06/07/2026
ယုန် ထီး လေးတွေ “ဥ” သင်းတာနဲ့ ပါတ်သက်လို့
ယုန်မိဘတွေ သိချင်တာ ဖုန်းဆက်ပြီးမေးကြတာရှိ
တော့ ကျန်တဲ့သူအားလုံးအတွက်ပါ sharing
လုပ်ပေးပါမယ်ဗျ ❤️❤️
“ဥ” သင်းတာ “ဥ” ဖြုတ်တာကို အများစုက
“ မင်းကွတ်သီး” ဖြုတ်တယ်လို့ ပြောကြပါတယ်
❗️ဘယ်ချိန် ဆို ဖြုတ်လို့ရပြီလဲ❗️
ကလေးအသက် 4 လ ကနေ 6 လ သားအရွယ်
အတွင်း ဖြုတ်ရင် ပိုကောင်းပါတယ်ဗျ
(ရွေးချယ်လို့ရတဲ့အနေထားကို ပြောပြတာပါ)
❗️အဲ့ဒီအသက်ထက်ကြီးရင်ဖြုတ်မရဘူးလား❗️
ဟုတ်ကဲ့ ~~~~~~ဖြုတ်လို့ရပါတယ်
Sakarin မှာ တော့ ကလေးအသက် တစ်နှစ်ခွဲ နှင့်
အထက်ဆိုရင် CBC လို့ခေါ်တဲ့ Blood Test တစ်မျိုး
စစ် ဖို့လိုပါမယ်ဗျ
(ဆေးခန်းမှာပဲ တခါတည်းသွေးစစ်လို့ရပါတယ်)
သွေးစစ်တဲ့ အဖြေ OK ရင်တော့ ဖြုတ်လို့ရပါတယ်
❗️ဖြုတ်မယ်ဆိုရင် ဘာပြင်ဆင်ထားဖို့လိုလဲ ❗️
ခွဲဖို့ ရက်ချိန်းရတဲ့နေ့ ဆေးခန်းမလာခင် ကလေးကို
အစာ ပြည့်နေအောင် ကျွေးခဲ့ပေးပါ
(စိတ်ထန်နေလို့ အစာစားနည်းတယ်/ မစားဘူး ဆိုရင်
Rabbit Care အမှုန့် သို့မဟုတ် Critical Care အမှုန့်
စသဖြင့် ဖျော်ပြီး ဆေးထိုးပိုက်နဲ့ ကျွေးလာခဲ့ပေးပါ)
❌ယုန်လေးတွေက ခွဲစိတ်ဖို့အတွက် အစာ နှင့် ရေ
ဖြတ်စရာ လုံးဝ လုံးဝ မလိုပါဘူးဗျာ ❌
❗️ယုန် ကော်လံ ❗️
ခွဲပြီးရင် ယုန်လေးတွေတပ်တဲ့ ကော်လံ ကို
3 ရက်လောက်တပ်ပေးထားရမှာမို့ ကော်လံ ရှိရင်
ယူလာပေးပါ
(မရှိရင် ဆေးခန်းမှာ ဝယ်လို့ရပါမယ်)
❗️ခွဲပြီးရင် ဘာလုပ်ပေးဖို့လိုလဲ❗️
သောက်ဆေး ( ၃ ) ရက်စာ ပေးမှာမို့ ဆေးတိုက်
ရပါမယ်
👍ယုန်တွေ ဆေးတိုက်ရ လွယ်ပါတယ် ဗျ👍
❗️ခွဲစိတ်တာအချိန် ဘယ်လောက်လိုလဲ❗️
တကယ်တမ်းခွဲစိတ်ချိန်က 10 မိနစ် ပါပဲ 🤭
သို့ပေမယ့် ကလေးပုံမှန် ပြန်ဖြစ်မှ ပြန်ရမှာမို့ အချိန်
(1 နာရီ ) ဝန်းကျင် တော့ ပေးဖို့လိုပါမယ်ဗျာ
❗️တစ်ရက်ကြိုတင် ဘိုကင်လုပ်ပေးဖို့ လိုပါမယ်❗️
ဒါပါပဲဗျ ~~~ “မင်းကွတ်သီး” ကိစ္စ 🤭😁
Dr. Kyaw Win
Sakarin Animal Healthcare Clinic
အမှတ် ၂၂၃၊ သုဝဏ္ဏသွားဆေး တက္ကသိုလ်အနီး၊ မေတ္တာလမ်း၊ သဃ်န်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
09-424223500
09-750400498