10/06/2026
📌 သင့်ခွေးလေး ခြင်ကိုက်ခံရဖူးလား ❓❓❓
"ဟုတ်ကဲ့... ကိုက်ခံရဖူးပါတယ်" ဆိုရင်တော့ 🚨🚨
ခြင်ကနေ လူတွေကို သွေးလွန်တုပ်ကွေး ရောဂါပိုး သယ်ဆောင်လာသလိုမျိုး၊ ခွေးလေးတွေကိုလည်း အသက်အန္တရာယ်အထိ ပေးနိုင်တဲ့ "နှလုံးသန်ကောင်ရောဂါ (Heartworm)" ကူးစက်စေနိုင်ပါတယ်။
✅ ရောဂါကူးစက်ပုံလမ်းကြောင်း
- ရောဂါပိုးသယ်ဆောင်လာတဲ့ ခြင်က ခွေးလေးကို ကိုက်လိုက်တဲ့အခါ နှလုံးသန်ကောင်ပိုးတွေက သွေးကြောထဲ ပါသွားပါတယ်။
- အဲဒီနောက် နှလုံးနဲ့ အဆုတ်လမ်းကြောင်းတွေဆီ ရောက်ရှိသွားပြီး သန်ကောင်အကောင်လိုက်ကြီးတွေအဖြစ် ကြီးထွားလာတတ်ပါတယ်။
✅ ရောဂါလက္ခဏာများက ဘာတွေလဲ❓
- အကြောင်းမဲ့ ခဏခဏ ချောင်းဆိုးမယ်
- အရင်ကထက် မောလွယ်လာမယ်
- ကိုယ်အလေးချိန်တွေ ကျလာမယ်
- ရောဂါရင့်လာတဲ့အခါ ရေဖျဉ်းစွဲပြီး (ဗိုက်ကြီးပူလာမယ်)
✅ ဘယ်လိုကာကွယ်လို့ရလဲ❓
🪱နှလုံးသန် ရှိ၊ မရှိ အရင်ဆုံး စစ်ဆေးပြီးမှ နှလုံးသန်ချဆေးကို လစဉ်ပုံမှန် တိုက်ကျွေးရပါမယ်။
🦟 အိမ်မှာ ခြင်မကိုက်အောင် တတ်နိုင်သမျှ ကာကွယ်ထားရပါမယ်။
🌧️🌦️ခုလို မိုးရာသီ ခြင်ပေါတဲ့ အချိန်မျိုးမှာ ကိုယ့်ရဲ့ ကလေးတွေကို နှလုံးသန်ကောင်အန္တရာယ်ကနေ စိတ်ချရအောင် ကြိုတင်စစ်ဆေးပြီး သန်ချဆေး တိုက်ကျွေးထားသင့်ပါတယ်ရှင်။
👍 ခွေးပိုင်ရှင်များအနေနဲ့ ကိုယ့်ကလေးမှာ နှလုံးသန်ပိုး ရှိ၊ မရှိကို စိုးရိမ်စရာမလိုဘဲ စိတ်ချရအောင် "ပိုင်တိရစ္ဆာန်ဆေးကုခန်း" မှာ (၁၀) မိနစ် အချိန်ပေးရုံနဲ့ Rapid Test Kit သုံးပြီး တိကျစွာ စစ်ဆေးပေးနေပါပြီ။
📞📞အသေးစိတ် သိရှိလိုပါက ဆက်သွယ်ရန်
🗺️Beauty Beeနှင့် မျက်နှာချင်းဆိုင်၊ ရုံးလမ်း၊ အမှတ်(၄)ရပ်ကွက်၊ လယ်ဝေးမြို့
ဆေးခန်းဖွင့်ချိန်- ညနေ ၄နာရီမှ ၆နာရီထိ
အရေးပေါ်ကိစ္စများ နှင့် အိမ်အရောက်ဝန်ဆောင်မှုများ အတွက်09- 256192956 သို့ ဆက်သွယ်နိုင်ပါ တယ် ရှင့်