Dr Hein Veterinary Clinic Mawlamyine

Dr Hein Veterinary Clinic Mawlamyine Your pet's health is our priority

ချစ်တယ်ဆိုရင်… ကာကွယ်ပေးပါ”ရောဂါဖြစ်မှ ကုသတာထက် မဖြစ်ခင်ကတည်းက ကာကွယ်ထားပါ…ဒီနေ့တော့ ကာကွယ်ဆေးလာထိုးတဲ့ကောင်လေးရဲ့ Vacci...
11/08/2026

ချစ်တယ်ဆိုရင်… ကာကွယ်ပေးပါ”

ရောဂါဖြစ်မှ ကုသတာထက် မဖြစ်ခင်ကတည်းက
ကာကွယ်ထားပါ…

ဒီနေ့တော့ ကာကွယ်ဆေးလာထိုးတဲ့ကောင်လေးရဲ့ Vaccination Day ပါ 💙

အပြင်ထွက်ပြီး သွားလာတတ်တဲ့ ခွေးလေးတွေအတွက် ရောဂါကူးစက်နိုင်ခြေတွေက အမြဲရှိနေပါတယ်။

ဒါကြောင့် ရောဂါဖြစ်ပြီးမှ ကုသတာထက် မဖြစ်ခင် ကြိုတင်ကာကွယ်ထားခြင်းက ပိုအရေးကြီးပါတယ်။

ဒီနေ့မှာတော့
💉 6 in 1 Vaccine
💉 ARV Booster
လာရောက်ထိုးနှံပေးထားပါတယ်။

ကာကွယ်ဆေးထိုးပြီးသားဆိုပြီး မေ့ထားမယ့်အစား Booster Schedule ကို ပုံမှန်လိုက်နာပေးဖို့လည်း
အရေးကြီးပါတယ်။

🐾 ချစ်စရာ Pet လေးတွေ ကျန်းမာပျော်ရွှင်ဖို့
🏥 Dr Hein Veterinary Clinic မှ အမြဲဂရုစိုက်ပေးနေပါတယ် 💙

Dr.Hein Veterinary Clinic
အမှတ်-၂(အေ)ကျိုက်ခမီလမ်း၊မောင်ငံရပ်ကွက်၊မော်လမြိုင်မြို့ (မြစေတီ(ရဲကျောင်း)စာသင်တိုက်အနီး)
Phone - 09449544885

🏥
🐶
🐾
💊
💖

🐱 ဒီရက်ပိုင်း ခပ်စိတ်စိတ်ရောက်လာတဲ့ “Cat Flu” Case တွေ ဒီရက်ပိုင်းအတွင်း နှာချေခြင်း၊ နှာရည်ယိုခြင်း၊ မျက်ရည်ယိုခြင်း၊ မ...
11/08/2026

🐱 ဒီရက်ပိုင်း ခပ်စိတ်စိတ်ရောက်လာတဲ့ “Cat Flu” Case တွေ

ဒီရက်ပိုင်းအတွင်း နှာချေခြင်း၊ နှာရည်ယိုခြင်း၊ မျက်ရည်ယိုခြင်း၊ မျက်စိနီခြင်း၊ အစာစားချင်စိတ်လျော့ခြင်း စတဲ့ လက္ခဏာတွေနဲ့ ကြောင်လေးတွေ ဆေးခန်းကို တော်တော်များများလာရောက်ကုသမှုခံယူနေကြပါတယ်။ 🐾

ကြောင် Flu ဟာ ကြောင်အချင်းချင်း ကူးစက်လွယ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်တာကြောင့် အိမ်မှာ ကြောင်အများကြီးမွေးထားရင် ပိုပြီးဂရုစိုက်ဖို့လိုပါတယ်။

အထူးသဖြင့်
🔹 နှာချေ၊ နှာရည်ယိုခြင်း
🔹 မျက်ရည်/မျက်ချေးများခြင်း
🔹 အစာမစား၊ ရေမသောက်ချင်ခြင်း
🔹 အားနည်းပြီး ငြိမ်သက်နေခြင်း
🔹 အသက်ရှူရခက်ခြင်း

စတဲ့ လက္ခဏာတွေတွေ့ရင် ရောဂါပြင်းထန်မလာခင်
အမြန်ဆုံး ဆေးခန်းပြသပေးပါ။

💙 အိမ်မှာ ကြောင်အများကြီးရှိပါက ရောဂါလက္ခဏာရှိတဲ့ကြောင်ကို ခဏခွဲထားပြီး အစာခွက်၊ ရေခွက်နဲ့ အသုံးအဆောင်တွေကို သီးသန့်ထားပေးပါ။

🐾 ချစ်စရာ Pet လေးတွေ ကျန်းမာပျော်ရွှင်ဖို့
🏥 Dr Hein Veterinary Clinic မှ အမြဲဂရုစိုက်ပေးနေပါတယ် 💙

Dr.Hein Veterinary Clinic
အမှတ်-၂(အေ)ကျိုက်ခမီလမ်း၊မောင်ငံရပ်ကွက်၊မော်လမြိုင်မြို့ (မြစေတီ(ရဲကျောင်း)စာသင်တိုက်အနီး)
Phone - 09449544885

🏥
🐶
🐾
💊
💖

Dr Hein Veterinary Clinic – Mawlamyine

အဖြစ်များတဲ့ နှလုံးသန် ‼️ 🐶❤️ CHW Case | Canine Heartworm DiseaseDr Hein Veterinary Clinic ကို ရောက်ရှိလာတဲ့ ခလေးလေးမှာ ...
11/08/2026

အဖြစ်များတဲ့ နှလုံးသန် ‼️ 🐶❤️ CHW Case | Canine Heartworm Disease

Dr Hein Veterinary Clinic ကို ရောက်ရှိလာတဲ့ ခလေးလေးမှာ CHW (Canine Heartworm Disease) နှင့် ပတ်သက်ပြီး စစ်ဆေးကုသပေးခဲ့ပါတယ်။

🦟 Heartworm ဆိုတာ ဘာလဲ?
ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်နိုင်တဲ့ Dirofilaria immitis ဆိုတဲ့ သန်ကောင်ကြောင့် ဖြစ်ပွားတဲ့ ရောဂါတစ်ခုဖြစ်ပြီး နှလုံးနဲ့ အဆုတ်သွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်။

အစောပိုင်းမှာ ရောဂါလက္ခဏာ သိသာစွာမပြနိုင်ပေမယ့် ရောဂါပိုမိုတိုးတက်လာတဲ့အခါ
• ချောင်းဆိုးခြင်း
• အားနည်းလွယ်ခြင်း
• လှုပ်ရှားမှုနည်းလာခြင်း
• အသက်ရှူမဝခြင်း
စတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။

👉 Heartworm ရောဂါက ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုအရေးကြီးပါတယ်။
ပုံမှန် Heartworm prevention ပြုလုပ်ပေးခြင်းနဲ့ Veterinary Doctor ရဲ့ အကြံပြုချက်အတိုင်း စစ်ဆေးပေးခြင်းက ခလေးတွေရဲ့ နှလုံးနဲ့ အဆုတ်ကျန်းမာရေးကို ကာကွယ်ပေးနိုင်ပါတယ်။ 🐾

သင့်ခလေးမှာ Heartworm ကာကွယ်မှု လုံလောက်ရဲ့လား?

မသေချာရင် Dr Hein Veterinary Clinic မှာ လာရောက်စစ်ဆေးပြီး သင့်ခလေးအတွက် သင့်တော်တဲ့ ကာကွယ်တဲ့အစီအစဉ်ကို ဆွေးနွေးနိုင်ပါတယ်။ 💙

🐾 ချစ်စရာ Pet လေးတွေ ကျန်းမာပျော်ရွှင်ဖို့
🏥 Dr Hein Veterinary Clinic မှ အမြဲဂရုစိုက်ပေးနေပါတယ် 💙

Dr.Hein Veterinary Clinic
အမှတ်-၂(အေ)ကျိုက်ခမီလမ်း၊မောင်ငံရပ်ကွက်၊မော်လမြိုင်မြို့ (မြစေတီ(ရဲကျောင်း)စာသင်တိုက်အနီး)
Phone - 09449544885

🏥
🐶
🐾
💊
💖

တိလေးအတွက် ဆေးခန်းရွေးချယ်တဲ့အခါ…"ဒီမှာ ကုရင် စိတ်ချရပါ့မလား?""ဆရာဝန်တွေက သေချာဂရုစိုက်ပေးမှာလား?""ကိုယ့်တိလေးကို ယုံယုံ...
10/08/2026

တိလေးအတွက် ဆေးခန်းရွေးချယ်တဲ့အခါ…
"ဒီမှာ ကုရင် စိတ်ချရပါ့မလား?"
"ဆရာဝန်တွေက သေချာဂရုစိုက်ပေးမှာလား?"
"ကိုယ့်တိလေးကို ယုံယုံကြည်ကြည် အပ်လို့ရပါ့မလား?" ဆိုတဲ့ မေးခွန်းတွေက တိပိုင်ရှင်တိုင်းရဲ့ စိတ်ထဲမှာ ရှိတတ်ပါတယ်‼️

မော်လမြိုင်က Dr.Hein Veterinary Clinic မှာတော့ တိလေးတိုင်းကို ကိုယ့်မိသားစုဝင်လို သဘောထားပြီး စေတနာအပြည့်နဲ့ ဂရုတစိုက် စောင့်ရှောက်ပေးပါတယ်🐶🐱

✨ အတွေ့အကြုံရှိတဲ့ Veterinary Team
🩺 သေချာစစ်ဆေးပြီး တိကျတဲ့ ကုသမှု
🧪 ခေတ်မီစက်ကိရိယာတွေနဲ့ ကျန်းမာရေးစစ်ဆေးမှု
💙 နွေးနွေးထွေးထွေး ဂရုစိုက်တဲ့ ဝန်ဆောင်မှု
🏥 သန့်ရှင်းပြီး စိတ်ချရတဲ့ ဆေးခန်းပတ်ဝန်းကျင်
ဒီလို စေတနာ၊ အရည်အသွေးနဲ့ တာဝန်ယူမှုတွေကြောင့်ပဲ တိပိုင်ရှင်တွေဆီက ယုံကြည်မှုရနေတာ ဖြစ်ပါတယ်

ဒါ့ကြောင့်
တိလေးအတွက် သေချာဂရုစိုက်ပေးမယ့် နေရာကို ရှာနေတယ်ဆိုရင် မော်လမြိုင်က Dr.Hein Veterinary Clinic မှာ ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါတယ်ရှင်….. 💙
=================================

Dr.Hein Veterinary Clinic

အမှတ်-၂(အေ)ကျိုက်ခမီလမ်း၊မောင်ငံရပ်ကွက်၊မော်လမြိုင်မြို့(မြစေတီ(ရဲကျောင်း)စာသင်တိုက်အနီး)

Phone - 09449544885 - 09963973610








09/08/2026

🧪 ခန္ဓာကိုယ်တွင်း ကလီစာများ ကျန်းမာရေးကို LOCMEDT Biochemistry Analyzer (GHP Panel) နဲ့ တိကျစွာ စစ်ဆေးကြစို့ 🐾

ချစ်ရတဲ့ တိမေမေဖေဖေတို့ရေ...
အိမ်မွေးတိရစ္ဆာန်လေးတွေဟာ မကျန်းမာတာ၊ နာကျင်တာတွေကို စကားမပြောနိုင်ကြတာမို့လို့ သူတို့ရဲ့ အသည်း၊ ကျောက်ကပ်၊ မုန့်ချိုအိတ်၊ သွေးတွင်းသကြားဓာတ်နဲ့ ဓာတ်ဆားဓာတ် စတဲ့ အတွင်းကလီစာတွေရဲ့ ကျန်းမာရေးအခြေအနေကို တိကျစွာ သိရှိနိုင်ဖို့ Biochemical Test (GHP) စစ်ဆေးခြင်းက အထူးအရေးပါပါတယ်။

ကျနော်တို့ Dr. Hein Veterinary Clinic မှာဆိုရင်တော့ ခေတ်မီပြီး တိကျမှုမြင့်မားတဲ့ LOCMEDT Automatic Biochemistry Analyzer စက်ကြီးနဲ့ General Health Panel (GHP) ကို အသုံးပြုပြီး စစ်ဆေးပေးနေပါပြီ။

💡 LOCMEDT စက်၏ GHP Panel စစ်ဆေးခြင်း၏ အဓိက အားသာချက်များတွေဆိုရင်

🩸 ၁။ အတွင်းကလီစာ လုပ်ဆောင်ချက်များကို ဘက်စုံစစ်ဆေးနိုင်ခြင်း✅
အသည်း (ALT, AST, ALP, TBIL, GGT)၊ ကျောက်ကပ် (BUN, CRE)၊ မုန့်ချိုအိတ် (Amylase, Lipase)၊ သွေးတွင်းပရိုတင်း (Albumin, Globulin)၊ သွေးတွင်း အဆီနှင့် သကြားဓာတ်များအထိ General Health Indicator ပေါင်း (၂၆) မျိုး ကို စက်တစ်လုံးတည်းဖြင့် ဘက်စုံ အသေးစိတ် စစ်ဆေးပေးနိုင်ပါတယ်။

🔬 ၂။ (Microfluidic Technology) ဖြင့် တိကျမှု အမှားအယွင်းမရှိခြင်း✅
ခေတ်မီ Reagent Disc နည်းပညာကြောင့် သွေးနမူနာ ပမာဏအနည်းငယ်ဖြင့်ပင် ဓာတ်ခွဲအဖြေများကို တိကျမှန်ကန်စွာ ထုတ်ပြန်ပေးနိုင်ပြီး လူသားတို့၏ အမှားအယွင်း (Human Error) ကို လျှော့ချပေးပါတယ်။

⏱️ ၃။ မြန်ဆန်ပြီး ထိရောက်သည့် အဖြေရရှိခြင်း✅
စစ်ဆေးပြီး ၁၂ မိနစ်အတွင်း တိကျသည့် ဓာတ်ခွဲအဖြေ ရရှိတာကြောင့် ရောဂါလက္ခဏာ မပြင်းထန်မီ စောစီးစွာ ကာကွယ်ကုသမှု ပေးနိုင်ပါတယ်။

💉 ၄။ ခွဲစိတ်မှု/မေ့ဆေး မပေးမီ ဘေးကင်းရေး
အသက်အရွယ်ရလာသည့် အိမ်မွေးတိရစ္ဆာန်လေးများနှင့် ခွဲစိတ်မှု ပြုလုပ်မည့် ကလေးလေးများတွင် အသည်းနှင့် ကျောက်ကပ် လုပ်ဆောင်ချက် ပုံမှန် ရှိ/မရှိ ကြိုတင်စစ်ဆေးထားခြင်းဖြင့် ဘေးထွက်ဆိုးကျိုးများကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

သင့်ရဲ့ ကလေးလေးတွေ ပုံမှန် အတွင်းကလီစာ ကျန်းမာရေး စစ်ဆေးဖို့ပဲဖြစ်ဖြစ်၊ ရောဂါရှာဖွေ စစ်ဆေးလိုတာပဲဖြစ်ဖြစ် Dr. Hein Veterinary Clinic ကို စိတ်ချယုံကြည်စွာ လာရောက်ပြသနိုင်ပါတယ်ခင်ဗျာ။ 🐶🐱💖

🐾 ချစ်စရာ Pet လေးတွေ ကျန်းမာပျော်ရွှင်ဖို့
🏥 Dr Hein Veterinary Clinic မှ အမြဲဂရုစိုက်ပေးနေပါတယ် 💙

Dr.Hein Veterinary Clinic
အမှတ်-၂(အေ)ကျိုက်ခမီလမ်း၊မောင်ငံရပ်ကွက်၊မော်လမြိုင်မြို့ (မြစေတီ(ရဲကျောင်း)စာသင်တိုက်အနီး)
Phone - 09449544885

🏥
🐶
🐾
💊
💖

09/08/2026

🐶 ဝုလေးရဲ့ CPV Case 🩺 CPV ပိုးကြောင့် ဝမ်းထဲ သွေးပါတာမျိုး ✅✅

“CPV Positive ဆိုတာနဲ့ မျှော်လင့်ချက်မရှိတော့တာ မဟုတ်ပါဘူး…” 🤍

ဝုလေးဟာ Canine Parvovirus (CPV) Postive ဖြစ်ပြီး အစာမစားနိုင်ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အားနည်းခြင်းစတဲ့ လက္ခဏာတွေနဲ့ ဆေးခန်းကို ရောက်ရှိလာခဲ့ပါတယ်။

CPV ဟာ အထူးသဖြင့် ခွေးငယ်လေးတွေမှာ အလွန်မြန်မြန်ဆန်ဆန် အားနည်းစေနိုင်တဲ့ ကူးစက်ရောဂါ တစ်ခုဖြစ်တာကြောင့် စောစီးစွာ စစ်ဆေးပြီး သင့်တော်တဲ့ supportive treatment နဲ့ စောင့်ကြည့်ကုသပေးဖို့ အရေးကြီးပါတယ်။

ဝုလေးအတွက်လည်း ဆရာဝန်မှ အခြေအနေကို သေချာစောင့်ကြည့်ပြီး လိုအပ်တဲ့ကုသမှုတွေကို ဆက်တိုက်ပေးခဲ့ပါတယ်။ 🩺💉

CPV ကာကွယ်ဖို့အတွက်တော့ ကာကွယ်ဆေးကို သတ်မှတ်ထားတဲ့ schedule အတိုင်း ထိုးပေးခြင်းက အရေးကြီးဆုံးပါ။ 💙

🐾 ခွေးလေးမှာ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အစာမစားခြင်း၊ အားနည်းခြင်းတွေ ဖြစ်လာရင် မိမိဘာသာ ဆေးတိုက်ပြီး အချိန်မဆွဲဘဲ တိရစ္ဆာန်ဆရာဝန်ထံ အမြန်ဆုံးပြသပေးပါ။

Dr Hein Veterinary Clinic
For every paw, with care & compassion. 🐾

08/08/2026

🔬 သင့်ချစ်စနိုးလေးတွေ ရောဂါမပြခင် ကြိုတင်သိရှိနိုင်ဖို့ခေတ်မှီစက်သစ်ကြီးနဲ့ သွေးစစ်ကြရအောင် 🐾
ချစ်ရတဲ့ မိဘတို့ရေ...
အိမ်မွေးတိရစ္ဆာန်လေးတွေဟာ မကျန်းမာတာ၊ နာကျင်တာတွေကို စကားမပြောနိုင်ကြပါဘူး။ ဒါကြောင့်မို့လို့ သူတို့ရဲ့ ခန္ဓာကိုယ်တွင်း ကျန်းမာရေးအခြေအနေကို တိကျစွာ သိရှိနိုင်ဖို့ Complete Blood Count (CBC) သွေးစစ်ဆေးခြင်းက အရမ်းကို အရေးပါပါတယ်။
ကျနော်တို့ Dr. Hein Veterinary Clinic မှာဆိုရင်တော့ သင့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် ခေတ်မီပြီး တိကျမှုမြင့်မားတဲ့ Ozelle Vet Analyzer စက်ကြီးနဲ့ စစ်ဆေးပေးနေပါပြီ။
✨ Ozelle Vet စက်ရဲ့ အားသာချက်က ဘာလဲ?
ဒီစက်လေးဟာ သွေးစစ်တာ (CBC) အပြင် ဆီး (Urine) နဲ့ ဝမ်း (F***s) စစ်ဆေးမှုတွေကိုပါ စက်တစ်လုံးတည်းနဲ့ စုံစုံလင်လင် အဖြေထုတ်ပေးနိုင်တဲ့ Diagnostic စက်ပဲဖြစ်ပါတယ်။ ယခု ဗီဒီယိုလေးထဲမှာတော့ CBC သွေးစစ်ဆေးပုံ လုပ်ဆောင်ချက်အဆင့်ဆင့်ကို ပြသပေးထားတာဖြစ်ပါတယ်။
💡 CBC (Complete Blood Count) စစ်ပေးခြင်းဖြင့် ဘာတွေသိနိုင်မလဲ?
🩸 ၁။ ရောဂါလက္ခဏာ မပြခင် ကြိုတင်သိရှိနိုင်ခြင်း
သွေးအားနည်းတာ၊ ပိုးဝင်တာ၊ ရောင်ရမ်းတာနဲ့ သွေးဆဲလ် ပုံမှန်မဟုတ်တာတွေကို ရောဂါလက္ခဏာ မပြခင်ကတည်းက စောစီးစွာ သိရှိနိုင်ပါတယ်။
🔬 ၂။ High-Tech Image Analysis ဖြင့် တိကျစွာ စစ်ဆေးပေးခြင်း
Ozelle Vet စက်၏ Microscopic Image Analysis နည်းပညာကြောင့် သွေးဖြူဥ၊ သွေးနီဥ၊ သွေးဥမွှား စသည့် သွေးဆဲလ်တစ်ခုချင်းစီ၏ ပုံသဏ္ဌာန်ကို တိကျစွာ ခွဲခြားစစ်ဆေးပေးနိုင်ပါတယ်။
⏱️ ၃။ မြန်ဆန်ပြီး ထိရောက်သည့် ကုသမှုရရှိခြင်း
စစ်ဆေးပြီး မိနစ်ပိုင်းအတွင်း အမှတ်အတတိ ရောဂါအဖြေ ၃၈ မျိုးအထိ အသေးစိတ် ကျကျစစ်ဆေးနိုင်ခြင်း: အခြား ရိုးရိုးသွေးစစ်စက်တွေလို အခြေခံအချက် အနည်းငယ်ပဲ ပြတာမျိုးမဟုတ်ဘဲ Comprehensive Parameter ပေါင်း (၃၈) မျိုး (သွေးဖြူဥ၊ သွေးနီဥ၊ သွေးဥမွှား အုပ်စုအလိုက် အသေးစိတ်အချက်အလက်များ၊ Reticulocytes နှင့် မိုင်ခရိုစကိုပစ် ဆဲလ်ပုံသဏ္ဌာန်များအထိ) အသေးစိတ် တိကျစွာ အဖြေထုတ်ပေးနိုင်တာကြောင့် အချိန်မဆိုင်းဘဲ တိကျမှန်ကန်တဲ့ ကုသမှု စတင်ပေးနိုင်ပါတယ်။

💉 ၄။ ခွဲစိတ်မှု မပြုလုပ်မီ ဘေးကင်းရေး
မေ့ဆေးပေးပြီး ခွဲစိတ်မှုမလုပ်မီ သွေးစစ်ထားခြင်းဖြင့် ဘေးထွက်ဆိုးကျိုးတွေကို ကြိုတင် ကာကွယ်ပေးနိုင်ပါတယ်။
သင့်ရဲ့ ကလေးလေးတွေ ပုံမှန် ကျန်းမာရေးစစ်ဆေးဖို့ပဲဖြစ်ဖြစ်၊ သွေး၊ ဆီး၊ ဝမ်း စစ်ဆေးလိုတာပဲဖြစ်ဖြစ် Dr. Hein Veterinary Clinic ကို စိတ်ချယုံကြည်စွာ လာရောက်ပြသနိုင်ပါတယ်ခင်ဗျာ။ 🐶🐱💖

🐾 ချစ်စရာ Pet လေးတွေ ကျန်းမာပျော်ရွှင်ဖို့
🏥 Dr Hein Veterinary Clinic မှ အမြဲဂရုစိုက်ပေးနေပါတယ် 💙

Dr.Hein Veterinary Clinic
အမှတ်-၂(အေ)ကျိုက်ခမီလမ်း၊မောင်ငံရပ်ကွက်၊မော်လမြိုင်မြို့ (မြစေတီ(ရဲကျောင်း)စာသင်တိုက်အနီး)
Phone - 09449544885



🚨 အသက်အန္တရာယ်ရှိသော သားအိမ်ပုတ် (Uterine Necrosis) Emergency Case 🐶💔မိခင်ခွေးလေးမှာ မမွေးနိုင်ဘဲ အချိန်ကြာမြင့်ခဲ့ခြင်း...
08/08/2026

🚨 အသက်အန္တရာယ်ရှိသော သားအိမ်ပုတ် (Uterine Necrosis) Emergency Case 🐶💔

မိခင်ခွေးလေးမှာ မမွေးနိုင်ဘဲ အချိန်ကြာမြင့်ခဲ့ခြင်းကြောင့် သားအိမ်ပုတ်သွားသည့် အရေးပေါ်အခြေအနေ ဖြင့် Clinic သို့ ရောက်ရှိလာခဲ့ပါသည်။

Ultrasound နှင့် အခြားလိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အသက်ကယ် အရေးပေါ်ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ပါသည်။

ခွဲစိတ်စဉ်တွင် သားအိမ်မှာ ပြင်းထန်စွာ ပျက်စီးပုတ်သွားပြီး အသက်အန္တရာယ်ရှိသော အခြေအနေ ဖြစ်နေသဖြင့် သားအိမ်နှင့် သားဥအိမ်များကို ဖယ်ရှားသည့် ခွဲစိတ်ကုသမှု (Ovariohysterectomy) ကို ဆောင်ရွက်ပေးခဲ့ပြီး မိခင်ခွေးလေး၏ အသက်ကို ကယ်တင်နိုင်ခဲ့ပါသည်။

⚠️ မမွေးနိုင်ဘဲ အချိန်ကြာမြင့်နေခြင်းကို လျစ်လျူမရှုသင့်ပါ။ အချိန်နောက်ကျပါက သားအိမ်ပျက်စီးခြင်း၊ သွေးဆိပ်ဝင်ခြင်း (Sepsis) နှင့် Shock ဖြစ်ပွားကာ အသက်ဆုံးရှုံးနိုင်သည်အထိ အန္တရာယ်ရှိနိုင်ပါသည်။

📌 ကိုယ်ဝန်ဆောင်အိမ်မွေးတိရစ္ဆာန်များတွင်
• မွေးရက်ကျော်နေခြင်း
• ဗိုက်ညှစ်သော်လည်း မမွေးနိုင်ခြင်း
• အစာမစားခြင်း၊ အားနည်းခြင်း
• အနံ့ဆိုးသော အရည်များဆင်းခြင်း
စသည့် လက္ခဏာများ တွေ့ရှိပါက အမြန်ဆုံး တိရစ္ဆာန်ဆေးကုသမှုခံယူရန် အရေးကြီးပါသည်။

💙 အချိန်မီကုသမှုက အသက်ကို ကယ်တင်နိုင်ပါတယ်။

🐾 ချစ်စရာ Pet လေးတွေ ကျန်းမာပျော်ရွှင်ဖို့
🏥 Dr Hein Veterinary Clinic မှ အမြဲဂရုစိုက်ပေးနေပါတယ် 💙

Dr.Hein Veterinary Clinic
အမှတ်-၂(အေ)ကျိုက်ခမီလမ်း၊မောင်ငံရပ်ကွက်၊မော်လမြိုင်မြို့ (မြစေတီ(ရဲကျောင်း)စာသင်တိုက်အနီး)
Phone - 09449544885

🏥
🐶
🐾
💊
💖

📍 Dr Hein Veterinary Clinic – Mawlamyine 🩺🐾

နှလုံးသန် တနှစ်ခံ ✅✅✅❤️ Heartworm ကာကွယ်ဆေး တစ်နှစ်ခံ လာထိုးသွားတဲ့ ခလေးတွေ 🐶💉Heartworm (နှလုံးသန်) ဟာ ခြင်ကိုက်ရာကနေ ကူ...
07/08/2026

နှလုံးသန် တနှစ်ခံ ✅✅✅

❤️ Heartworm ကာကွယ်ဆေး တစ်နှစ်ခံ လာထိုးသွားတဲ့
ခလေးတွေ 🐶💉

Heartworm (နှလုံးသန်) ဟာ ခြင်ကိုက်ရာကနေ ကူးစက်နိုင်တဲ့ အန္တရာယ်ရှိတဲ့ ရောဂါဖြစ်ပြီး၊ ကုသရတာထက် ကြိုတင်ကာကွယ်တာက အကောင်းဆုံး ဖြစ်ပါတယ်။

✅ တစ်ကြိမ်ထိုး = ၁၂ လ ကာကွယ်မှု
💉 လစဉ် Heartworm ဆေးတိုက်ပေးဖို့ မလိုတော့ပါဘူး။
💙 တစ်နှစ်လုံး နှလုံးသန်ရောဂါကို စိတ်ချလက်ချ ကာကွယ်နိုင်ပါတယ်။

Heartworm ရောဂါဟာ အစပိုင်းမှာ လက္ခဏာမပြတတ်ပေမယ့် နောက်ပိုင်းမှာတော့
• ချောင်းဆိုးခြင်း
• မောပန်းလွယ်ခြင်း
• အသက်ရှူခက်ခြင်း
• နှလုံးနှင့် အဆုတ်ကို ထိခိုက်စေခြင်း
တို့ ဖြစ်လာနိုင်ပါတယ်။

🐾 ကိုယ့်အချစ်ဆုံးလေးတွေ ကျန်းမာစေဖို့ တစ်နှစ်တစ်ခါ Heartworm ကာကွယ်ဆေး ထိုးပေးဖို့ မမေ့ပါနဲ့။

📍 Dr Hein Veterinary Clinic – Mawlamyine
💙 ကျန်းမာတဲ့ဘဝအတွက် ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးရွေးချယ်မှုပါ။

🐱 ဇိုး မလုပ်နိုင်တော့ဘူး ‼️ဒီကောင်လေးကတော့ ဥအိတ် (Sc***um) မှာ ပြင်းထန်တဲ့အနာဖြစ်လာပြီး ရောင်ရမ်းနာကျင်နေတဲ့အတွက် စစ်ဆေး...
06/08/2026

🐱 ဇိုး မလုပ်နိုင်တော့ဘူး ‼️

ဒီကောင်လေးကတော့ ဥအိတ် (Sc***um) မှာ ပြင်းထန်တဲ့အနာဖြစ်လာပြီး ရောင်ရမ်းနာကျင်နေတဲ့အတွက် စစ်ဆေးပြီးနောက် ဥထုတ်ခွဲစိတ်ကုသမှု (Castration) ကို ပြုလုပ်ပေးခဲ့ရပါတယ်။

အခုတော့ ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ပြီးစီးခဲ့ပြီး အခြေအနေကောင်းမွန်စွာ ပြန်လည်နာလန်ထူနေပါတယ်။ 💙

📌 ကြောင်များမှာ ဥအိတ်အနာ ဖြစ်ရတဲ့အကြောင်းရင်းတွေကတော့
• ကြောင်အချင်းချင်း ကိုက်ရာမှ
• ထိခိုက်ဒဏ်ရာ ရရှိခြင်း
• ပိုးဝင်ပြီး အနာရောင်ရမ်းခြင်း
• Abscess (ပြည်တည်နာ) ဖြစ်ပေါ်ခြင်း

⚠️ ဥအိတ်မှာ ရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်း၊ သွေးထွက်ခြင်း၊ နာကျင်နေခြင်း စတဲ့ လက္ခဏာတွေ တွေ့ရှိရရင် အိမ်မှာ မကုသဘဲ တိရစ္ဆာန်ဆေးခန်းသို့ အမြန်ဆုံး လာရောက်စစ်ဆေးကုသပေးဖို့ အရေးကြီးပါတယ်။

💙 အချိန်မီကုသမှုခံယူခြင်းက နောက်ဆက်တွဲပြဿနာများကို လျော့နည်းစေပြီး အမြန်ဆုံး ပြန်လည်ကျန်းမာလာနိုင်စေပါတယ်။

🏥 Dr Hein Veterinary Clinic – Mawlamyine

Address

No-2(A) Kyaikkhami Road, Maung Ngan Quarter
Mawlamyine
11011

Opening Hours

Monday 08:30 - 19:30
Tuesday 08:30 - 19:30
Wednesday 08:30 - 19:30
Thursday 08:30 - 19:30
Friday 08:30 - 19:30
Saturday 08:30 - 19:30
Sunday 08:30 - 19:30

Website

Alerts

Be the first to know and let us send you an email when Dr Hein Veterinary Clinic Mawlamyine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category