22/06/2026
Pantarsal Arthodesis In dog
Arthodesis ဆိုတာ joint ကို painless fusion ဖြစ်အောင်ပြုလုပ်ပေးတဲ့ surgical procedure ဖြစ်ပါတယ်။ လှုပ်ရှားမှုကြောင့် pain ရနေတဲ့ joint ကို permanently immobilized လုပ်ပေးခြင်းဖြင့် pain ကို သက်သာစေတာပဲဖြစ်ပါတယ်။
Carpal , tarsal နဲ့ interphalangeal joints နဲ့ပတ်သက်တဲ့ cases တွေမှာ Arthodesis procedures ကို အများဆုံး အသုံးပြုကြပါတယ်။
Joint က stiffness ဖြစ်သွားပေမယ့် pain free functional weight bearing ပြန်ရနိုင်တဲ့ အတွက်ကြောင့် arthodesis ကို အများဆုံး အသုံးပြုရခြင်းဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ အခု case မှာလည်း ညာဘက် talus bone ရဲ့ talocrural joint ကနေ fracture ဖြစ်သွားတဲ့အတွက်ကြောင့် pantarsal arthrodesis လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Surgical approach အနေနဲ့ fracture ရဲ့ အခြေအနေပေါ်မူတည်ပြီးတော့ lateral approach, medial approach, dorsal approach စသည်ဖြင့် အမျိုးမျိုးလုပ်လို့ရပါတယ် …
ကျွန်တော်ကတော့ dorsal approach နဲ့ပဲ လုပ်ခဲ့ပါတယ်…
နောက်တစ်ခုက joint surface ဖြစ်တဲ့ articular cartilages တွေကို အရိုးရဲ့ အတွင်းပိုင်းအလွှာဖြစ်တဲ့ subcondral bone အလွှာရောက်တဲ့ထိ သေချာလေး ပြောင်အောင် (shaving)ခြစ်ထုတ်ဖယ်ရှားဖို့လိုပါတယ် …
ခြစ်ထုတ်တဲ့အခါမှာ high-speed burr ကို သုံးလို့ရပါတယ်.. ကျွန်တော်ကတော့ high-speed burr မရှိလို့ Scaling machine နဲ့ပဲ(shaving)ခြစ်ထုတ်လိုက်ပါတယ်..
နောက်ထပ်အရေးကြီးတဲ့အချက်က Bony fusion မြန်မြန်ရဖို့အတွက် Bone grafting လုပ်ဖို့လိုပါတယ် …
Bone grafting လုပ်လို့အကောင်းဆုံးနေရာတွေကတော့ Proximal tibia, Distal femur သို့မဟုတ် ilium လိုနေရာတွေကနေ လုပ်လို့ရပါတယ် ….
Bone grafting လုပ်ပြီးတာနဲ့ plate installation လုပ်ဖို့ angle ရွေးရမှာပဲဖြစ်ပါတယ် …
ခွေးတွေအတွက်ဆိုရင်တော့ 135 degrees ကနေ 145 degrees angles ကြား ရအောင် plate ကိုကွေးဖို့လိုပါတယ်… ကြောင်တွေမှာဆိုရင်တော့ 115 degrees ကနေ 125 degrees angles ကြားရအောင် ကွေးဖို့လိုပါတယ် …
Plate ကတော့ 9 holes ဒါမှမဟုတ် 10 holes DCP သုံးလို့ရပါတယ် …
Screws ထည့်တဲ့အခါမှာ Calcaneus bone ထဲထိ မဖြစ်မနေ screws ဆွဲဖို့လိုပါတယ်…
Calcaneus bone ကိုပါ screws ဆွဲထားတဲ့အတွက်ကြောင့် လမ်းလျှောက်တဲ့အခါ plate ပေါ်မှာ pressure နည်းသွားတဲ့အတွက်ကြောင့် plate ကျိုးတာတွေ မဖြစ်နိုင်တော့ပဲ အရိုးကိုလည်း မြန်မြန်ဆက်စေနိုင်ပါတယ်…
ခွဲစိတ်ပီးသွားလို့ bony fusion ကောင်းကောင်းမရသေးတဲ့အချိန်မှာ Bandage စည်းထားပေးရပါမယ် … Modified Robert Jones bandage ပဲဖြစ်ဖြစ် … လိုအပ်ရင် (Casting/Splinting) အထိပါ စည်းပေးထားသင့်ပါတယ် … Bandage စည်းပေးတာနဲ့ မစည်းပေးတာဆိုရင် စည်းပေးထားတာက results ပိုကောင်းတာကို တွေ့ရပါတယ် …
Bone healing အပြည့်အဝ မရမချင်း မဖြစ်မနေ Cage rest လုပ်ထားပေးရပါမယ် …
Bone healing ရမရသေချာဖို့အတွက် အနည်းဆုံး 1 လတစ်ကြိမ် Xray checkup လုပ်ပေးဖို့လိုပါတယ် … လိုအပ်ရင် နှစ်ပတ်တစ်ကြိမ် / တစ်ပတ်တစ်ကြိမ် Xray checkup လုပ်ပေးရပါမယ် …
Dr.Yan Min Htet
MCV