ရတနာ အိမ်မွေးတိရစ္ဆာန်ကုဆေးခန်း

  • Home
  • Myanmar
  • Kyaikto
  • ရတနာ အိမ်မွေးတိရစ္ဆာန်ကုဆေးခန်း

ရတနာ အိမ်မွေးတိရစ္ဆာန်ကုဆေးခန်း တိရစ္ဆာန်ဆေးကုခန်း(Veterinary Clinic)

သတိပြုစရာ သွေးဝမ်းရောဂါနှင့် Canine Corona Virus Infection ================================ဒီရက်ပိုင်းက သွေးဝမ်းရောဂါ ထက...
06/01/2024

သတိပြုစရာ သွေးဝမ်းရောဂါနှင့် Canine Corona Virus Infection
================================
ဒီရက်ပိုင်းက သွေးဝမ်းရောဂါ ထကြွတဲ့အချိန်မို့လို့ နေ့တိုင်းနေ့တိုင်း ဆေးခန်းမှာ သွေးဝမ်းကူးစက်ထားတဲ့ puppies ကလေးတွေ တန်းစီနေတာပေါ့ရှင်
( ဘယ်လိုကလေးတွေဖြစ်တာလဲဆိုတော့ ကာကွယ်ဆေးမထိုးထားတဲ့ကလေးတွေ/ ကာကွယ်ဆေး မစုံသေးပဲနဲ့ ရေချိုးပေးတဲ့ကလေးတွေ/သန်ချဆေးပုံမှန်မတိုက်တဲ့ကလေးတွေပေါ့ရှင်)
ကိုယ့်ကလေးက အစာမစားဘူး/ မှိုင်နေတယ်/အန်နေတယ်/အညိုရောင် ဒါမှမဟုတ် အစိမ်းရောင် ဝမ်းအရည်ချည်းပဲ သွားနေတယ်ဆိုရင် ဆေးခန်းသာပြေးပါရှင့်
အဲဒီ့လက္ခဏာတွေက သွေးဝမ်းရောဂါရဲ့ လက္ခဏာတွေပါ
အဲ့လိုသွေးဝမ်းနဲ့ ပုံစံခပ်ဆင်ဆင််လေးတူတာက Canine Corona Virus Infection ပါ
သူတို့ ၂ ဦးက တစ်ခုချင်းစီလည်း ဖြစ်သလို အတူတွဲပြီးလည်း ဖြစ်ပါတယ်
သွေးဝမ်းရောဂါတစ်ခုတည်း/ Corona virus Infection တစ်မျိုးတည်းတောင် Puppies လေးတွေအတော်ခံရတာ
Virus 2 မျိုးတွဲပြီး ဒုက္ခပေးရင်တော့ ပိုဆိုးပြီပေါ့ရှင်
ကိုယ့်ကလေးက ပုံမှန်အခြေအနေမဟုတ်တာ လက်ပွန်းတတီးနေတဲ့ ပိုင်ရှင်တွေ အသိဆုံးပါ
ဖြစ်တာနဲ့ ဆေးခန်းပြေးပါ
ပေါ့လျော့နေရင် အသက်အန္တရာယ်ထိခိုက်မှာ အသေအချာပါပဲ
ဆေးခန်က ညွှန်ကြားတဲ့အတိုင်း လိုက်နာပြုစုပေးပါ
* puppies လေးတွေကို နွေးနွေးထွေးထွေးထားပါ
* အစာမစားနိုင်တဲ့ကလေးတွေကို အတင်းကျွေးခြင်း မပြုလုပ်ရပါ(သေတတ်ပါသည်)
*ဓာတ်ဆားရည်တိုက်ပါ
* တွေ့ကရာ ရေစိမ်းများ ပေးမသောက်ပါနှင့်
အစာခွက်/ရေခွက်များကို သန့်ရှင်းစွာထားပေးပါ
* နေကောင်းတဲ့ puppies လေးတွေကို ကာကွယ်ဆေးသေချာထိုးပေးပါ/သန်ချဆေးပုံမှန် တိုက်ပေးပါ

ရတနာတိကုဆေးခန်း

20/04/2023

ခုရက်ပိုင်း ရာသီဥတု အရမ်းပူလာပါတယ်
ရာသီဥတုပူလာတာနဲ့ ကျန်းမာရေးပြဿနာလေးတွေ အနည်းနဲ့အများပေါ်လာတတ်ပါတယ်
ဥပမာအားဖြင့်
အစားအသောက်ပျက်တာ
ခန္ဓာကိုယ်အပူချိန်မြင့်တက်နေတာ
Heat stroke ဖြစ်တာမျိုးတွေကို အထူးသတိထားရပါမယ်
ပိုင်ရှင်တွေအနေနဲ့ မိမိအိမ်မှာ လုပ်ဆောင်ပေးရမယ့် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်
၁. အတတ်နိုင်ဆုံး အေးမြတဲ့ပတ်ဝန်းကျင်တစ်ခု ဖန်တီးထားပေးပါ
၂. အစားအသောက်များကို အအေးခံပြီးမှကျွေးပါ
(ရေသန့်ရေအေးတိုက်ပေးပါ/ဖြစ်နိုင်လျှင် ရေခဲတုံးရေခဲရေ အနည်းငယ် ရောထည့်တိုက်ပေးပါ)
၃. အိမ်မွေးတိရစ္ဆာန်များကို နေပူထဲခေါ်ဆောင်ခြင်းများရှောင်ပါ
၄. ဓာတ်ဆား(electrolytes)ဆောင်ထားပြီး မကြာခနတိုက်ပေးပါ
(Electrolytes တိုက်ပေးရမှာပါ probiotics မဟုတ်ပါဘူးနော်)
၅. ရေကို ပုံမှန်ချိုးပေးပါ/မကြာခန ရေပတ်တိုက်ပေးပါ

ရတနာတိကုဆေးခန်းကို 14.4.23 (အကျနေ့) မှ 20.4.23(နှစ်ဆန်း၃ရက်နေ့) အထိ ဆေးကုသမှုများရပ်နားထားမှာ ဖြစ်ပါတယ်ရှင့်
06/04/2023

ရတနာတိကုဆေးခန်းကို 14.4.23 (အကျနေ့) မှ 20.4.23(နှစ်ဆန်း၃ရက်နေ့) အထိ ဆေးကုသမှုများရပ်နားထားမှာ ဖြစ်ပါတယ်ရှင့်

03/02/2023

မနက်ဖြန် တပို့တွဲလပြည့်နေ့
(4.2.2023) ပုံမှန် ပိတ်နေကြအတိုင်း ဆေးခန်းပိတ်ပါတယ်ရှင့်

07/07/2022

12.7. 2022 ရက်နေ့
အင်္ဂါနေ့ ဆေးခန်းပိတ်ပါမည်

07/06/2022

ရတနာ တိကုဆေးခန်းတွင် ရနိုင်သော ဝန်ဆောင်မှုများ

* ခွေး/ကြောင် ကာကွယ်ဆေး ထိုးနှံပေးခြင်း
* ကြက်/ဝက်/ဆိတ်/နွား ကာကွယ်ဆေး ထိုးနှံပေးခြင်း
* ကူးစက်ရောဂါများကို Rapid Test kit များဖြင့် စစ်ဆေးပေးခြင်း
* ခွေး/ကြောင်/ဝက်/နွား ကိုယ်ဝန်ရှိ/မရှိ test kit ဖြင့်စမ်းသပ်ပေးခြင်း
* တိရစ္ဆာန်အထွေထွေရောဂါ ကုသခြင်း
* ခွဲစိပ်ကုသပေးခြင်း
.....,,...,..........................
ဆေးခန်းဖွင့်ချိန်
မနက် ၈ နာရီမှ ၁၁ နာရီအထိ
ညနေ ၄ နာရီမှ ၆ နာရီအထိ

20/11/2021

Heat Stroke in Dogs
==============
Heat Stroke ဆိုတာက အာဝုတွေရဲ့ ခန္ဓာကိုယ်အပူချိန် ရုတ်တရက် တတ်လာတာ ဖြစ်ပါတယ် (မြန်မာလိုဆို အပူရှပ်တယ်လို့ပဲ ခေါ်မလားပဲ)
အာဝုတွေရဲ့ သာမန်ကိုယ်အပူချိန်က 100'F-102'F ရှိပါတယ်
Heat Stroke ရသွားပြီဆိုရင် 103'F-107'F လောက်ထိ မြင့်တက်သွားနိုင်ပါတယ်
အသက်ရှူမဝခြင်း၊ အသက်ရှူမြန်ခြင်း၊ သွားဖုံး/လျှာ အရ​ောင်ပြောင်းသွားခြင်း၊ သတိလစ်မေ့မြောခြင်း စတဲ့ လက္ခဏာတွေ ချက်ချင်းပြပါတယ်
ဘယ်လို အခ​ြေအနေမှာ Heat Stroke ရနိုင်လဲ??????
၁။ ရုတ်တရက် အပူအအေးပြောင်းလဲရင်
ဥပမာ - အေးနေတဲ့ နေရာကနေ အလုံပိတ်ပြီးနေပူထဲထားတဲ့ ကားထဲကို ရုတ်တရက် ဝင်မိရင်
၂။ ရာသီဥတု အရမ်းပူနေရင်
(နေပူထဲမှာ ပြေးလွှားဆော့ကစားမိရင်)
၃။ နှုတ်သီးတိုပြီး မျက်နှာပြားတဲ့ Dog Breeds မျိုးတွေ အဖြစ်များတတ်တယ်
ဥပမာ - Flat faced dogs such as Pugs, Boxers, Bulldogs
၄။ ရောဂါအခံတစ်ခုခုကြောင့် စတဲ့ အကြောင်းတရားတွေကြောင့် ဖြစ်တတ်ပါတယ်
သင့်ရဲ့ အာဝုမှာ Heat Stroke မဖြစ်အောင် အပေါ်မှာ ရေးထားတဲ့ အချက်တ​ွေကို ဖတ်ပြီး သတိထားသင့်ပါတယ်
အကယ်၍ ဖြစ်လာလျှင် ဘာလုပ်မလဲ
# တိကု ဆရာဝန်နှင့် အမြန်ဆုံးပြပါ
# တိကု ဆရာဝန် မရှိလျှင် အာဝုရဲ့ ခန္ဓာကိုယ် အပူချိန်ကို အမြန်ဆုံးကျအောင်လုပ်ပေးပါ (ရေပတ်အဝတ်တိုက်ပေးခြင်း၊ ရေလောင်းပေးခြင်း၊ ရေခဲကပ်ပေးခြင်း)
# အာဝုတို့အတွက် ဓာတ်ဆားထုပ် အမြဲဆောင်ထားပေးပါ၊ တိုက်ပေးပါ
Heat Stroke က အသက်အန္တရာယ် စိုးရိမ်ရလား?????
စိုးရိမ်ရပါတယ်ရှင့်
သူ့ရဲ့ နောက်ဆက်တွဲ ပြဿနာများလည်း ရှိတတ်ပါတယ်
ပူပြင်းတဲ့ ရာသီဥတုတွေမှာ သတိထားပေးကြပါရှင့်

YAMH
20.11.2021

19/10/2021

20.10.2021 သီတင်းကျွတ် လပြည့်နေ့ တစ်ရက်နှင့်
26.10.2021 (အင်္ဂါနေ့) တစ်ရက် ဆေးခန်းပိတ်ပါသည်ရှင့်

အလှမွေးထားတဲ့ ယုန်တွေ ကြွက်တွေ Hamster တွေကို သန်ချပေးစရာလိုလား??Answers;လိုပါတယ်ယုန် ကြွက် Hamster တွေမှာလည်း အခြားသတ္တ...
10/10/2021

အလှမွေးထားတဲ့ ယုန်တွေ ကြွက်တွေ Hamster တွေကို သန်ချပေးစရာလိုလား??
Answers;
လိုပါတယ်
ယုန် ကြွက် Hamster တွေမှာလည်း အခြားသတ္တဝါတွေလို ကိုယ်တွင်းမှာ ကပ်နေတဲ့ ကပ်ပါးကောင်နဲ့ ခန္ဓာကိုယ်ပြင်ပမှာ ကပ်နေတတ်တဲ့ ကပ်ပါးကောင်တွေ ရှိနေတတ်ပါတယ်
အဲ့လိုရှိနေရင် ဘာအကြောင်းမှန်းမသိ ရုတ်တရက်သေဆုံးတာတို့ သူတို့ရဲ့ စအိုဝကို မြေကြီးနဲ့ ပွတ်နေတာတို့ တစ်ခါတရံ မစင်ထဲမှာလည်း သန်ကောင်တွေပါလာတာတို့ တွေ့ရတတ်ပါတယ်
ဒါ့ကြောင့်နားလည်တတ်ကျွမ်းသူနဲ့ တိုင်ပင်ပြီး သန်ချဆေးတိုက်ကျွေးတာပြုလုပ်နိုင်ပါသည်။
သူတို့ရဲ့ အခင်း(bedding)ကိုလည်း တစ်ပတ် တစ်ခါ/နှစ်ခါ သန့်ရှင်းရေးပြုလုပ်ပေးပါ။
သန့်ရှင်းသောရေ အစာကို ကျွေးမွေးပါ။
Photo - ကြွက်ဖြူလေးတွေမှာ တွေ့ရတဲ့ သန်ကောင်ရဲ့ဥကို microscope အောက်မှာ ပြထားတာပါ

Address

ဆေးရုံလမ်း၊ အောင်ဆန်း(၂)ရပ်ကွက် ၃ လမ်းထိပ်၊ ကံပွင့်ကွတ်တယိုဆိုင်အနီး
Kyaikto

Opening Hours

Monday 07:00 - 10:00
Tuesday 07:00 - 10:00
Wednesday 07:00 - 10:00
Thursday 07:00 - 10:00
Friday 07:00 - 10:00
Saturday 07:00 - 10:00
Sunday 07:00 - 10:00

Telephone

+959764023866

Website

Alerts

Be the first to know and let us send you an email when ရတနာ အိမ်မွေးတိရစ္ဆာန်ကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share