IVORY Palace Pet Clinic

IVORY Palace  Pet Clinic Pet Clinic , Accessories and Pet Spa

မိမိတို့ရဲ့ သားသားမီးမီး လေးတွေ ယားယံပြီး အမြဲကုတ်နေရတာ၊ မှိုစွဲတာ၊ သန်း/မွှား တွေကြောင့် စိတ်ညစ်နေရတဲ့ ဖေဖေမေမေတို့အတွက...
30/05/2026

မိမိတို့ရဲ့ သားသားမီးမီး လေးတွေ ယားယံပြီး အမြဲကုတ်နေရတာ၊ မှိုစွဲတာ၊ သန်း/မွှား တွေကြောင့် စိတ်ညစ်နေရတဲ့ ဖေဖေမေမေတို့အတွက် ခေါင်းခဲစရာမလိုတော့ဘူးနော်။
သားသားမီးမီးလေးတွေရဲ့ အရေပြားနဲ့ အမွှေးအမျှင်ပြဿနာတွေအတွက် Ivory Palace Pet Clinic ကနေ အထူးဖော်စပ်ထုတ်လုပ်ထားတဲ့ သီးသန့် Dog Shampoo (၃) မျိုး ရှိနေပြီလေ 🤩👇
✨ ၁။ Smooth & Shining Skin (Extra Virgin Olive Oil)
ပုံမှန်ရေချိုးပေးဖို့နဲ့ အမွှေးလေးတွေ ပိုးသားလို နူးညံ့တောက်ပြောင်ချင်တဲ့ အချစ်တော်လေးတွေအတွက်ပါ။ Extra Virgin Olive Oil ပါဝင်လို့ အရေပြားကို စိုပြည်စေပြီး အမွှေးကျွတ်တာကိုလည်း သက်သာစေပါတယ်။
🌿 ၂။ Flea Shampoo (Apple Cider Vinegar & Rosemary)
ခွေးလေးတွေကို အမြဲဒုက္ခပေးနေတဲ့ သန်း၊ မွှား၊ တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးချင်ရင်တော့ ဒါလေးသုံးပါ။ Apple Cider Vinegar နဲ့ Rosemary တို့လို သဘာဝပစ္စည်းတွေနဲ့ ဖော်စပ်ထားလို့ အန္တရာယ်ကင်းကင်းနဲ့ အသုံးပြုနိုင်ပါတယ်။
🩺 ၃။ Medicated Shampoo (Ketoconazole & Chlorhexidine)
အရေပြားရောဂါများ၊ ပြင်းထန်စွာယားယံခြင်း၊ မှိုစွဲခြင်း နဲ့ အရေပြားဗောက်ထခြင်းတွေအတွက် အထူးဖော်စပ်ထားတဲ့ Medicated Shampoo ပါ။ ကျွန်တော်တို့ Ivory Palace Pet Clinic မှ Dr.Zion ကိုယ်တိုင်ဖော်စပ်ထားတာမို့ အရေပြားပြဿနာတွေကို အမြန်ဆုံး သက်သာပျောက်ကင်းစေပါတယ်။
💯 ဘာလို့ Ivory Palace Dog Shampoo ကို ရွေးချယ်သင့်တာလဲ?
Ivory Palace Pet Clinic မှကိုယ်တိုင်ထုတ်လုပ်ထားတဲ့ Product ဖြစ်လို့ Quality ပိုင်းနဲ့ Safety ပိုင်းအတွက် ရာနှုန်းပြည့် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

Pet Spa, Grooming နဲ့ Pet Shop လုပ်ငန်းရှင်များအတွက် လည်း ကိုယ့်ဆိုင်ကိုလာတဲ့ Customer တွေရဲ့ အချစ်တော်လေးတွေကို Clinic Quality Shampoo တွေနဲ့ အကောင်းဆုံး ဝန်ဆောင်မှုပေးချင်တာပဲဖြစ်ဖြစ်၊ ဆိုင်မှာတင်ပြီး ပြန်လည်ရောင်းချချင်တာပဲဖြစ်ဖြစ်... လုပ်ငန်းရှင်တွေအတွက် 5Litre ၊ 2Litre လက်ကားစျေး သီးသန့်ရှိပါတယ်ရှင့်။ ပစ္စည်းပြတ်သွားမှာ စိတ်ပူစရာမလိုဘဲ အမြဲတမ်း စိတ်ချလက်ချ ယူရောင်းလို့ရပါတယ်နော်။
​🛒 မှာယူချင်တယ်ဆိုရင်တော့...
လက်လီဝယ်ယူချင်တဲ့ ဖေဖေမေမေတွေရော၊ လက်ကားယူချင်တဲ့ ဆိုင်ရှင်တွေပါ Page Messenger ကနေတဆင့်ဖြစ်စေ၊
☎️ ဖုန်း - 09-797361511 ကိုဖြစ်စေ အခုပဲ ဆက်သွယ်မှာယူနိုင်ပါပြီရှင့်။

Canine Chronic Bronchitisနာတာရှည် အသက်ရှူလမ်းကြောင်းရောဂါဝုတို့မှာ ဖြစ်ပွားတတ်တဲ့ နာတာရှည် အသက်ရှူလမ်း ကြောင်း ရောင်ရမ်း...
30/05/2026

Canine Chronic Bronchitis
နာတာရှည် အသက်ရှူလမ်းကြောင်းရောဂါ

ဝုတို့မှာ ဖြစ်ပွားတတ်တဲ့ နာတာရှည် အသက်ရှူလမ်း ကြောင်း ရောင်ရမ်းသည့် ရောဂါတခု ဖြစ်ပြီး အဆုပ်ကို ထိခိုက်ပျက်စီးတဲ့အထိ ပြင်း​ပြင်းထန်ထန် ဖြစ်တတ်ပါတယ်။

Chronic Obstructive Respiratory Disease-COPD ဟာ ဝု အမျိုးအစား အစုံမှာ ဖြစ်တတ်ပေမယ့် အသေးစားမျိုးတွေမှာ ပိုဖြစ်လေ့ ရှိပါတယ်။ အထူးသဖြင့် ၄ - ၆ နှစ်အရွယ် ဝုတို့မှာ ပိုဖြစ်တတ်တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း မကြာမကြာ တွေ့ရတတ်တဲ့ ရောဂါတခု ဖြစ်ပါတယ်။ ခုလို Respiratory illness တွေ မကြာမကြာ ဖြစ်တတ်လာချိန်မှာ ရောဂါကျရောက်ဖြစ်ပွားမှုကို တိကျတဲ့ လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ဖို့ အမှန်တကယ် လိုအပ်လာပါပြီ။

ဒီရောဂါဟာ ကုသဖို့ ခက်ခဲကြာရှည်လေ့ရှိပြီး ရောဂါကုသ တိုးတက်မှု နှေးတာ တွေ့ရပါတယ်။ ဒါပေမယ့် ရောဂါတိုးနှုန်းကိုတော့ ကုသမှုနဲ့သာ လျော့ကျစေနိုင်ပါတယ်။

ရောဂါလက္ခဏာတွေအနေနဲ့ ချောင်းဆိုးမယ်၊ အသက်ရှူပုံစံ မမှန်တာတွေ၊ ခက်ခက်ခဲခဲ ရှူနေရတာတွေ (dyspnea, shortness of breath) နဲ့ မကြာမကြာ အန်တတ်မယ်၊ ပျို့သလိုလို အစာနင်တာလိုလို ဖြစ်တာ တွေ့ရတတ်ပါတယ်။ တချို့ ဝုတွေမှာ နှာရည်လေး တပြပြ ရှိနေတတ်ပါတယ်။ အများစုမှာတော့ ကိုယ်ပူချိန် တက်လေ့ သိပ်မရှိတာ တွေ့ရပြီး Mix infection မှာတော့ တခါတရံ Hyperthermia ရတတ်ပါတယ်။ ရောဂါဟာ အပျော့စားရောဂါ ကူးစက်မှုကနေလည်း အဆုပ်ပျက်စီးတဲ့အထိ ပြင်းထန်လာတတ်ပါတယ်။

ရောဂါရှာဖွေစစ်ဆေးဖို့ X ray, Bronchoscopy, Tracheal wash စတာတွေ လုပ်ရပါမယ်။

ကုသမှုအနေနဲ့ အိမ်မှာစောင့်ရှောက်ကုသနိုင်ပေမယ့် အသက်ရှူ ခက်ခဲတဲ့အဆင့်ဆိုရင်တော့ ဆေးရုံ ဆေးခန်းမှာ ကုသဖို့ လိုအပ်ပါတယ်။ (Hospitalization, Oxygen therapy, IV corticosteroid, Nebulization ကုသတာ​
တွေကို လိုအပ်သလို လုပ်ရပါမယ်။ Brinchodilator ပေးပြီး ကုသတာတွေရှိပေမယ့် ဝုတွေမှာ ထိရောက်မှုကို ဆန်းစစ်ထားခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။)

(ရောဂါကြောင့် ချောင်းဆိုတာကို ချောင်းဆိုးပျောက်ဆေး အပြင်းစားတွေနဲ့ ရပ်တန့်အောင် မလုပ်သင့်ပါဘူး။ ချောင်းဆိုးတာရပ်ရင် ချွဲတွေ အပြင်ကို မထွက်နိုင်တော့တာကြောင့် အဆုပ်ထဲ ချွဲပိတ်ပြီး လေအဟောင်းနဲ့ အသစ် ဖလှယ်တဲ့ ဖြစ်စဉ်ကို နှေးကွေးစေပြီး အောက်ဆီဂျင် ရရှိမှုကို ကမောက်ကမ ဖြစ်စေပါတယ်။ Nebulization လုပ်ရင် အန်တတ်ပါတယ်။ ဝုတို့မှာ ချွဲကို အန်ပြီးမှ ထုတ်နိုင်တာကြောင့် ဆေးရှူပြီး အန်တာဟာ ကောင်းတဲ့ဖြစ်စဉ်မို့ စိုးရိမ်စရာ မရှိပါဘူး။)

ရောဂါဖြစ်ပွားရခြင်းရဲ့ တိကျတဲ့အကြောင်းရင်းကိုလည်း လေ့လာနေကြဆဲဖြစ်ပြီး ကာကွယ်မှုအနေနဲ့ ဆေးလိပ်ငွေ့ မီးခို့ငွေ့နဲ့ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေနိုင်တဲ့ အငွေ့အသက်နဲ့ အမှုန်အမွှားတွေကနေ ရှောင်ရှားစေနိုင်ဖို့ လုပ်ပေးရပါမယ်။

ခုလို အပူရာသီဖက် အပြောင်းအလဲကာလ ဖုန်ထူထူ ပန်းတွေဝေချိန်ကာလမှာတော့ နဂို ရောဂါအခံရှိတဲ့ကလေးတွေကို အထူး သတိထား စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။

ခွေး၊ ကြောင်တုပ်ကွေးရောဂါခွေး၊ ကြောင်တုပ်ကွေးရောဂါသည် ရာသီမရွေးဖြစ်တတ်ပြီး ဆောင်းရာသီတွင် ပိုဖြစ်လေ့ရှိသည့် ဗိုင်းရပ်ရော...
30/05/2026

ခွေး၊ ကြောင်တုပ်ကွေးရောဂါ

ခွေး၊ ကြောင်တုပ်ကွေးရောဂါသည် ရာသီမရွေးဖြစ်တတ်ပြီး ဆောင်းရာသီတွင် ပိုဖြစ်လေ့ရှိသည့် ဗိုင်းရပ်ရောဂါတစ်ခု ဖြစ်သည်။ တုပ်ကွေးပိုး Flu A ကြောင့်ဖြစ်ပြီး ခွေးတွင် H3N8 နှင့် H3 N2 ကြောင့်လည်းကောင်း၊ ကြောင်တွင်
H7N2 ကြောင့် ဖြစ်ပွားသည်။ ခွေးများတွင် ကြောင်များထက် ခွေးများ၌ ရောဂါဖြစ်မှု ပိုများသည်ကို တွေ့ရသည်။

ရောဂါကူးစက်ခံရပါက နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း လည်ချောင်းရောင်ရမ်းခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲပြီး လှုပ်ရှားနိုင်မှုမရှိခြင်း လက္ခဏာများ ပြတတ်သည်။

ရောဂါကူးစက်ခံရသည့်ခွေး၊ ကြောင်တို့က နှာချေခြင်း၊ နမ်းရှုပ်မိခြင်း၊ ဟောင်ခြင်းတို့ကြောင့် ကူးစက်မှုဖြစ်စေသည်။ ကုသမှု မပြုက သေနှုန်း 10% အထိရှိနိုင်ပြီး အသက်ကြီးလွန်းသူများ၊ အသက်ငယ်လွန်းသူများနှင့် နာတာရှည်ရောဂါအခံရှိသူများတွင် သေဆုံးမှု မြင့်မားလေ့ရှိသည်။

ရောဂါလက္ခဏာများအနေဖြင့် ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်းတို့ကို ဦးစွာတွေ့ရတတ်ပြီး မျက်ဝတ်ထွက်ခြင်း၊ မျက်လုံးရောင်ရမ်းခြင်း၊ မျက်ခမ်းရောင်ရမ်းခြင်း၊ အစာစားလိုစိတ်မရှိခြင်း၊ အံကြိတ်ခြင်း၊ သွားရည်များ အဆ မတန်ထွက်ခြင်းနှင့် အားကုန်နှုန်းချည့်ခြင်းတို့ကို အခြားလက္ခဏာများအဖြစ် တွေ့ရတတ်သည်။

ကုသခြင်း

ဗိုင်းရပ်ရောဂါပိုး ဖြစ်သောကြောင့် သီးသန့်ကုသဆေး မရှိပဲ ရောဂါကြာချိန်တစ်ခုအပြီးတွင် ပျောက်ကင်းလေ့ရှိသော် လည်း ရေဓာတ်ခမ်းခြောက်ခြင်းမှ သက်သာစေရန်အတွက် ကုသခြင်း၊ နောက်ဆက်တွဲရောဂါများ ဝင်ရောက်ခြင်းမှကာကွယ်ရန် ကုသခြင်းများ ပြုလုပ်ရမည်။

အိမ်တွင်းစောင့်ရှောက်မှုအနေဖြင့် အရည်ဓာတ်ပိုမိုရရှိစေရန် အရည်များသောအစာများ ပြောင်းလဲ ကျွေးမွေးရမည်။ ဓာတ်ဆားရည် တိုက်ရမည်။ နှာဝတွင်ပိတ်နေသော အကျိ အချွဲများကို ပုံမှန်ဖယ်ရှားပေးခြင်းဖြင့် အနံ့ခံအာရုံ ပြန်ကောင်းစေရန်နှင့် အစားစားချင်စိတ် ဖြစ်လာစေရမည်။

ရောဂါဖြစ်ပုံစံနှင့် ကြာချိန်သည် တိ တစ်ကောင်ချင်းစီ၏ ​ရောဂါဒဏ်ခံနိုင်စွမ်းအရ ကွာခြားနိုင်သည်။ အများအားဖြင့် ရောဂါဖြစ်ချိန် ၁၀ ရက်ခန့် ကြာတတ်သည်။ ရောဂါလက်ခံကောင်သည် ရောဂါပိုးကို ၂၆ ရက်ကြာ သယ်ဆောင်ထားနိုင်ပြီး ကူးစက်ခံကောင်ရေ၏ ၂၅% ခန့်သည် ရောဂါဖြစ်လက္ခဏာများ မပြပဲရှိနေတတ်သည်။

ဤရောဂါသည် လိုအပ်​သည့်ကုသမှုမရှိက သေနှုန်း ၁၀ ရာနှုန်းထိ ရှိတတ်ပြီး အသက်ငယ်လွန်း/ကြီးလွန်းသူများ၊ နာတာရှည်ရောဂါအခံရှိသူများတွင် သေးဆုံးမှုနှုန်း ပိုများတတ်သောကြောင့် ရောဂါပြလက္ခဏာများ ပျောက်ကင်းသည့်အချိန်ထိ ကုသစောင့်ရှောက်မှုပေးရန် အရေးကြီးပါသည်။

ကာကွယ်ခြင်း

ကာကွယ်ဆေးထိုး​ခြင်းဖြင့် ကာကွယ်နိုင်သည်။၊
ရောဂါလက္ခဏာပြလျှင် ချက်ချင်း ကုသ​မှု ခံယူရမည်။

Canine Parvovirus(CPV/CPV2/Parvo)ခွေးသွေးဝမ်းရောဂါ၁။ သွေးဝမ်းရောဂါ   CPV သွေးဝမ်းရောဂါသည် ခွေးများတွင်အဓိကဖြစ်ပွားတတ်သည်...
12/01/2026

Canine Parvovirus
(CPV/CPV2/Parvo)
ခွေးသွေးဝမ်းရောဂါ

၁။ သွေးဝမ်းရောဂါ

CPV သွေးဝမ်းရောဂါသည် ခွေးများတွင်အဓိကဖြစ်ပွားတတ်သည့် ဗိုင်းရပ်စ်ရောဂါတစ်မျိုး ဖြစ်သည်။ ကာကွယ် ဆေးထိုးနှံထားခြင်းမရှိသည့် တိ-များတွင် ဖြစ်ပွားလေ့ရှိပြီး ကြပ်မတ်သော ကုသမှု မပြုက သေနှုန်း ၉၀ ရာနှုန်းကျော် ရှိသည်အထိ ပြင်းထန်သော ကူးစက်ရောဂါ ဖြစ်သည်။ မြေခွေး၊ ဝံပုလွေ အစရှိသည့် ခွေးမျိုးနွယ်စုတွင် ဖြစ်ပွားလေ့ရှိသော်လည်း ကြောင်နှင့် အခြားနို့တိုက်သတ္တဝါများသို့လည်း ကူးစက်ကျရောက်နိုင်သည်။ ခွေးငယ်များတွင် အဓိကဖြစ်ပွားပြီး အသက်အရွယ်မရွေး ကူးစက်ခံရနိုင် သည်။

၂။ ရောဂါပိုး

သွေးဝမ်းရောဂါကို CPV 1 နှင့် CPV 2 တို့ကြောင့် ဖြစ်ပွား စေသည်။ CPV 1 သည် ပိုးအပျော့စားဖြစ်ပြီး CPV 2 က ကူးစက်ခံ တိကို အသက်ဆုံးရှုံးသည်အထိ ပြင်းထန်စွာ တိုက်ခိုက်လေ့ရှိသည်။ ရောဂါပိုးသည် ပိုးသတ်ဆေး အများစုကို ခံနိုင်စွမ်းရှိပြီး၊ ရာသီဥတုဒါဏ်နှင် PH အပြောင်းအလဲကိုလည်း ခံနိုင်စွမ်းရှိသည်။ ရောဂါပိုးသည် လက်ခံကောင်၏
ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပြီးနောက် Mitosis နည်းဖြင့် လျှင်မြန်စွာ ဆဲလကွဲ ပွားများပြီး သွေးဖြူဥဆဲလ်များကို တိုက်ခိုက်ခြင်းဖြင့် ကိုာ်ခံစွမ်းအား ကျဆင်းခြင်းကို ဖြစ်စေ သည်။ ထို့ကြောင့် ရောဂါကူးစက်မှုအစပိုင်းတွင် Leucopenia ကို တွေ့ရသည်။

၃။ ရောဂါကူးစက်ခြင်း

ရောဂါလက္ခဏာပြချိန်သည် ရောဂါပိုးကူးစက်ခံရပြီးနောက် ၃-၁၀ ရက်အတွင်း ဖြသ်ပေါ်လေ့ရှိသည်။ လက္ခဏာ မပြသော်လည်း ကူးစက်ခံကောင်မှ အခြား တိများသို့ ကူးစက်နိုင်သည်။ ရောဂါပိုးကို ရောဂါကူးစက်ပြီးခွေး၏ မစင်ကို
တိုက်ရိုက်ထိတွေ့ခြင်း၊ အစာခွက် ရေခွက်အပါအဝင် အသုံး အဆောင်ပစ္စည်းများမှတဆင့် ကူးစက်ခြင်း ခံရနိုင်သည်။ ရောဂါဖြစ် တိကို နမ်းရှုပ်မိခြင်းဖြင့်လည်း ကူးစက်စေနိုင် သည်။

၄။ ရောဂါလက္ခဏာများ

သွေးဝမ်းရောဂါလက္ခဏာများစွာအနက် အများစုမှာ - ဖျားနာခြင်း၊ မအီမသာဖြစ်ခြင်း၊ မှိုင်တွေခြင်း၊ အစားပျက်ခြင်း၊ မကြာခဏ အန်ခြင်း(အဝါရောင်အမြှုပ်)၊ ကိုယ်အလေးချိန် ကျခြင်း၊ အနံပြင်းသော သွေးဝမ်းသွားခြင်း (ရောဂါကူးစက်ခံကောင်များ၏ ၂၅ % တွင် သွေးဝမ်းသွားခြင်းလက္ခဏာ မပြတတ်ပါ)၊ ကိုယ်ပူ နိမ့်လွန်းခြင်း၊ ရေဓာတ်ခမ်းခြင်းတို့ ဖြစ်သည်။ ရေဓာတ်ခမ်းခြင်း၊ အန်ခြင်းတို့ကြောင့် Electrolyte inbalance ဖြစ်ခြင်း၊ ကိုယ်ခံစွမ်းအားကျဆင်းခြင်းကြောင့် နောက်ဆက်တွဲ ရောဂါများဝင်ရောက်ခြင်း၊ အူလမ်းကြောင်းပျက်စီးခြင်းကြောင့် သွေးနှင့် အသား ဓာတ်များ အူလမ်းကြောင်းအတွင်းစိမ့်ဝင်ပြီး သွေးအား နည်းခြင်း၊ အသားဓာတ်ဆုံးရှုံးခြင်း၊ သွေးဆိပ်တက်ခြင်းတို့ကို ဖြစ်စေသည်။ အူလမ်းကြောင်းမှ အာဟာရဓာ်များ စုပ်ယူမှုကို လျော့ကျစေသည်။ ခွေးငယ်များတွင် ရောဂါပိုးသည် ပြန်ရည်စနစ်နှင့် ရိုးတွင်းချဉ်ဆီကို ထိခိုက်စေခြင်းဖြင့် ကိုယ်ခံအားကို ကျဆင်းစေနိုင်ပြီး နှလုံးထိခိုက်မှုဖြင့် သေဆုံးစေနိုင်သည်။ ကူးစက်ခံတိသည် သွေးအားနည်းရောဂါ ရှိခဲ့ပါက ပိုမိုဆိးရွားစေပြီး အသက်သေဆုံးသည်အထိ ရောဂါကို ပြင်းထန်စွာ ခံစားရနိုင်သည်။

၅။ ရောဂါပုံစံ

သွေးဝမ်းရောဂါကို ပုံစံ ၂ မျိုး တွေ့ရတတ်သည်။

က) Parvo enteritis
ရောဂါအစပိုင်းတွင် အဖျားတက်မည်။ အစားပျက်လာမည်။ အဝါရောင်အမြှုပ်များ အန်မည်။ အနံးပြင်းသော သွေးဝမ်းသွားမည်။ ဆီး မကြာခဏသွားခြင်း၊ မငြိမ်မသက်ဖြစ်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ Severe prolong capillary filling time, poor pulse quality တို့ တွေ့ရတတ်ပြီး နောက် ပိုင်းတွင် ကိုယ်အပူချိန် ကျဆင်းနေတတ်သည်။
Peripheral circulatory failure ကြောင့် သေဆုံးနိုင် သည်။

ခ) Parvo myocarditis
အသက် ၁၀ ပတ်သားအောက် ခွေးငယ်များတွင် အများဆုံး တွေ့ရသည်။ နှလုံးကြွက်သားများ ထိခိုက်မှုကြောင့် သွေးလှည့်ပတ်မှု ချွတ်ယွင်းပြီး သွေးလန့်သေဆုံးခြင်း (Cardiogenic shock)ကို ဖြစ်စေနိုင်သည်။ နှလုံးကြွက်သားရောင်ရမ်းခြင်း၊ ထပ်တိုးဘက်တီးရီးယားပိုး ဝင်ရောက်နိုင်ခြင်းတို့ကြောင့် symptomatic T/ M & Intensive care လုပ်ရမည်။

၆။ ရောဂါအဆင့်များ
က) ရောဂါကူးစက်ခံရခြင်း
ရောဂါပိုးနှင့် ထိတွေ့သည့်နေ့ ဖြစ်သည်။

ခ) ရောဂါပျိုးချိန်အဆင့်
ထိတွေ့ပြီးနောက် ပထမ ၃-၅ ရက် (ဤအဆင့်တွင် ရောဂါဖြစ်လက္ခဏာများ ပြသလေ့မရှိပါ)

ဂ) ရောဂါလက္ခဏာပြအဆင့်
ကူးစက်ခံရပြီးနောက် ၅-၈ ရက်

ဃ) ရောဂါစစ်ဆေးတွေ့ရှိသည့်အဆင့်
ရောဂါစစ်ဆေးတွေ့ရှိချိန် စောလေလေ ကုသမှုအောင်မြင်နှုန်း မြင့်မားလေဖြစ်သည်

င) ကုသမှုခံယူသည့်အဆင့်
ဆောလျှင်စွာ ကုသမှုခံယူရမည်။

စ) နာလံထချိန်
ကုသမှုခံယူသည်မှ ရောဂါညြ့်ဝစွာပျောက်ကင်းသည်အထိ အချိန် ၄-၂၀ ရက်ထိ ကြာမြင့်နိုင်သည်။

၇။ ကုသခြင်း
သွေးဝမ်းရောဂါအတွက် တစ်ခုတည်းသော အထိရောက်ဆုံးကုသမှုဟူ၍ မရှိပါ။ အောင်မြင်စွာကုသမှုသည် ရောဂါ၏ ပြင်းထန်မှု၊ တိ ၏ အသက်အရွယ်နှင့် ဆောလျင်ထိရောက်စွာ ကုသနိုင်မှုတို့အပေါ် များစွာ မူတည်သည်။ ပြင်းထန်စွာရေဓာတ်ခမ်းခြောက်စေခြင်းနှင့် အူလမ်းကြောင်းထိခိုက်စေခြင်းတို့ကြောင့် CPV ကူးစက်ခံရသည်ဟု သံသယရှိလျှင် ချက်ချင်း ကုသမှုခံယူရမည်။ ရောဂါကူးစက်ဖြစ်ပွားနှုန်း မြင့်မားသည့်ဒေသနှင့်အချိန်တွင် မကြာခဏ အန်သည့်/ ဝမ်းသွားသည့် တိကို ရောဂါကူးစက်ခံရသည်ဟု မှတ်ယူ၍ လိုအပ်သော ရောဂါစစ်ဆေးမှုကို ပြုလုပ်ရမည်။

သွေးဝမ်းရောဂါ ကုသခြင်းသည် အထောက်အကူပြု ကုသခြင်းသာဖြစ်သည်။ ကုသမှုအများစုမှာ Symptomatic
T/M များဖြစ်သည့် Antiemetic/Ondansteron/CPZ နှင့် Broadspectrum antibiotics, analgesic, crystalloid fluid therapy တို့ ဖြင့် ကုသခြင်းဖြစ်သည်။
(Narcotic drugs များ အသုံးမပြုသင့်ပါ)
အန်သည့်ကြိမ်ရေနှင့် ပမာဏ၊ ကိုယ်အလေးချိန် (အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်)၊ ရေဓာတ်ခမ်းခြောက်မှုအဆင့်နှင့်
ဝမ်းသွားသည်တို့နှင့်ညီမျှသော Electrolytes. များကို တွက်ချက်၍ ပေးသင့်သည်။

ခွေငယ်များတွင် Stress cause hypogkycemia ဖြစ်တတ်သဖြင့် Glucose ကို ထပ်ဆောင်းထည့်သွင်းပေးနိုင်သည်။

Circulatory system ထိခိုက်မှုကြောင့် Sepsis ဖြစ်ပွားတတ်သဖြင့် Antibiotic Therapy လုပ်ရမည်။ (GI damage ကြောင့် IV/IM on. နိုင်သည်။ Dehydration ကို ကုသမှု မပြုရသေးပါက Aminoglycoside များ မပေးသင့်ပါ)

အဆက်မပြတ်အန်နေလျှင် Antiemetic drugs. များဖြင့်ကုသရမည်။ Restriction of intestibal contents, systemic complications, bacteria growth and movement တို့ဖြစ်နိုင်သောကြောင့် ယျေဘုယျအားဖြင့် Antidiarrhea drugs များကို မပေးသင့်ပါ။ မကြာခဏ အန်နေစဉ်အချိန်တွင်း ရေနှင့်အစာ ဖြတ်ထားရမည်ဖြစ်ပြီးအအန်ရပ်ပြီးနောက် ၁၂ - ၂၄ နာရီအကြာတွင် ပျော့ပြောင်းကျေညက်လွယ်ပြီး အဆီဓာတ်နည်းသောအစာနှင့် အရည်ကို တိုက်ကျွေးနိုင်သည်။

CPV positive. ဖြစ်ထားသည့်ခွေး၏သွေးရည်ကြည်ကို သွင်း၍ ကုသခြင်း(convelescent or hyper immuned serum)အချို့ ရှိသော်လည်း ထိရောက်မှုကို သုတေသနပြုထားသည့် သက်သေများ မရှိသေးပါ။
Plasma, Human albumin များဖြင့်ကုသခြင်းအတွက်လည်း ဘေးကင်းသည့် colloids များ မရရှိက colloid osmotic ကို မြင့်တက်စေနိုင်သည်။

ရောဂါကူးစက်ခြင်းခံရပြီး ၄ ရက်အတွင်း ထိရောက်သောကုသမှုခံယူနိုင်ပါက ရှင်သန်မှုနှုန်း မြင့်မားသည်ကို တွေ့ရသည်။

၈။ ကာကွယ်ခြင်း
သွေးဝမ်းရောဂါသည် တိကျသောကုသဆေး မရှိသည့်အတွက် ရောဂါကို ကာကွယ်ဆေး တိကျစွာထိုးနှံကာကွယ်ခြင်းနည်းသည်သာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

ကာကွယ်ဆေးပုံမှန်ထိုးနှံခြင်းခံယူထားသည့် မိခင်မှ မွေးသည့်တိငယ်များတွင် မိခင်ထံမှ ရောဂါခံနိုင်စွမ်းကို ခွေးငယ်အသက် ၆ ပတ်သားအထိ ရရှိနိုင်သည်။ ထို့ကြောင့် ခွေးငယ်များကို အသက် ၆ ပတ်အရွယ်မှစတင်၍ ၃-၄ ပတ်ခြားတစ်ကြိမ်နှုန်းဖြင့် အသက် ၁၆ ပတ်သားအရွယ်ထိ အနည်းဆုံး ၃ ကြိမ် ထိုးနှံရမည်။ အသက် ၁၆ ပတ်နှင့်အထက်အရွယ်တွင် ကာကွယ်ဆေး စတင်ထိုးနှံပါက ၃-၄ ပတ်လျှင် တစ်ကြိမ် နှုန်းဖြင့် ၃ ကြိမ် ထိုးနှံရမည်။ ကိုယ်ဝန်ဆောင်ချိန်တွင် ကာကွယ်ဆေးထိုးနှံခြင်း မပြုရ။ လေ့လာချက်များအရ နှစ်ပြည့် ကာကွယ်ဆေး Annual booster ထိုးနှံထားပြီးသည့် တိတွင် ၃ နှစ်ကြာထိ ရောဂါ ခုခံနိုင်စွမ်း ရှိကြောင်း တွေ့ရှိရသည်။

ပိုးရှင်ကာကွယ်ဆေးများသည် ရောဂါခုခံနိုင်စွမ်းကို ၃-၅ ရက်အတွင်း ဖြစ်ပေါ်စေနိုင်သည်။ သို့သော် မိခင်ထံမှ ရရှိသည့်ဘရောဂါခံနိုင်စွမ်းကျဆင်းချိန်နှင့် ကာကွယ်ဆေး ၃ ကြိမ် ပြည့်ဝစွာ ထိုးပြီးနောက် ခုခံစွမ်းအသစ် ပြန်လည်ရရှိချိန်မတိုင်မီအကြားတွင် ရောဂါပိုးဝင်ရောက် ကူးစက်မှုခံရနိုင်ကြောင်း သတိချပ်ရမည်။

ယခုအခါ စျေးကွက်အတွင်း အသက် ၆ ပတ် မပြည့်မီ ငယ်ရွယ်စဉ်ထိုးနှံနိုင်သည့် ကာကွယ်ဆေးများ၊ antibody ဖြင့် ကုသနိုင်သည့် ထိုးဆေးများကို အသုံးပြုနိုင်သော်လည်း ရောဂါကူးစက်နှုန်းမြင့်မားချိန်၊ ရောဂါပိုးပြင်းထန်ချိန်တွင် ရောဂါဝင်ရောက်ခြင်းနှင့် ခွေးငယ်လေးများ သေဆုံးမှု မြင့်မားလျက်ရှိခြင်းတို့ ကြုံတွေ့နေရလျက်ရှိသဖြင့် ထိရောက်သော ရောဂါကာကွယ်မှုဘအတိုင်းအဆများ အရေးတကြီးလိုအပ်လျက်ရှိဆဲ ဖြစ်သည်။

၉။ သွေးဝမ်းရောဂါနှင့် ပတ်ဝန်းကျင်
သွေးဝမ်းရောဂါသည် ကာကွယ်ဆေးပြည့်ဝစွာ စနစ်တကျထိုးနှံထားခြင်းမရှိသည့် တိများကို လျင်မြန်လွယ်ကူစွာဖြင့် ကူးစက်စေနိုင်သောကြောင့် မိမိ၏တိတွင် ရောဂါ စစ်ဆေးတွေ့ရှိခဲ့သော် အခြားတိများနှင့် ထိတွေ့မှု မရှိစေရန်နှင့် ပတ်ဝန်းကျင်ကို သီးသန့်ခွဲခြားထားရခြင်း ကို အသိပေးထါးရမည်။ ရောဂါပိုးသည် ပတ်ဝန်းကျင်ရာသီဥတု ပိုးသတ်ဆေးများနှင့် PH ပြောင်းလဲမှုကို ခံနိုင်စွမ်းရှိပြီး လများစွာ ရှင်သန်ကူးစက်စေနိုင်စွမ်းရှိသည်။ ရောဂါကူးစက်ရာ ပတ်ဝန်းကျင်ကို ချွတ်ဆေးဆေးရည် (Bleach power)ဖြင့် ပက်ဖြန်းပိုးသတ်ရမည်။ ရောဂါဖြစ်တိကို ရောဂါကင်းရှင်းသည်အထိ (၂၀-၂၅ ရက်ခန့်) သီးခြားခွဲခြားထားလျက် ကုသစောင့်ရှောက်ရမည်။

အချုပ်အားဖြင့်ဆိုရသော် သွေးဝမ်းရောဂါသည် ကာကွယ် ဆေး ပြည့်ဝစွာထိုးနှံထားခြင်းမရှိသည့် တိများကို လျင်မြန်ပြင်းထန်စွာ ကူးစက်သေဆုံးစေနိုင်သည့်အပြင် တစ်ခုတည်းသောကုသမှုဖြင့် ကုသရန် မရှိခြင်း၊ ကုသမှု အချိန်နှင့် ငွေ ကြေး ကုန်ကျမှု မြင့်မားခြင်းတို့ကြောင့် မိမိ၏ တိများကို ယင်းတို့၏ အသက်အရွယ်အရ လိုအပ်သော ကာကွယ်မှုများကို ပြည့်ဝစွာ ဆောင်ရွက်ထားမှသာ ဆုံးရှုံးထိခိုက်မှုကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။

IVORY PALACE PET CLINIC
ပေါင်းလောင်း(၃)၊ အထက (၃)မြောက်ဘက်ကပ်လျက်
ချယ်ရီလမ်းသွယ် ၊ပျဉ်းမနားမြို့
☎️ 09-797361511,09-256262588
09-751800573

Address

Paung Laung (2), Cherry Street , Near B. E, H. S(3) Pyinmana
Pyinmana

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 08:00

Alerts

Be the first to know and let us send you an email when IVORY Palace Pet Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category