနေ့မှာ ဓမ္မဘက်ကနေ ရဲရဲဝံ့ဝံ့ ရပ်တည်ပေးနေကြတဲ့ အလုပ်သမားပြည်သူတွေနဲ့ တော်လှန်ရေးမှာ မိမိတို့ တတ်စွမ်းသမျှ နိုင်ရာကဏ္ဍကနေ ပါဝင်ထမ်းရွက်နေကြတဲ့ CDM ဝန်ထမ်းများနှင့် အလုပ်သမားပြည်သူများအားလုံးကို အလေးအနက် ဂုဏ်ပြုလိုက်ပါတယ်ခင်ဗျာ။ ✊🏼

​အောင်ပွဲဆီသို့ ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို့ အားတင်းထားကြပါဦးဗျို့။
​“လွယ်လွယ်နဲ့ ရိုက်ချိုးပစ်လို့ရတဲ့အထဲမှာ တော်လှန်ရေးစိတ်ဓာတ်တွေ မပါကြေး”


#အလုပ်သမားနေ့

ที่อยู่

123 Sukhumvit Road, Khlong Toei
Klong Toey
10110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Cats- Associationผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Cats- Association:

แชร์