Sugar Glider Care by Mora

Sugar Glider Care by Mora Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sugar Glider Care by Mora, Pet service, Room 106, Building 888, Oakkyin Budayone Street, 13 Wards, Hlaing Township, Yangon.

ချစ်စရာကောင်းသော Sugar Glider လေးများ၊ Food & Accessory များ၊ Spa service, Pet Hotel & Health Care service များ အစရှိသဖြင့် Sugar Glider လေးများနှင့်ပတ်သက်ပြီး တစ်နေရာတည်းမှာ အစုံအလင် ရရှိနိုင်ပါတယ်။

Ph: 09255661300 ကိုဆက်သွယ်ပြီး စုံစမ်းလို့ရပါတယ်။

04/08/2026

Mosaic Sugar Glider အ​ချော​လေး 😍🥰

သားသား zeus ရဲ့ ကိတ်​နေမှုကြီး 😍သားသား ဒီ​နေ့ ကျန်းမာ​ရေး စစ်၊ spa လုပ်၊ သန်လာချတာပါ 🥰 သားသားက တီတီ Mora ရဲ့ အချစ်​တော်က...
02/08/2026

သားသား zeus ရဲ့ ကိတ်​နေမှုကြီး 😍

သားသား ဒီ​နေ့ ကျန်းမာ​ရေး စစ်၊ spa လုပ်၊ သန်လာချတာပါ 🥰

သားသားက တီတီ Mora ရဲ့ အချစ်​တော်ကြီးပါ ❤️

30/07/2026

အစားတစ်လိုင်း ​ခေး​လေး ချစ်ဖို့​ကောင်းလို့ 🥰😍

25/07/2026

ခေးတို့ နို့​သောက် ချိန်​လေး 😍

​သောက်​နေတဲ့ အသံ​လေး​တွေက ချစ်ဖို့​ကောင်း​နေ​​ရော 🥰

21/07/2026

🩷 Yuki & Hana 🩷

​ခေးတို့ ​မီမီ ခရီး​သွားတိုင်း တီတီ Mora ဆီမှာ အမြဲ pet hotel လာ​နေတဲ့ အ​ချောအကိတ်​လေး​တွေ 😍

အုန်းသီးလေးလုံး မတ်လေးလုံး 😁🥰😍
20/07/2026

အုန်းသီးလေးလုံး မတ်လေးလုံး 😁🥰😍

19/07/2026

အေး​ဆေး ​ခေး​ချော​လေး 🥰

မြန်မာပြည်အနှံ့ ​ခြေဆန့်​နေ​​သော Sugar Glider Care by Mora မှ ထုတ်တဲ့ Sugar Glider သီးသန့်တိုက်တဲ့ နို့မှုန့်​လေး​တွေ 😍၅...
18/07/2026

မြန်မာပြည်အနှံ့ ​ခြေဆန့်​နေ​​သော Sugar Glider Care by Mora မှ ထုတ်တဲ့ Sugar Glider သီးသန့်တိုက်တဲ့ နို့မှုန့်​လေး​တွေ 😍

၅နှစ်​ကျော်ကြာတဲ့အထိ အမြဲယုံကြည်​ပေး​သော လက်လီလက်ကား အား​ပေးသူများအားလုံးကို တီတီ Mora က အထူးပဲ​ကျေးဇူးတင်ရှိပါတယ် 🤩

Sugar Glider ​လေးများ အတွက် အထူးထုတ်ထားတာဖြစ်ပြီး quality အမြင့်နို့မှုန့်များ ဖြစ်လို့ စိတ်ချစွာတိုက်​ကျွေးနိုင်ပါတယ် 🥰

သခင်အသစ် ကိုကိုရဲ့ ပြုစုယုယမှု​လေး​တွေ​ကြောင့် သာယာ​ပျော်ရွှင်​နေ​သော Albino Sugar Glider မီးမီး​လေး 😍က​လေးကို ချစ်​ပေး ...
14/07/2026

သခင်အသစ် ကိုကိုရဲ့ ပြုစုယုယမှု​လေး​တွေ​ကြောင့် သာယာ​ပျော်ရွှင်​နေ​သော Albino Sugar Glider မီးမီး​လေး 😍

က​လေးကို ချစ်​ပေး ဂရုစိုက်​ပေးလို့ ​ကျေးဇူးပါ ​မောင်​လေး 🥰

12/07/2026

တီတီ Mora ဆီကနေ Sugar Glider လေး ​မွေးစားပြီး အခု သခင်နဲ့ စတင်အဆင်ပြေနေပြီဖြစ်လို့ video လေးပို့ပေးတာလေး တင်ပေးရင်း ဗဟုသုတလေး မျှဝေပေး လိုက်ပါတယ်။

Sugar Glider လေးစမွေးရင် အိမ်​ကို စစရောက်ချင်း ၅ရက် က သခင်နဲ့ ယဥ်အောင်လုပ်ဖို့ အရေးကြီးဆုံး ရက်တွေ ဖြစ်ပါတယ်။

သခင်ရဲ့ အိမ်ကို စရောက်တာနဲ့ လှောင်အိမ် နဲ့ ကျင့်သားရအောင် ထည့်ထားပေးပါ (နာရီဝက်ဝန်းကျင်ဆိုလုံလောက်ပါတယ်)။ ​ကလေးက လှောင်အိမ်ထဲမှာ အသားကျသွားပြီဆိုရင် သခင်ရဲ့ လက်ကို အနံ့ခံခိုင်းပြီး စတင်လက်ခံ​လာအောင် လုပ်ပေးရမယ့် အပိုင်းဖြစ်ပါတယ်။ Sugar Glider လေးတွေဟာ မိခင်အိမ်နေရာကနေ နေရာအပြောင်းအလဲ နှင့် အနံ့အသစ်ကို စတင်​ထိတွေ့ရတဲ့ အခါမှာ ကြောက်စိတ်လေးတွေ ရှိတတ်ကြတာမို့လို့ သူတို့ကို လက်နှင့်တိုက်ရိုက်ကိုင်တွယ်တဲ့ အခါမှာ အများစုက ကြောက်စိတ်ကြောင့် အော်ဟစ်ခြင်း​၊ ရန်ထောင်ခြင်း၊ ထွက်ပြေးခြင်းများ ပြုလုပ်တတ်ကြပါတယ်။ ဒါကြောင့် သခင်က စိတ်ရှည်ရှည်ဖြင့် အနွေးပုဝါလေးဖြင့် ကိုင်တွယ်ပေးခြင်း၊ လက်ဖမိုးကို အနံ့ရှူစေခြင်း (လက်ခြောင်းလေးတွေကို ပိုကြောက်တတ်လို့ပါ)၊ လက်ဖြင့် အစာလေးတွေကိုင်ကျွေးပေးခြင်းဖြင့် လက်အနံ့ကို ယဥ်ပါးလာစေအောင်ကျင့်ပေးရပါတယ်။

နောက်ထပ် အထိရောက်ဆုံး လေ့ကျင့်ပေးခြင်းကတော့ Tent time လုပ်ပေးခြင်းပါ။ အခု video ထဲက မောင်လေး လုပ်သလို ခြင်ထောင်ထဲမှာ ကလေးကို အဝတ်လေးနဲ့ ပတ်ကိုင်ပြီး ဖြေးဖြေးညင်သာစွာ ကိုင်တွယ်ပြီး ကြောဘက်နှင့် ခေါင်းအနောက်ဘက်ကို ပွတ်သပ်ပေးခြင်းဖြင့် သခင်ရဲ့ အထိအတွေ့ကို ယဥ်ပါးလာစေပြီး၊ သခင်ကို ယုံကြည်မှူပိုရှိလာစေပြီး ခင်တွယ်လာစေမှာ ဖြစ်ပါတယ်။ အကယ်လို့ ကလေးက ကြောက်နေသေးလို့ ထွက်ပြေးရင် အဝတ်လေးနဲ့ ဖြေးဖြေးပြန်ဖမ်းပြီး ကိုယ်ပေါ်၊ ပုခုံးပေါ်တင်ထားပေးလို့ရပါတယ်။

သတိပြရမှာကတော့ ကိုယ်လိုချင်တဲ့ပုံစံ ကိုယ်ကိုင်ချင်တဲ့အနေအထားမျိုးကို ချက်ချင်း အတင်းအကြပ်မလုပ်ဘဲ ကလေးနေချင်တဲ့ အနေအထားအတိုင်း လိုက်ရောညီထွေနေပေးခြင်းက ပိုပြီး မြန်မြန် ယဥ်ပါးလာစေမှာ ဖြစ်ပါတယ်။

Sugar Glider စမွေးတဲ့ owner တွေ အဆင်ပြေအောင် မျှဝေပေးလိုက်ပါတယ်နော်။

Address

Room 106, Building 888, Oakkyin Budayone Street, 13 Wards, Hlaing Township
Yangon
11051

Alerts

Be the first to know and let us send you an email when Sugar Glider Care by Mora posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sugar Glider Care by Mora:

Shortcuts

Share

Category