Ye Naung Jeju Islander

Call Website Contact the business

Ye Naung Jeju Islander JE JU

2026. 11. 04.

စားချင်လွန်းလို့မဟုတ်ပါ
မိန်းမကြောက်လို့ပါ😁😁😁
#အုန်းနို့ခေါက်ဆွဲ
#စားမယ်
#စားကြမယ်

ကိုရီးယားကြက်ကြော်ကိုရီးယားမှာ ကျွန်တော် ဒီကြက်ကြော်တော့ အတော်ကြိုက်တယ်ဗျ ။မြန်မာတွေပါးစပ်နဲ့လဲ ကိုက်မယ်လို့ထင်တယ် ။ချို...
2026. 11. 04.

ကိုရီးယားကြက်ကြော်
ကိုရီးယားမှာ ကျွန်တော် ဒီကြက်ကြော်တော့ အတော်ကြိုက်တယ်ဗျ ။မြန်မာတွေပါးစပ်နဲ့လဲ ကိုက်မယ်လို့ထင်တယ် ။ချိုချိုစပ်စပ်မွှေးမွှေးလေး ချိုတာကအရမ်းအချိုကဲတာလဲမဟုတ်ဘူး ငရုတ်သီးစိမ်းလေး နဲ့ အတော်လေးကောင်းတာ
နည်းသာသိရရင် မြန်မာပြည်ပြန်ရောက်ရင်
အဲ့လိုလုပ်ရောင်းချင်သား ။
အခုစားတဲ့ဆိုင်ဆို အတော်ရောင်းကောင်းတာ
လက်မလည်ဘူး။ တခြားအရသာတွေလဲရှိတယ်ဗျ။
ဒါပေမယ့် ကျွန်တော်ကတော့ ဒီအရသာလေးအတော်ကြိုက်ကြိုက်ဘဲ။ ရေညှိထမင်းလိတ်ကတော့ မိန်းမလက်ယာပေါ့ဗျာဟဲဟဲ
ဒါနဲ့စကားမစပ် စားကြပါအုန်း😁😁😁။
#ကြက်ကြော်
#ကိုရီးယား
#ကိုရီယားကြက်ကြော်

2026. 11. 03.

အာပေတူးလေးအိုဝေါရီ

ရေမချိုးရသေးတာတောင်လှနေတယ်ဆိုတာ သူပေါ့😁 မအားတာနဲ့ရာသီဥတုအေးတာနဲ့ရေမချိုးပေးဖြစ်သေးတာတောင် သူက အလှမပျက်ဘူးကိုယ်တွေနဲ့များကွာပါ့😂😂

#အိုဝေါရီ

အုန်းနို့ခေါက်ဆွဲကောင်းမှကောင်း🍜🍜🍜ကိုရီးယားရောက်ကတည်းကမြန်မာစာလေးတွေ ငတ်ခဲ့သမျှအခုမိန်းမရောက်မှဘဲ ရှယ်ဆွဲနေရတော့တယ်ဗျို့...
2026. 11. 03.

အုန်းနို့ခေါက်ဆွဲကောင်းမှကောင်း🍜🍜🍜
ကိုရီးယားရောက်ကတည်းက
မြန်မာစာလေးတွေ ငတ်ခဲ့သမျှ
အခုမိန်းမရောက်မှဘဲ ရှယ်ဆွဲနေရတော့တယ်ဗျို့
စကားမစပ် စားကြပါအုန်းဗျ🤤🤤🤤ရှယ်ဘဲဗျာ🫠

#အုန်းနို့ခေါက်ဆွဲ
#ကောင်းမှကောင်း

အသားဆိုင်မပို့ခံရမယ့်မြင်းများ အရင်တရက်ကအသားဆိုင်အပို့ခံရတဲ့မြင်းအကြောင်းတင်တော့တော်တော်များများကမတင်စေချင်ကြဘူး။တကယ်တော...
2026. 11. 02.

အသားဆိုင်မပို့ခံရမယ့်မြင်းများ

အရင်တရက်ကအသားဆိုင်အပို့ခံရတဲ့
မြင်းအကြောင်းတင်တော့တော်တော်များများက
မတင်စေချင်ကြဘူး။
တကယ်တော့အဲ့ထက်ဆိုးတဲ့အခြေအနေတွေနဲ့တောင်ကျွန်တော်ကြုံဘူးတယ်ဗျ။
အဲ့အကြောင်းတွေပါပြောပြချင်တာ။
အတန်းရှင်းရှာတာတို့ likeတွေComment တွေ
လိုချင်တာလို့ထင်ကြတယ်။
အတန်းရှင်းရှာတာကမဟုတ်တာကိုအဟုတ်
ပြောပြီးAIတွေနဲ့လုပ်ဟုတ်သယောင်တွေတင်ပြီး
လူတွေကိုအမြင်ဝေဝါးအောင်တင်တာမျိုး နဲ့
အမှန်မဟုတ်ဘဲ ဖိန့်တွေသုံးပြီးချပြတာမျိုးပါ။

ကျွန်တော်တင်သမျှပိုစ့်အားလုံးက လူစိတ်ဝင်စားချင်မှစိတ်ဝင်စားလိမ့်မယ် အကုန်အစစ်အမှန်တွေကြီးဘဲ။
ကျွန်တော်ဘာလို့ပြောပြချင်လဲဆိုရင်ဘယ်လိုတွေ
လည်ပတ်နေကြလဲဆိုတာသိစေချင်လို့ပါ။
သံဝေဂယူနိင်အောင်ပါ။လောကမှာဒါမျိုးတွေလဲရှိပါလားဆိုပြီးကုသိုလ်လုပ်ဖို့လဲသတိရစေချင်တဲ့
သဘောလဲပါတယ်ဗျ။
ဘယ်သူ့ကိုမှစိတ်ညစ်အောင်တင်တာမျိုးလဲ
မဟုတ်သလိုတယောက်ယောက်ကိုဘယ်လိုဖြစ်ပါစေညာလိုဖြစ်ပါစေကျိမ်တာမျိုးလဲမဖြစ်စေချင်ဘူးဗျမတင်စေချင်ကြတော့နောက်မတင်တော့ပါဘူး။

အခုအောက်မှာတင်ထားတဲ့ပုံထဲကမြင်းတွေကတော့အသားဆိုင်မရောက်မယ့်မြင်းတွေပါ။
ညာဘက်ကမြင်းသိုးလေးကတော့မနှစ်က
အမေရိကန်ကရောက်တဲ့ဝမ်သိန်း(၆၀၀၀)တန်မြင်းသိုးလေးပါ။သူရောက်ပြီး၆လအတွင်းမြင်းမအကောင်(၅၀)ကျော်သားတင်ရတဲ့မြင်းသိုးလေးပါ။ဘယ်ဘက်ကမြင်းသိုးကြီးကတော့အသက်(၁၈)နှစ်ဝန်းကျင်ရှိပြီးသားတင်ကြေး
ကိုရီးယားဝမ်သိန်း(၁၀၀)ပေးရတဲ့နာမည်ကြီးမြင်းသိုးကြီးပါ။
မြင်းသိုးတွေကတော့သားတင်မယ့်သူမရှိရင်တောင်လိုချင်သူရှိရင်ပေးလိုက်ပါတယ်။ကျွန်တော်ရောက်ပြီးမှပေးလိုက်တာ
(၂)ကောင်ရှိပါပြီ။
အသက်ကြီးတဲ့အသိုးကြီးကတော့တော်တော်နဲ့
ပေးပစ်မယ်မထင်ဘူးဗျ။
သူကမျိုးတော်တော်လေးကောင်းတယ်လေ။

နောက်လဲကြုံရင်ကြုံသလိုအသားဆိုင်မရောက်မယ့်မြင်းတွေအကြောင်းတင်ပေးပါအုန်းမယ်ဗျ။

ကျွန်တော်တင်တဲ့ပိုစ့်ကြောင့် စိတ်ထိခိုက်ကြရတယ်ဆိုရင် တောင်းပန်ပါတယ်။
အခြေနေမှန်ကို Sharing လုပ်ပေးရုံသပ်သပ်ပါ။

အားပေးသူ တစ်ယောက်ချင်းစီတိုင်းကို
ကျေးဇူးအထူးတင်ရှိပါတယ်ဗျ။

#ကျေးဇူးပါ
#ဗဟုသုတ
#တိချစ်သူများ

အိုဝေါရီတကောင်အခုတလောကျွန်တော့်ကိုသစ္စာဖောက်နေပါတယ်ဗျို့ 🐶🐶🐶 ကျွန်တော်အလုပ်လုပ်နေချိန်ဆိုသူ့ကိုပွတ်သတ်မပေးနိင်ဘူးလေအဲ့တေ...
2026. 11. 01.

အိုဝေါရီတကောင်အခုတလောကျွန်တော့်ကိုသစ္စာဖောက်နေပါတယ်ဗျို့ 🐶🐶🐶

ကျွန်တော်အလုပ်လုပ်နေချိန်ဆိုသူ့ကိုပွတ်သတ်မပေးနိင်ဘူးလေအဲ့တော့သူကကျွန်တော့မိန်းမနားသွားမုန့်လေးစားလိုက်၊တော်ကြာပွတ်သတ်ခံလိုက်နဲ့ဟန်ကျနေတာ😔

ဆရာသမားကကျွန်တော်အလုပ်သွားရင်
အရင်ကဆိုတန်းလိုက်နေကြ၊အခုဆိုချက်ချင်း
လိုက်တော့ဘူးဗျာ🤧အမယ်ကျွန်တော်အားလောက်
မယ့်ချိန်ကျမှန်းပြီးလာတယ်ဗျ လည်ချက်ကတော့
အခုအားတုန်းလေးမုန့်နဲ့ပြန်ဖားနေရတယ်ဆရာ့ကို
ဒါပေမယ့်လဲကျေနပ်ပါတယ်သူပျော်နေတာဆိုတော့။သူအရင်လိုပျင်းမနေရတော့ဘူးပေါ့။
အမှန်တော့စတာပါသူကတကယ်လိမ္မာပြီး
တကယ်သစ္စာရှိတဲ့ကောင်လေးပါ။
သူအရမ်းချစ်ပါတယ်ဆိုတဲ့သူ့သခင်မ
လာရင်တောင်ကျွန်တော့်ဆီပြေးလာပြီးတွေ့သေးတာ ပြီးမှသာသူ့သခင်မဆီသွားတာ။တော်တော်လေးနားလည်တဲ့ကောင်လေး။
တကယ်တချို့လူတွေထပ်တောင်အသိတရားရှိတယ်။သူ့အပေါ်ကောင်းမှန်းဆိုးမှန်းသေချာသိတယ်။အရမ်းဥာဏ်ကောင်းတဲ့အိုဝေါရီလေးပါ🥰🥰🥰
#တိချစ်သူများ
#အိုဝေါရီ
#ခွေး

🥺🥺အသားဆိုင်ပို့ခံရတဲ့မြင်းမကြီး 🥺🥺ဒီမြင်းမကြီးကကိုယ်တိုင်လဲအပြေးကောင်းခဲ့သလို။သူမွေးတဲ့သားသမီးတွေလဲပထမဆုတွေမရတောင်ဒုတိယတ...
2026. 10. 31.

🥺🥺အသားဆိုင်ပို့ခံရတဲ့မြင်းမကြီး 🥺🥺

ဒီမြင်းမကြီးကကိုယ်တိုင်လဲအပြေးကောင်းခဲ့သလို။
သူမွေးတဲ့သားသမီးတွေလဲပထမဆုတွေမရတောင်ဒုတိယတတိယတွေရခဲ့တယ်။အခုသားမဖွါးနိင်တော့အသားဆိုင်ကလာခေါ်သွားပြီ။
ကျွန်တော်သာခေါ်ထားလို့ရရင် ခေါ်ထားလိုက်ချင်ပေမယ့် ဘာမှမတတ်နိုင်ဘူးဗျာ။ အဲ့လိုတွေမြင်ရတိုင်းရင်ထဲမကောင်းလှဘူး။
သတ္တဝါတိုင်းတနေ့ ဘဝနိဂုန်းချုပ်ရတာမှန်ပေမယ့်
ခုလိုနဂုန်းမျိုးကတော့အဆင်မပြေလှဘူး။
ဘယ်သူ့ကိုမှ အခုလိုတွေ မဖြစ်စေချင်ဘူးဗျာ
လူဘဲဖြစ်ဖြစ် တိရိစ္ဆာန်ဘဲ ဖြစ်ဖြစ်ပေါ့။
ဘဝနိဒါန်းလှကြသလိုဘဝနိဂုန်းလေးလဲလှကြပါစေ။🥺🥺🥺
#မြင်း
#တိချစ်သူများ

2026. 10. 30.

ဂျယ်ဂျူညခင်းမှာ ပင်လယ်ကြီးရဲ့လှိုင်းခတ်သံရယ် အပျော်တမ်းငါးမျှားတဲ့သူရယ် ငါးဖမ်းလှေတွေရဲ့မီးရောင်တွေနဲ့ လိုက်ဖတ်ညီနေလိုက်တာ ကဗျာဖွဲ့တတ်သူအတွက်ဆို ကဗျာကောင်း
တပုဒ်ဖွဲ့လို့ရနိင်လောက်အောင် ညိမ့်ညောင်းသာယာလှပါပေတယ်။ကဗျာဖွဲ့တတ်သူရှိရင်တပုဒ်
လောက်ရေးခဲ့ပေးပါလားဗျ အပျော်ပေါ့ ။
#ငါးဖမ်း
#ပင်လယ်
#ကဗျာ

2026. 10. 30.

မြိုင်ဟေဝန်တောအတွင်း မျောက်တစ်ကောင်တွေ့ရှိ
#သဘာဝအလှ
#ဟာသ

မြန်မာဆိုတော့ မြန်မာငပိရည် ကြိုက်တာပေါ့😋ငပိရည်ဆိုတာ မြန်မာလူမျိုးတွေရဲ့ ထမင်းဝိုင်းမှာ မပါမဖြစ် အရသာ နဲ့ ပြည့်စုံတဲ့ အဓိ...
2026. 10. 29.

မြန်မာဆိုတော့ မြန်မာငပိရည် ကြိုက်တာပေါ့😋

ငပိရည်ဆိုတာ မြန်မာလူမျိုးတွေရဲ့ ထမင်းဝိုင်းမှာ
မပါမဖြစ် အရသာ နဲ့ ပြည့်စုံတဲ့ အဓိက ဟင်းတစ်မျိုးပေါ့ ဒေသအလိုက်၊ လူမျိုးစုအလိုက် ပြုလုပ်ပုံနဲ့ စားသုံးပုံတွေ ကွဲပြားကြတယ်ဆိုတော့
မိတ်ဆွေတို့ဘယ်လိုလုပ်စားကြလဲမတူတဲ့နည်းလမ်းလေးတွေမျှဝေပေးပါအုန်းဗျ။
ကျွန်တော်တို့ကတော့ ကြက်သွန်ဖြူနီငရုတ်သီးစိမ်း
အိုးကင်းပူတိုက်၊ညက်အောင်ထောင်ပြီးပုဇွန်
ခြောက်အနည်းငယ်ထည့်ဖျော်လိုက်တာဘဲ။
ကြိုက်မကြိုက်ရုပ်ကိုသာရှိုးလိုက်တော့ဗျာ🤣🤣🤣
တို့စရာကတော့ မြန်မာပြည်လိုမစုံဘူးပေါ့။
ဒါနဲ့စကားမစပ် စားကြပါအုန်းဗျ🤤🤤🤤
#ငပိရည်
#ငပိ

Address

63344
Jeju

Alerts

Be the first to know and let us send you an email when Ye Naung Jeju Islander posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ye Naung Jeju Islander:

Shortcuts

Share