Food for You Foodie 🪄🥐🍔🍱🥟🍣🧁🍧🍭🍬🍿✨

03/02/2026

ပူစပ်ထိမိနေတဲ့ ကင်ချီခေါက်ဆွဲပြုတ် 🍜🥬🌶🥳

03/02/2026

ညဆို ဆာပြီ 🥹

အရသာရှိတဲ့ ခေါက်ဆွဲပြုတ်ပူပူစပ်စပ်လေး 🍜🌶

02/02/2026

ပင်လယ်စာချဉ်စပ်ခေါက်ဆွဲပြုတ်ပူပူလေး စားကြပါဦးရှင် 🍜🦐🦀🦞🦑

02/02/2026

Homemade မာလာထန်လုပ်စားမယ် ... 😋🥘 မာလာအနှစ်ထုတ်ရှိရုံနဲ့ အိမ်မှာရှိတာတွေအကုန်လျှောက်ထည့်လိုက်တာပဲ 🤭

16/11/2025

Chocolate with ice cream 🍦🍫🤎💫

15/11/2025

For Cheese Lover 🧀🫕🤤

ဒံပေါက်ချက်နည်း 🥘🍴-အဆီအဆိမ့်မများပဲ ရနံ့သင်းသင်းလေးရှိတဲ့ ဒံပေါက်ချက်နည်း၊ အိမ်သား (၈) ယောက်စာအတွက်ပါ။👩‍🍳ကြက်သားနှပ်ရန် ...
30/09/2025

ဒံပေါက်ချက်နည်း 🥘🍴

-အဆီအဆိမ့်မများပဲ ရနံ့သင်းသင်းလေးရှိတဲ့ ဒံပေါက်ချက်နည်း၊ အိမ်သား (၈) ယောက်စာအတွက်ပါ။

👩‍🍳ကြက်သားနှပ်ရန် အမွှေးနံ့ပြင်ဆင်ပုံ
- ဒံပေါက်မဆလာ
- ကရာဝေးရွက် (၅)ရွက်၊ သစ်ကျပိုးခေါက် (လက်ညိုးအရွယ် ၄ ပြား၊ ဇီရာ လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ နာနတ်ပွင့် (၅) ပွင့် တို့ကို လှော်ပါ၊ မွှေးလာလျှင် အအေးခံပြီး အမှုန့်ဖြစ်အောင်ထောင်းပါ၊ ပြီးလျင် ဒံပေါက်မဆာလာနှင့်ရောလိုက်ပါ

👩‍🍳ကြက်သားနှပ်နည်း
- ဗမာကြက်ပေါင် (၈) ခု
- ဒိန်ချဉ် ထမင်းစားဇွန်း (၄) ဇွန်း
- ကြက်သွန်နီကြော် ထမင်းစားဇွန်း (၄) ဇွန်း
- ကြက်သွန်ဖြူ တလုံးဥ (၈) ဥ ထောင်း
- ဂျင်း လက် ၂ ဆစ် ထောင်း
- နနွင်းမှုန့် အနည်းငယ်
- ငရုတ်သီးမှုန့် ထမင်းစားဇွန်း ၁ ဇွန်းမောက်မောက်
- ဆား အနည်းငယ်
- သကြားအနည်းငယ်
- ပူစီနံ (၁) စည်း
- ကြက်သားနှပ်ရန် အမွှေးနံ့ ထမင်းစားဇွန်း (၃) ဇွန်း

👩‍🍳အားလုံးရောနှယ်ပြီး အနည်းဆုံး (၃) နာရီနှပ်ထားရန်၊ (၃) နာရီပြည့်ပါက နှပ်ထားသောကြက်သားကို ဆီအနည်းငယ်ဖြင့် လုံးပေးပါ (ရေအနည်းငယ်ထည့်ပြီးလုံးပေးရန်လိုအပ်ပါသည်- ရည်ရွယ်ချက် ဒံပေါက်ကို ကြက်သားအစိမ်းဖြင့် မဖောက်ချင်သောကြောင့်)၊ ဆီပြန်လာတဲ့အထိလုံးပေးပါ။

👩‍🍳ဒံပေါက်ထမင်းချက်နည်း
- ဌက်ပျောဖက်
- Basmati ဆန် နို့ဆီဗူး (၃)ဗူး ကို ၁ နာရီခန့် ရေစိမ်ထားပါ
- စပျစ်ခြောက်ကိုရေစိမ်ပြီး သဲများသန့်စင်ပေးပါ
- သီဟိုဠ်စေ့
- ကြက်သွန်နီကြော်များများ ဒံပေါက်အနှစ်ရရန် လိုအပ်ပါသည်
- ဆား အနည်းငယ်
- သကြားအနည်းငယ်
- ပူစီနံ ၁ စည်း
- ထောပတ် ထမင်းစားဇွန်း (၃) ဇွန်း
- နို့စိမ်း ထမင်းစားဇွန်း (၃) ဇွန်း ကို ဒံပေါက်အရောင်အတွက် နနွင်းမှုန့်အနည်းငယ် နှင့်ရောဖျော်ထားပါ
- ကရာဝေး (၄) ရွက်၊ ဇီရာ လက်ဖက်ရည်ဇွန်း (၁)၊ နာနတ်ပွင့် (၄) ပွင့်၊ သစ်ဂျပိုးခေါက် လက်ညိုး (၃) ပြား
-ရေနွေးပွက်လာလျင် ကရာဝေး၊ ဇီရာ၊ သစ်ကျပိုးခေါက်၊ နာနတ်ပွင့်တို့ကို ထည့်ပါ၊ စိမ်ထားသောဆန်ကို ရေနွေးပွက်ပွက်ဆူတွင်ထည့်ပြီး ၈၀% လောက် ဆန်ကျက်အောင်ချက်ပါ၊ ပြီးလျင် ထမင်းရေငှဲ့ပြီး ဆန်ကို စကာနှင့် ရေစစ်ထားပါ။

👩‍🍳အိုးကြီးကြီးတခု၏အောက်ခြေကို ထမင်းမကပ်စေရန် ထောပတ်ဆီသုပ်ပေးပါ၊ ပြီးလျင် ဌက်ပျောဖက်ခင်းပါ၊ ဌက်ပျောဖက်ပေါ်တွင် ခုနက ရေစစ်ထားသော ဆန်တဝက်ကို ဖြူးပါ၊ ဆန်ပေါ်တွင် လုံးထားသောကြက်ပေါင်ကို စီပြီးထည့်ပါ၊ ထို့နောက် စပျစ်ခြောက်တလွှာ၊ သီဟိုဠ်စေ့တလွှာ၊ ကြက်သွန်နီကြော်တလွှာ၊ ဆားအနည်းငယ်၊ သကြားအနည်းငယ်၊ ထောပတ် ၁ ဇွန်းခွဲ၊ ဖျော်ထားသောနို့စိမ်း ၁ ဇွန်းခွဲ ဖြန်းပေးပါ၊ ပြီးလျင် ကျန်ရှိသော ဆန်များကိုဖြူးပါ၊ ဆန်အပေါ်တွင် စပျစ်ခြောက်တလွှာ၊ သီဟိုစေ့တလွှာ၊ လက်ကျန် ထောပတ် နှင့် ဖျော်ထားသော နို့စိမ်း၊ ပူစီနံ၊ ဆားနှင့်သကြား၊ ကြက်သွန်နီကြော်တို့ကိုဖြူးပေးပါ။ ပြီးလျင် ပိတ်စသန့်သန့်တခုနှင့် လုံအောင်အုပ်ပြီး အိုးအဖုံးဖုံးပါ၊ အိုးအဖုံးပေါ်တွင် အလေးတခုခုတင်ထားပေးရန် (အိုးအတွင်းထဲသို့လေလုံပြီး လေမဝင်ပဲ ဆန်ကောင်းကောင်းနှပ်ရန်)။ ***တချို့တွေကတော့ဂျုံကိုနှယ်ပြီး အိုးပတ်ပတ်လည်မှာကပ်ပြီးမှ အိုးအဖုံး ဖုံးပါတယ်၊ ကိုယ်ကတော့ အလုပ်ရှုပ် သက်သာစေဖို့ ပိတ်စ သန့်သန့်ကိုပဲသုံးပါတယ်***

👩‍🍳ထမင်းကို (၁) နာရီကြာအောင် နှပ်ပေးရပါတယ်၊ အဲဒါမှ အိုးအတွင်းက ကြက်သား၊ စပျစ်ခြောက်၊ သီဟိုဠ်စေ့၊ ဒံပေါက်အနှစ်တွေက နှပ်ပြီး စားလို့ကောင်းမှာပါ၊ မိနစ် (၃၀) လောက်ကြာရင် ဒံပေါက် သင်းပျံ့ရံနံ့တွေရလာပါပြီ၊ အိုးကိုသွားမဖွင့်ပါနဲ့ ထမင်းမနှပ်ပဲနေပါမယ်၊ မိနစ် (၄၀) လောက်ကျရင် အိုးကိုဖွင့်ပြီး ထမင်းကို အပေါ်အောက် အသာလေးလှန်ပေးပါ၊ ပြီးလျင် နောက်ထပ် မိနစ် (၂၀) ထပ်နှပ်ပါ၊ ၁ နာရီပြည့်ပြီဆိုတာနဲ့ ဒံပေါက်ရံနံ့က တအားမွှေးလာပြီး ဒံပေါက်ထမင်းကျက်ပါပြီနော်။



#ဒံပေါက်ချက်နည်း

ပိုတေးတိုးချစ်သူတွေအတွက် အာလူးကတ်တလိပ်ကြွပ်ကြွပ်ရွရွလေးဖြစ်အောင်ကြော်နည်း 🥔ဒီတစ်ခါမှာတော့ အာလူးကတ်တလိပ်လေးပြုလုပ်နည်းကို...
30/09/2025

ပိုတေးတိုးချစ်သူတွေအတွက် အာလူးကတ်တလိပ်ကြွပ်ကြွပ်ရွရွလေးဖြစ်အောင်ကြော်နည်း 🥔

ဒီတစ်ခါမှာတော့ အာလူးကတ်တလိပ်လေးပြုလုပ်နည်းကို ပြောပြလိုက်ပါတယ်။

လိုအပ်တဲ့ပစ္စည်းများတွေကတော့ အာလူး ၃-၄လုံး ၅ဝဝ ဂရမ်ခန့် ကြက်သွန်နီ ၁/၂ လုံး ၁၂ဝ ဂရမ်ခန့် ဆီ (ကြက်သွန်နီကြော်ရန်)
လက်ဖက်ရည်ဇွန်း ၁ ဇွန်း ဆား၊ငရုတ်ကောင်း အနည်းငယ် ဆီ (ကက်တလိပ်ကြော်ရန်) သင့်ရုံ
အာလူးအပေါ်တွင်လူးရန်အတွက် ဂျုံမှုန့် သင့်ရုံ ကြက်ဥ ၁ လုံး ရေ စားပွဲဇွန်း ၁ ဇွန်း ချေမွထားတဲ့ပေါင်မုန့်
လက်ဖက်ရည်ပန်းကန် ၁ လုံးခန့်
အာလူး ၃-၄လုံး ၅ဝဝ ဂရမ်ခန့် ကြက်သွန်နီ ၁/၂ လုံး ၁၂ဝ ဂရမ်ခန့် ဆီ (ကြက်သွန်နီကြော်ရန်)
လက်ဖက်ရည်ဇွန်း ၁ ဇွန်း ဆား၊ငရုတ်ကောင်း အနည်းငယ် ဆီ (ကက်တလိပ်ကြော်ရန်) သင့်ရုံ
အာလူးအပေါ်တွင်လူးရန်အတွက် ဂျုံမှုန့် သင့်ရုံ ကြက်ဥ ၁ လုံး ရေ စားပွဲဇွန်း ၁ ဇွန်း ချေမွထားတဲ့ပေါင်မုန့်
လက်ဖက်ရည်ပန်းကန် ၁ လုံးခန့်
ကြိုတင်ပြင်ဆင်ရန်

၁။အခွံခွာပြီး ၃စင်တီမီတာအရွယ် အတုံးတုံးထားတဲ့ အာလူးကို မီးပျော့ပျော့နဲ့ ၁၅မိနစ်ကနေ မိနစ်၂ဝလောက် ပြုတ်ပါ။

၂။
နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်နီကို နီရောင်သန်းလာတဲ့အထိ ဒယ်အိုးပြားမှာ ဆီပူထိုးပြီး ဆား၊ ငရုတ်ကောင်း ဖြူးထားပါ။

၃။ပြုတ်ပြီးသား အာလူးတွေကို ရေစစ်ပြီး၊ ဇလုံတစ်ခုထဲမှာ ထည့်ချေပါ။ ဆား၊ငရုတ်ကောင်း အနည်းငယ်ထည့်၊ ကြက်သွန်နီပါထည့်ပြီး ကောင်းကောင်းမွှေပါ။

၄။ကြက်ဥကို ရေရောပြီး ခေါက်မွှေထားပါ။ နယ်ထားတဲ့ အာလူးတွေကိုပူနေတုန်းမှာ ၈ခုစာခွဲပြီး တစ်ခုကို၁စင်တီမီတာ အထူရှိတဲ့ အပြားဖြစ်အောင် လုပ်ပါ။ ပြီးရင် အဲဒီအပြားမှာ ဂျုံမှုန့်လူးပြီး ကြက်ဥခေါက်မွှေထားတဲ့ အရည်ထဲနှစ်ပါ။ ပြီးရင်ချေထားတဲ့ ပေါင်မုန့်အမှုန့်တွေနဲ့ ကပ်လိုက်ပါ။

၅။အပူချိန် ၁၇၅ဒီဂရီစင်တီဂရိတ်လောက်ရှိတဲ့ ဆီထဲမှာ ၁မိနစ်လောက် နှစ်ကြော်လိုက်ရင် ရပါပြီနော်။

29/09/2025

Plain Donut ကြိုက်တဲ့သူတွေအတွက် Cinnamon Sugar Donut ✨🍩💫

29/09/2025

Red Velvet Cake မကြိုက်တဲ့သူရှိလား ❤️💋

29/09/2025

ဆိုင်မှာဝယ်စားရင် စျေးကြီးတဲ့ Blueberry Eclair လေး အိမ်မှာပဲ အလွယ်တကူ လုပ်စားမယ် 😋🫐🧁

အီကလဲချစ်သူတွေဆို အကြိုက်တွေ့မှာသေချာတယ် 🥰 ဘလူးဘယ်ရီအစား စတော်ဘယ်ရီ၊ လိမ္မော်၊ နာနတ် စတဲ့ မိမိကြိုက်နှစ်သက်ရာ ခရင်မ်နဲ့ လုပ်စားလည်းရပါတယ် 🤗🍓🍊🍍

29/09/2025

တစ်ကိုက်ကိုက်လိုက်တာနဲ့ အီဆောင့်တက်သွားစေမယ့် Special ချောကလက်ကွတ်ကီး 🤎🍪💫✨

ที่อยู่

On Nut
Bangkok
10250

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Food for Youผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์